Author: Baby Yit Lone
-

စစ်ကော်မရှင်၏ ရွေးကောက်ပွဲကို အားပေးထောက်ခံသွားမည်ဟု UWSA ပြော
စစ်ကော်မရှင်၏ ရွေးကောက်ပွဲကို အားပေးထောက်ခံသွားမည်ဟု UWSA ပြော စစ်ကော်မရှင် ကျင်းပမည့် ရွေးကောက်ပွဲကို အားပေးထောက်ခံသွားမည်ဟု “ဝ”ပြည်သွေးစည်းညီညွတ်ရေးတပ်မတော်(UWSA)၏ လားရှိုး မြို့ဆက်ဆံရေးရုံး တာဝန်ခံ ဦးညီရမ်းက ပြောသည်။ ယမန်နေ့ (အောက်တိုဘာ ၁၅ ရက်) က နေပြည်တော်တွင် ပြုလုပ်သည့် တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး စာချုပ် (NCA) လက်မှတ်ရေးထိုးခြင်း (၁၀)နှစ်ပြည့်အခမ်းအနား၌ မီဒီယာများ၏ မေးမြန်းမှုတွင် ပြောဆိုလိုက်ခြင်းဖြစ်သည်။ “ရွေးကောက်ပွဲကို ကျွန်တော်တို့ “ဝ” အဖွဲ့ အနေနဲ့ အားပေးထောက်ခံသွားမယ်ဆိုတဲ့ မက်ဆေ့ ပေးလိုပါတယ်။ တခြားမီဒီယာတွေ၊ တချို့ရေးတာတွေက မမှန်ပါဘူး။ ဒီကိစ္စနဲ့ ကျွန်တော်တို့ အားပေးထောက်ခံသွားမယ်ဆိုတဲ့ မက်ဆေ့လဲ ကျွန်တော်တို့ ဗဟိုဌာနချုပ်အနေနဲ့လည်း ထုတ်ပြန်ခဲ့ပြီးသားပါ”ဟု “ဝ”ပြည်သွေးစည်းညီညွတ်ရေးတပ်မတော်(UWSA)၏ လားရှိုးမြို့ ဆက်ဆံရေးရုံး တာဝန်ခံ ဦးညီရမ်းက ပြောသည်။ ထို့အပြင်…
-

ပုဗ္ဗသီရိမြို့နယ်၌ ၈ တန်းကျောင်းသား ၁ ဦး ဆွဲကြိုးချ သေဆုံး
နေပြည်တော်ကောင်စီနယ်မြေ၊ ပုဗ္ဗသီရိမြို့နယ်၊ ဖြုတ်ခွဲကျေးရွာမှာ အောက်တိုဘာ ၁၆ ရက် မနက်အစောပိုင်းက အသက် ၁၄ နှစ်အရွယ် ၈ တန်းကျောင်းသားတယောက် မိမိကိုယ်ကိုယ် ဆွဲကြိုးချ သေဆုံးခဲ့တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။ တရွာတည်းနေ ကုန်စုံဆိုင်တဆိုင်ကနေ ပိုက်ဆံခိုးယူတဲ့ကိစ္စနဲ့ လူအများရှေ့မှာ မိဘဖြစ်သူက ပြောဆိုဆုံးမခဲ့တာကြောင့် အရှက်ရပြီး မိဘတွေ တောင်ယာထဲမှာ ငရုတ်သီးသွားခူးနေတဲ့အချိန် မိမိကိုယ်ကိုယ် ဆွဲကြိုးချ သတ်သေသွားတာလို့ မြို့ခံတယောက်က ပြောပါတယ်။ “ပြီးခဲ့တဲ့တပတ်လောက်က ရွာထဲက ကုန်စုံဆိုင်ကနေ ပိုက်ဆံနှိုက်တယ်။ ပိုင်ရှင်က မိဘတွေ တိုင်တော့ လူအများရှေ့မှာ ဆုံးမတာပေါ့။ သားသမီးကို စိုးရိမ်ပြီး ဆုံးမတာ မှန်ပေမဲ့ လူပုံအလယ်မှာဆိုတော့ ရှက်တာပေါ့။ အိမ်ထဲက မထွက်ဘူး။ ဒီနေ့မနက် မိဘတွေ ငရုတ်သီး သွားခူးတဲ့အချိန် ဆွဲကြိုးချ သတ်သေသွားတာ။…
-

အာဏာရှင်တို့၏ လက်စွဲတော် လက်မရွံ့ ဦးခင်ရီ
အာဏာပိုင်က အလိုရှိလျှင် ဘယ်အရာမှ နောက်မတွန့်သူ၊ ဒီမိုကရေစီရေး လှုပ်ရှားသူများအပေါ် ကောက်ကျစ်သည့် နည်းပေါင်းစုံသုံးလျက် အသက်ရန်ရှာရန် ဝန်မလေးသူ ဦးခင်ရီက စစ်ကောင်စီ ထောက်တိုင်ပါတီတွင် ဥက္ကဋ္ဌရာထူး ရလျှင်ရချင်း ဘီလူးဆိုင်းတီး၍ ထွက်လာသည်။ ကြံ့ခိုင်ရေးပါတီဟု လူသိများသည့် စစ်တပ်ကျောထောက်နောက်ခံ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) က သူ့ကို ခေါင်းဆောင်အဖြစ် အတည်ပြုပေးလိုက်သည့် နှစ်ရက်တာ နေပြည်တော်ညီလာခံအပြီး အောက်တိုဘာ ၅ သတင်းစာရှင်းလင်းပွဲတွင် ၎င်းက ယခုလို ကြုံးဝါးသည်။ “ကျွန်တော်တို့ လက်ထဲမှာ လက်နက်မရှိဘူး မှန်တယ်။ လက်နက်ရှိမှ တုံ့ပြန်လို့ရတာ မဟုတ်ဘူး။ ဒါ မိမိကိစ္စဆိုတော့ ကျွန်တော် အသေးစိတ်တော့ မပြောတော့ဘူး။ ကျွန်တော်တို့မှာ စီမံချက်တွေရှိတယ်” အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ထပ်မံအနိုင်ရသည့် ၂၀၂၀ ရွေးကောက်ပွဲမကျင်းပမီကတည်းက စစ်ခေါင်းဆောင်ကို…
-

စစ်တပ်၏ ပွိုင့် ၆၆၆ စခန်းကုန်းကို AA က တိုက်ခိုက်သိမ်းပိုက်
ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်ရှိ စစ်တပ်၏ ပွိုင့် ၆၆၆ စခန်းကုန်းကို AA က တိုက်ခိုက်သိမ်းပိုက်လိုက်ပြီး နတ်ရေကန်ဗျူဟာကုန်းကိုလည်း အပြီးသတ် သိမ်းပိုက်နိုင်ရေး ထိုးစစ်ဆင်နေ စစ်တွေမြို့အနီးတွင်လည်း တိုက်ပွဲများ ပြင်းထန် ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်ရှိ စစ်တပ်၏ ပွိုင့် ၆၆၆ စခန်းကုန်းကို AA က တိုက်ခိုက်သိမ်းပိုက်လိုက်ပြီး နတ်ရေကန်ဗျူဟာကုန်းကိုလည်း အပြီးသတ် သိမ်းပိုက်နိုင်ရေး ထိုးစစ်ဆင်နေကြောင်း AA က ယမန်နေ့ ညပိုင်း သတင်းထုတ်ပြန်သည်။ အောက်တိုဘာလ ၁၄ ရက်နေ့ နံနက် ၉ နာရီ ၅ မိနစ်အချိန် ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်၊ ပုဂံဂွေ့ (ပန်းကန်ကွဲ) ကျေးရွာတောင်ဘက်အနီးတွင် ရှိနေသော စစ်တပ်၏ ၆၆၆ ပွိုင့်ကုန်းကို စတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီးနောက် ၃ နာရီခန့်အကြာ သုံးဖက်သုံးတန်မှ…
-

ထင်တဲ့အတိုင်းအနံထွက်လာပီ
မိသားစု ၅ ယောက် ၁၀၂၇ ဒုတိယလှိုင်းစခါနီး အချိန်မှာ မိသားတစုလုံး အသတ်ခံရတာရယ်။ မအလတပ်မှာ သားအကြိီးဆုံးကဗိုလ်မှူး ရပ်ကွက်ထဲမှာ ခြံအကျယ်ကြီးနဲ့ စာသောက်ဆိုင်ကြီး ဟန်ပြဖွင့်ထားတယ် တကယ်တမ်းက လောင်းကစားဒိုင်လုပ်တာ။ သူတို့နေတဲ့ အိမ်နဲ့သိပ်မဝေးတဲ့ တောင်ကုန်းလေးမှာ စခတွေထိုင်တဲ့ ကာကင်းစခန်းကုန်းရှိတယ်။ စစ်ငွေ့ကသန်းတော့ သူခိုးကပူ သူခိုးပူလို့ဆိုပီး ဗိုလ်မှူးအဖေဆိုတဲ့သူက စခန်းကုန်းပေါ်ကို သွားတိုင်တယ်တဲ့။ တချို့ပြောတာတော့ သူတို့အိမ်ကိုလုံခြုံရေးပေးဖို့ သွားပြောတာတဲ့။ ဗိုလ်မှူးအဖေက စခန်းပေါ်ကအရာရှိကို ဘာသွားပြောခဲ့တယ်မသိဘူး အကြီးအကျယ် စကားများကြတယ်လို့ ကြားတာပဲ။ ညပိုင်းမှာသူတို့အိမ်ထဲ သေနတ်ပစ်သံတွေ အော်ဟစ်ငိုယိုသံတွေ ကြားတာပါပဲ။ ဘယ်သူမှ မသွားကြည့်ရဲဘူး။ နောက်ရက်လည်းကြရော ၁၀၂၇မြို့သိမ်းတိုက်ပွဲကြီး စပါရောလား။ စစ်ပွဲက ၁၀ရက်ကျော်လောက် ကြာတော့အဲ့မိသားစုအိမ်က အပုတ်နံ့တွေ တစ်ထောင်းထောင်းထွက်။ စစ်ဖြစ်နေတော့ ဘယ်သူမှအလောင်းတွေကို မကောက်ရဲဘူးလေ။ စစ်ပီးသွားတော့မှ အလောင်းတွေကို…