ပဲခူးတိုင်း၊ လက်ပံတန်းမြို့၊ မြို့မရပ်ကွက်မှာ မတ်လ၁၂ရက်နေ့က PDF တပ်ရင်းမှု ၁ ဦးကိုစစ်တပ်ကဝင်ရောက်ဖမ်းဆီးသွားတယ်လို့ စုံစမ်းသိရှိရပါတယ်။

အဆိုပါPDFတပ်ရင်းမှုးကိုစစ်တပ်ကအုတ်ဖိုစစ်ကြောရေးမှာဖမ်းဆီးထားပြီးနောက် မျက်လုံး၂လုံးလုံးကိုဖောက်ထုတ်လိုက်တယ်လို့ သတင်းအရင်းမြစ်တစ်ဦးကပြောပါတယ်။

ဖြစ်စဉ်မှာ အဆိုပါPDFတပ်ရင်းမှုးဟာ လက်ပံတန်းမြို့ပေါ်က ‘စပိုင်စီ’ စားသောက်ဆိုင်မှာ အမျိုးသမီး၂ဦးကိုသွားရောက်တွေ့ဆုံစဉ်မှာ စစ်တပ်ဖက်ကသိရှိပြီးဖမ်းဆီးသွားတာဖြစ်ပါတယ်။

အဆိုပါအမျိုးသမီး၂ဦးမှာလဲ စစ်တပ်ဖက်ကလွှတ်ထားတဲ့သူတွေဖြစ်ပြီး PDFတပ်ရင်းမှုးကိုဖမ်းဆီးဖို့ “ငါးစာချထာ” ဟု သတင်းအရင်အမြစ်ကဆက်ပြောပြပါတယ်။

ဖမ်းဆီခံရတဲ့ ‘စပိုင်စီ’ စားသောက်ဆိုင်ဟာလဲ စစ်တပ်ဖက်ကဖွင့်ထားတဲ့ဆိုင်ဖြစ်ပြီး ဒေသခံတွေတောင် အဆိုပါဆိုင်မှာထိုင်ရင်း အဓမ္မစစ်မှုထမ်းနဲ့ဖမ်းဆီးခံရတာတွေရှိတာကြောင့် မသွားကြဘူးလို့ ဒေသခံတစ်ဦးက ပြောပါတယ်။

ဖမ်းဆီးခံရတဲ့ တပ်ရင်းမှုနဲ့အတူ ပစ္စတို ၁ လက်၊ ဗုံးသီး ၃ လုံး၊ ကျည် ၇ တောင့်လည်းပါသွားတယ်လို့သိရပြီး သက်ဆိုင်ရာ တပ်ရင်းတပ်ဖွဲ့ကတော့ အဆိုပါကိစ္စနဲ့ပါတ်စက်ပြီး AAMIJရဲ့မေးမြန်းမှုကိုဖြေးကြားဖို့မရှိသေးကြောင်း အကြောင်းပြန်လာပါတယ်။

(ပဲခူးခရိုင်ပကဖ တိုက်ခိုက်ရေးစစ်ကြောင်းဖွဲ့စည်းခြင်းနှင့် အထူးတိုင်းစစ်ဌာနသို့ စစ်ကြောင်းအပ်နှံခြင်းအခမ်းအနားပြုလုပ်နေစဉ်။ ဓာတ်ပုံ – ပဲခူးခရိုင် ပကဖ)

AAMIJ


Leave a Reply

Your email address will not be published. Required fields are marked *