ပါတဲ့သူတွေဟာ ကံအထူးဆုံးလူသားတွေပါ

ဂမ္ဘီရကြက်ခြေ ပါရှိခြင်းသည် ကောင်းသော အမှတ်အသားတစ်ခုဖြစ်ကြောင်း ကျွန်တော် ထောက်ခံပါသည်။

သို့သော် ဤလက်အမှတ်ပါရှိသူများသည် ဤဘဝတွင် လောကဓံကို အတော်အသင့် ခံစားကြရမည့်သူများ ဖြစ်သည်ဟု အတိအကျ ပြောလိုပါသည်။

သက်သက်သာသာနှင့် ဘာတစ်ခုမျှ အလကားရရှိခြင်း မရှိသလို၊ တစ်ကြိမ်တည်း ကြိုးစားရုံမျှဖြင့်လည်း အဆင်မပြေတတ်ပေ။

အနည်းဆုံး နှစ်ကြိမ် ကြိုးစားအားထုတ်ရသူများ ဖြစ်ပါသည်။

ဂမ္ဘီရကြက်ခြေ ပါရှိသူများ၏ ထူးခြားချက်များမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။

၁. အများအကျိုးဆောင် : လူပင်ပန်း၊ စိတ်ပင်ပန်းခံကာ အများအတွက် ဆောင်ရွက်ပေးရသူများ ဖြစ်သည်။

၂. အားကိုးခံရသူ : လူအများ၏ အားကိုးအားထား ခံကြရသူများ ဖြစ်သည်။

၃. အိပ်မက်ထူး : ထူးဆန်းသော အိပ်မက်များကို မြင်မက်လေ့ရှိသည်။

၄. ရင်းနှီးမှု့အထူး : တစ်ခါမျှ မရောက်ဖူးသော နေရာသို့ ရောက်သွားလျှင်ပင် ရင်းနှီးပြီးသားလို ခံစားရတတ်သည်။

၅. သန့်ရှင်းမှု့အထိအခိုက်ခံနိုင်မှု : မသန့်ရှင်းသော နေရာ သို့မဟုတ် အသုံးအဆောင်တစ်ခုခုနှင့် ကြုံတွေ့ပါက စိတ်ကသိကအောက် ဖြစ်တတ်ကာ ဓာတ်ပြင်းသူများဆိုလျှင် ယားယံခြင်းပင် ဖြစ်တတ်သည်။

၆. လူ့သဘောကို ပေါက်မြင်ခြင်း : လူတစ်ဦးကို တွေ့လိုက်သည်နှင့် မသိစိတ်က ပုံဖော်မိပြီး လူကောင်း ဟုတ် မဟုတ် ချက်ခြင်း သိနိုင်စွမ်းရှိသည်။

၇. ဓာတ်ကူနိုင်စွမ်း : ဓာတ်ပြင်းသူများဆိုပါက စုန်း၊ တစ္ဆေပူးသူအနီးသို့ ရောက်ရှိသွားရုံမျှဖြင့် ထိုသူ၏ရောဂါ ပျောက်ကင်းတတ်သည်။

၈. မွေးမြူရေးအဆင်မပြေ : မွေးမြူရေးလုပ်ငန်း လုပ်ဆောင်ပါက အရင်းပြုတ်တတ်သည်။

၉. အကုသိုလ်အလုပ်အကျိုးမပေး : အကုသိုလ်အလုပ်မျိုး လုပ်ဆောင်ပါက အကျိုးမပေးတတ်ပေ။

၁၀. မတော်တဆမှုမျိုးစုံကြုံရ : မီးလောင်ခြင်း၊ ရေနစ်ခြင်း၊ ဓာတ်လိုက်ခြင်း စသည့် မတော်တဆမှုမျိုးစုံ ကြုံတွေ့ရတတ်သည်။

၁၁. အိမ်ထောင်ရေးသာယာမှုနည်း : အိမ်ထောင်ရေးသာယာမှု နည်းပါးပြီး ကွဲကွာခြင်း (သို့) ခွဲနေရခြင်းမျိုး ကြုံရတတ်သည်။

၁၂. အခက်အခဲမှ ကယ်တင်သူ : အခက်အခဲများစွာ ကြုံလာရပြီး နောက်ဆုံးအချိန်တွင် ကူညီမည့်သူ ပေါ်လာတတ်သည်။

၁၃. အချုပ်အနှောင် ကြုံရ : အချုပ်အနှောင် သဘောမျိုး ကြုံရတတ်သည်။

၁၄. သွားပုပ်လေလွင့်ခံရ : လူအများ၏ ကဲ့ရဲ့ပြောဆိုခြင်း ခံရတတ်သည်။

၁၅. နေဝင်ချိန်မှ ချမ်းသာ : ဘဝနေဝင်ချိန် (အိုမင်းချိန်) တွင်မှ ဥစ္စာချမ်းသာ၊ တရားအသိချမ်းသာကို ရရှိသည်။

၁၆. အရွယ်ရောက်မှ အေးချမ်း : ပထမ၊ ဒုတိယ၊ တတိယအရွယ်များတွင် ဒုက္ခခံစားရပြီး စတုတ္ထအရွယ်တွင်မှ အေးချမ်းရသည်။ ဤသည်ကို ကောင်းသည်ဟု ပြောမလားမေးလျှင် ကောင်းသည်ဟုပင် ဖြေပါမည်။

နိဂုံးချုပ် အဆုံးအဖြတ်

ဤဂမ္ဘီရကြက်ခြေ လက်ပိုင်ရှင်များသည် အနည်းဆုံး သောတာပန် (မဂ်ဉာဏ်ပထမအဆင့်) သို့ ကူးပြောင်းတော့မည့်သူများ ဖြစ်သည်ဟု ရှေးဟောင်းကျမ်းများက ဆိုထားပါသည်။ သံသရာပြတ်ရန် ငါးဘဝသာ ကျန်တော့သည်ဟု ဆိုလေ့ရှိကြသည်။

ထို့ကြောင့် ဂမ္ဘီရကြက်ခြေ ပါရှိပြီး လောကဓံဒဏ်ကို ခံစားနေရသူများအား ပြောကြားလိုသည်မှာ –

“ဝဋ်ကြွေး အကုန်အဆပ်ခံရအောင် အကြွေးတောင်းခံနေရခြင်း ဖြစ်ပါသည်။ လောကဓံတရားများသည် သင့်အား အတိတ်က အကြွေးများ ဆပ်ခိုင်းနေခြင်းဖြစ်သလို သံသရာမှ ပြတ်ထွက်ရန် တွန်းပို့နေခြင်းလည်း ဖြစ်ပါသည်။”

ထို့ကြောင့် စိတ်ဓာတ်မကျပါနှင့်။

ဤလက်သည် ဘယ်တော့မှ ထမင်းမငတ်သော လက် ဖြစ်သည်။

ကိုယ်စိတ် နားမရဘဲ ပင်ပန်းရမည် ဖြစ်သော်လည်း၊

သူတစ်ပါး၏ လက်ချက်ဖြင့် ဘယ်တော့မှ သေရမည် မဟုတ်ပေ။

မတော်တဆမှုကြောင့်လည်း မသေနိုင်ပေ။

သို့သော် ခွဲစိတ်ကုသမှု ခံယူရမည်မှာ ၁၀၀% နီးပါး သေချာပါသည်။

ဤလက်ကို “သူတော်ကောင်းလက်” သို့မဟုတ် “သူတော်ကောင်းဖြစ်တော့မည့်လက်” ဟု အာမခံပြောရဲပါသည်။

တရားထိုင်လျှင် တရားထူး အမြန်ရမည် ဖြစ်သည်။ ထူးခြားသော ပုဂ္ဂိုလ်များ၊ ဖြစ်စဉ်များကို ကြုံတွေ့ရမည် ဖြစ်သည်။ နိဗ္ဗာန်ကို မြင်နေရပြီ ဖြစ်သည်။ ရောက်ရှိရန် အားထုတ်ရမှာကတော့ မိမိ၏ တာဝန်သာ ဖြစ်ပါသည်။

သူတစ်ပါးများ ဝေးကွာနေသေးသည့် နိဗ္ဗာန်ကို မြင်နေရသော လမ်းပေါ်သို့ ခြေချမိပြီးဆိုလျှင် စိတ်ညစ်စရာ ဘာကျန်ပါသေးသနည်း။

မြန်မြန်သွားလျှင် မြန်မြန်ရောက်မည်၊ နှေးနှေးသွားလျှင် နှေးနှေးရောက်မည်။ ဤမျှသာ ကွာခြားပါတော့သည်။

မိတ်ဆွေအားလုံး စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းနှင့် ပြည့်စုံကြပါစေ။

ဘဘဦးဖိုးနီ


Leave a Reply

Your email address will not be published. Required fields are marked *