Author: Baby Yit Lone

  • ပြွန်တန်ဆာမြို့၊ မြို့မ ၁ ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ ပျူစောထီးခေါင်းဆောင် စစ်မှုထမ်းဟောင်း လှသောင်း နေအိမ်တွင် ပစ်ခတ်ခံရပြီး သေဆုံး

    ပြွန်တန်ဆာမြို့၊ မြို့မ ၁ ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ ပျူစောထီးခေါင်းဆောင် စစ်မှုထမ်းဟောင်း လှသောင်း နေအိမ်တွင် ပစ်ခတ်ခံရပြီး သေဆုံး

    ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ ညောင်လေးပင်မြို့နယ်၊ ပြွန်တန်ဆာမြို့၊ မြို့မ ၁ ရပ်ကွက် စစ်တပ် ခန့်အုပ်ချုပ်ရေးမှူး၊ ပျူစောထီးခေါင်းဆောင် စစ်မှုထမ်းဟောင် လှသောင်းမှာ နေအိမ်အတွင်း ဝင်ရောက်ပစ်ခတ်ရှင်း လင်းခဲ့ရာ သေဆုံးသွားကြောင်း 9 Star Underground Force – Bago Region တပ်ဖွဲ့မှ တာဝန်ရှိသူ က ပြောကြားသည်။ ယနေ့ ဇန်နဝါရီလ ၁၂ ရက် နံနက် ၅ နာရီ ၃၀ မိနစ်အချိန် ညောင်လေးပင်မြို့နယ်၊ ပြွန်တန်ဆာမြို့၊ မြို့မ ၁ ရပ်ကွက်၊ စစ်တပ်ခန့်အုပ်ချုပ်ရေးမှူး ပျူစောထီးခေါင်းဆောင် လှသောင်းကို နေအိမ်အတွင်း ဝင်‌ ရောက်ပစ်ခတ်ရှင်းလင်းခဲ့ရာ နေရာမှာပင် ကျည် ၃ ချက်ထိမှန်ကာ ပွဲချင်းပြီးသေဆုံးသွားကြောင်း သိရသည်။ “သူက အိမ်အောက်ထပ်က…

  • ပဲနွယ်ကုန်းမြို့တွင် စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်

    ပဲနွယ်ကုန်းမြို့တွင် စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်

    ပဲနွယ်ကုန်းမြို့တွင် စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်မှု ဗိုလ်မှူး ၁ ဦး အပါအဝင် ၂၀ သေဆုံးပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိ၊ စစ်တပ်စစ်ကြောင်း ကစဉ့်ကလျား ထွက်ပြေး ပဲခူးတိုင်း၊ ကျောက်တံခါးမြို့နယ်၊ ပဲနွယ်ကုန်းမြို့တွင် စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်မှု ဗိုလ်မှူး ၁ ဦး အပါအဝင် ၂၀ သေဆုံးပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မ တော်၊ အမှတ် ၂ စစ်ဆင်ရေးနယ်မြေမှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။ ဇန်နဝါရီလ ၁၂ ရက်နေ့ ပဲခူးတိုင်း၊ ကျောက်တံခါးမြို့နယ်၊ ပဲနွယ်ကုန်းမြို့၊ ရန်ကုန် – မန္တလေးလမ်းဟောင်းအနီးရှိ ကြိမ်ခါးကုန်းကျေးရွာသို့ စစ်ကြောင်းထိုးဝင်ရောက်လာသည့် အကြမ်းဖက်စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်တပ်ဘက်မှ စစ်ကြောင်းမှူး ဗိုလ်မှူးအဆင့်ရှိသူ ၁ ဦး အပါအဝင် ၂၀ ဦးသေဆုံးခဲ့ပြီး…

  • ဖလမ်းမြို့နယ်က တိုက်နယ်ဆေးရုံကို စစ်တပ် ဗုံးကြဲ

    ဖလမ်းမြို့နယ်က တိုက်နယ်ဆေးရုံကို စစ်တပ် ဗုံးကြဲ

    ချင်းပြည်နယ်၊ ဖလမ်းမြို့နယ် သီးဘွာလ်ကျေးရွာတိုက်နယ်ဆေးရုံကို အာဏာသိမ်းစစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ချင်းအမျိုးသားကာကွယ်ရေးတပ်(CNO/CNDF) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းတင်မီက ပြောပါတယ်။ ဇန်နဝါရီ ၁၁ ရက်ညပိုင်းမှာ တိုက်နယ်ဆေးရုံဗုံးကြဲခံရတာဖြစ်ပါတယ်။ “အထိအခိုက်တော့ မရှိပါဘူး။ ဒါပေမဲ့ အိမ်ပျက်စီးတဲ့ဟာတော့ရှိတာပေါ့။ တိုက်နယ်ဆေးရုံက အကုန်လုံး ပျက်စီးသွားတယ်။ နောက်ပြီး ဆေးရုံဝန်းထဲမှာ ရှိတဲ့ အဆောက်အအုံတွေလည်းပျက်စီးတယ်။ ပြည်သူ အဆောက်အအုံကတော့ တအိမ်ဘဲ ပျက်စီးတယ်လို့ ကျနော်တို့ သိရတယ်။ တခြားဟာကတော့ နည်းနည်း ထိခိုက်ရုံပျက်စီးရုံပေါ့။ လူကတော့ထိခိုက်မှုမရှိပါဘူး” လို့ ဆလိုင်းတင်မီက ပြောပါတယ်။ အခု စစ်ကောင်စီ ဗုံးကြဲခဲ့တဲ့ဒေသဟာ လတ်တလောတိုက်ပွဲဖြစ်ပွားမှုမရှိတဲ့ နယ်မြေဖြစ်တယ်လို့ ပြောပါတယ်။ “အဲဒီ နေရာ သီးဘွာလ်က ၂၀၂၃ နိုဝင်ဘာလ ၁၅ရက်နေ့မှာ အဲဒီမှာ ရှိတဲ့ တပ်စခန်းရယ် ရဲလုံခြုံရေးဂိတ် ပေါ့နော်…

  • ပဲခူးတိုင်းစစ်ဆင်ရေးကြောင့် ရန်ကုန်-မန္တလေး ရထားလမ်း ရပ်ဆိုင်းလုနီးဖြစ်ခဲ့

    ပဲခူးတိုင်းစစ်ဆင်ရေးကြောင့် ရန်ကုန်-မန္တလေး ရထားလမ်း ရပ်ဆိုင်းလုနီးဖြစ်ခဲ့

    ပဲခူးတိုင်းအရှေ့ပိုင်း၊ တောကျွဲအင်းမြို့တွင် စစ်တပ် အခြေစိုက်နေရာများကို ပြီးခဲ့သည့် ဇန်နဝါရီလ ၉ ရက်နေ့ နံနက်က တိုက်ခိုက်ခံရပြီးနောက် လေကြောင်းဗုံးကြဲမှုကြောင့် ရန်ကုန်-မန္တလေး ရထားလမ်း ပျက်စီးခဲ့သဖြင့် ခရီးစဉ်များ ဖျက်သိမ်းခဲ့ရပြီး ယမန်နေ့မှစတင်ကာ ပြန်လည်ပြေးဆွဲနေပြီဖြစ်ကြောင်း စုံစမ်းသိရသည်။ ဇန်နဝါရီလ ၈ ရက်နေ့ညက အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ခံတပ်များက ဦးဆောင်ကာ အောင်မြင်စစ်ဆင်ရေးအမည်ဖြင့် ရန်ကုန်-မန္တလေးလမ်းဟောင်းပေါ်ရှိ ကျောက်တံခါးမြို့နယ် တောကျွဲအင်းမြို့ (အောင်မြင်မြို့) ၊ အုတ်တွင်းမြို့နယ် ညောင်ခြေထောက် နှင့် ကျွဲပွဲကြား စည်ပင်သာကျေးရွာရှိ စစ်တပ်ဂိတ်စခန်း၊ ကျောက်တံခါးမြို့နယ် သာယာကုန်းမြို့၊ မီးရထားလမ်းတံတားရှိ စစ်တပ် ကင်းစခန်း အပါအဝင် စစ်တပ် စခန်း ၁၄ ခုကို ဝင်ရောက်တိုက်ခိုက်ခဲ့ကြသည်။ တောကျွဲအင်းဘူတာအနီး တိုက်လေယာဉ်ဖြင့် ဗုံးလာကြဲခဲ့၍ ရထားလမ်းနှစ်ခုဝန်းကျင်၌ ဗုံးကျရောက် ပေါက်ကွဲကာ…

  • ထိုင်းတွင် မူကထစားရာမှ ၁၃ ဦး သေဆုံး

    ထိုင်းတွင် မူကထစားရာမှ ၁၃ ဦး သေဆုံး

    ဝက်သားမှတစ်ဆင့် ရောဂါပိုးကူးစက်ဟုဆို ထိုင်းနိုင်ငံ မူကထဆိုင်များတွင် (အကင်ဆိုင်) ဝက်သားအစိမ်းစားရာမှ ရောဂါပိုးတစ်မျိုး ကူးစက်ခံရပြီး လူ ၁၃ ဦး သေဆုံးခဲ့ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။ ၂၀၂၅ ခုနှစ် ဇန်နဝါရီလမှ ဒီဇင်ဘာလအထိ မူကထဆိုင်များတွင် ဝက်သားအစိမ်းစားရာမှ Streptococcus suis ရောဂါပိုးကူးစက်ခံရသူ ၉၃ ဦးရှိခဲ့ပြီး သေဆုံးသူ ၁၃ ဦးရှိခဲ့ကြောင်း ခရိုင်ပြည်သူ့ကျန်းမာရေးဌာနက သတိပေးထုတ်ပြန်သည်။ Streptococcus suis ရောဂါပိုးသည် ဝက်မှတစ်ဆင့် ကူးစက်တတ်သော ရောဂါပိုးတစ်မျိုးဖြစ်ပြီး ဖျားခြင်း၊ အော့အန်ခြင်း၊ ခေါင်းကိုက်ခြင်းများမှတစ်ဆင့် ကုသမှု မခံယူပါက အသက်သေဆုံးသည်အထိ ဖြစ်နိုင်ကြောင်း ဖော်ပြသည်။ လက်ရှိတွင် နခွန်ရတ်ချ်စီမားခရိုင်သည် ထိုင်းနိုင်ငံအတွင်း ရောဂါပိုးကူးစက်ခံရသူ အများဆုံးဖြစ်ကြောင်း ဖော်ပြသည်။ ထို့ကြောင့် ယခုနှစ်သစ်ကူးတွင် ရောဂါပိုးကူးစက်ခံရမှုကို ကာကွယ်နိုင်ရန်အတွက် ဝက်သားများကို…