ပဲနွယ်ကုန်းမြို့တွင် စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်မှု ဗိုလ်မှူး ၁ ဦး အပါအဝင် ၂၀ သေဆုံးပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိ၊ စစ်တပ်စစ်ကြောင်း ကစဉ့်ကလျား ထွက်ပြေး

ပဲခူးတိုင်း၊ ကျောက်တံခါးမြို့နယ်၊ ပဲနွယ်ကုန်းမြို့တွင် စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်မှု ဗိုလ်မှူး ၁ ဦး အပါအဝင် ၂၀ သေဆုံးပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မ တော်၊ အမှတ် ၂ စစ်ဆင်ရေးနယ်မြေမှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

ဇန်နဝါရီလ ၁၂ ရက်နေ့ ပဲခူးတိုင်း၊ ကျောက်တံခါးမြို့နယ်၊ ပဲနွယ်ကုန်းမြို့၊ ရန်ကုန် – မန္တလေးလမ်းဟောင်းအနီးရှိ ကြိမ်ခါးကုန်းကျေးရွာသို့ စစ်ကြောင်းထိုးဝင်ရောက်လာသည့် အကြမ်းဖက်စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်တပ်ဘက်မှ စစ်ကြောင်းမှူး ဗိုလ်မှူးအဆင့်ရှိသူ ၁ ဦး အပါအဝင် ၂၀ ဦးသေဆုံးခဲ့ပြီး အများအပြားထိခိုက်ဒဏ်ရာရရှိကာ ကစဉ့်ကလျားဖြင့် စစ်ကြောင်းပျက် ဆုတ်ခွာထွက်ပြေးသွားခဲ့ကြောင်း ၊ စစ်တပ်၏ လက်နက်များ၊ ခဲယမ်းများနှင့် အခြားစစ်သုံးပစ္စည်း အများအပြားကိုလည်း သိမ်းဆည်းရရှိခဲ့ကြောင်း သိရှိရသည်။

တိုက်ပွဲအတွင်း ရဲဘော် ၂ ဦး ကျဆုံးခဲ့ရပြီး ၃ ဦးမှာ အနည်းငယ်ထိခိုက်ခဲ့ရကြောင်း၊ လက်ရှိအချိန်တွင် အမှတ် ၂ စစ်ဆင်ရေးနယ်မြေ၊ ပဲခူးတိုင်း စစ်ဌာနအတွင်း စစ်ရေးအခြေအနေများ ဆက်လက် ဆောင်ရွက်လျက်ရှိနေပြီး တိုက်ပွဲအနီးဝန်းကျင်ရှိ ပြည်သူများ၊ ခရီးသွားပြည်သူများ၊ လမ်းပိုင်းအသုံးပြုသွားလာနေသည့် ပြည်သူများအနေဖြင့် ဘေးကင်းလုံခြုံရေး သတိပြု သွားလာကြပါရန် သတိပေးထားသည်။

အဆိုပါ စစ်ဆင်ရေးတွင် ပြည်သူ့ကာကွယ်ရေးတပ်မတော်၊အမှတ် ၂ စစ်ဆင်ရေးနယ်မြေ၊ ပဲခူးတိုင်းစစ်ဌာန၊ ဗျူဟာ ၂၅ ကွပ်ကဲမှုအောက်ရှိ အမှတ် ၃၇၀၂ တပ်ရင်း၊ အထူးကွန်မန်ဒိုတပ်ရင်း(P-29914)၊ ဗျူဟာ ၂၆ ကွပ်ကဲမှုအောက်ရှိ အမှတ် ၃၇၀၃ တပ်ရင်း(Fire Dragon)၊ တော်ဝင်ဒေါင်းတပ်ရင်း(P-29913) တို့ပါဝင်ခဲ့ကြောင်း သိရှိရသည်။

အချစ်စာပေများဖတ်ရန်

မြန်မာစာတန်းထိုးဇာတ်ကားများကြည့်ရန်


Leave a Reply

Your email address will not be published. Required fields are marked *