Author: Baby Yit Lone

  • Mutt Boy

    Mutt Boy

    Mutt Boy (2003) ဒီတစ်ခေါက် တင်ဆက်ပေးမဲ့ ဇာတ်ကားလေးကတော့ ၂၀၀၃ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ Action, Comedy အမျိုးအစား Mutt Boy ဆိုတဲ့ဇာတ်ကားလေးပဲဖြစ်ပါတယ်။ သရုပ်ဆောင်တွေ အနေနဲ့ကတော့ မင်းသားကြီး Jung Woo-sung, မင်းသမီး Uhm Ji-won တို့မှ အဓိကပါဝင်ထားကြပါတယ်။ ဇာတ်လမ်းအညွှန်း ချောမင်ဟာ ကလေးဘဝအရွယ်မှာ အခက်အခဲတွေနဲ့ ကြုံတွေ့ခဲ့ရတာကြောင့် သူ့ကို”တုံးဂယ်”(လမ်းဘေးခွေး) လို့ လူတွေက ခေါ်ကြပါတယ်။ ငယ်ငယ်ကတည်းက အမေ မရှိတော့တဲ့သူဟာ မြို့ရဲ့ ခေါင်းဆောင်စုံထောက်ဖြစ်တဲ့ အဖေဖြစ်သူ၊ ပြီးတော့ တုံးဂယ်လို့ခေါ်တဲ့ ခွေးလေးတစ်ကောင်နဲ့အတူတူ ကြီးပြင်းလာခဲ့ပါတယ်။ တစ်နေ့မှာ သူ့ခွေးကို သူ့အထက်တန်းကျောင်း ဘောလုံးအသင်းက လူတွေ ခိုးယူပြီး စားသွားတာကြောင့် ချောမင်ဟာ ပြန်လည် လက်စားချေဖို့လုပ်ခဲ့ပေမဲ့ အဖေ…

  • If I Had Legs I’d Kick You

    If I Had Legs I’d Kick You

    If I Had Legs I’d Kick You (2025) တစ်ခါတလေတော့ ရုပ်ရှင်တွေဟာ ဇာတ်လမ်းတစ်ခုဆိုတာထက် အတွေ့အကြုံတစ်ခုကို ဝင်ပြီးခံစားကြည့်ရတာမျိုးပါ။ If I Had Legs I’d Kick You ကလည်း ပရိသတ်ကို “ငါသာဆိုလို့ကတော့…” ဆိုပြီး အဓိကောင်ဇာတ်ကောင် နေရာကနေ သူ့ပတ်ဝန်းကျင်ကအရာတွေကို ခံစားမိစေနိုင်တဲ့ ရုပ်ရှင်မျိုးပေါ့။ လင်ဒါ (Rose Byrne)ဟာ စိတ်ကျန်းမာရေးအတိုင်ပင်ခံတစ်ယောက်ဖြစ်ပြီး အလုပ်တစ်ဖက်နဲ့ ရောဂါသည်သမီးလေးကို စောင့်ရှောက်နေရသူပါ။ သင်္ဘောကပ္ပတိန်ဖြစ်သူခင်ပွန်းကလည်း အနားမှာမရှိပေးနိုင်ပဲ အရာရာကိုတစ်ကိုယ်တည်းဖြေရှင်းရင်း ကိုယ်တိုင်က စိတ်ကျန်းမာရေးဆွေးနွေးကုသမှုကို ခံယူလာရပါတယ်။ ဒီရုပ်ရှင်ကိုရိုက်ကူးသူဒါရိုက်တာ Mary Bronsteinကတော့ ဒါဟာဖြစ်ရပ်မှန်ဇာတ်လမ်းမဟုတ်သည့်တိုင် ခံစားချက်တွေကတော့ လက်တွေ့အပြင်ကအတိုင်းပါပဲ လို့ဆိုပါတယ်။

  • Xia Yulai

    Xia Yulai

    Xia Yulai (2025) ချင်းခေတ်နှောင်းပိုင်း အင်္ဂလိပ်တွေတရုတ်နိုင်ငံမှာဘိန်းစစ်ဆင်ရေးစခဲ့တဲ့ကာလကိုအခြေခံပြီးရိုက်ထားတဲ့ ဟာသဇာတ်လမ်းလေးဖြစ်ပါတယ်။ ချင်းခေတ်နှောင်းပိုင်းချောင်ရှန်းနယ်မှာ ထိပ်တန်းဥပဒေပညာရှင် ရှယွီလိုင်ဟာ သူ့ဘဝတစ်လျှောက်လုံး အမှန်တရားအတွက်တိုက်ပွဲဝင်ခဲ့ပါတယ်။ ဒါပေမယ့် သူကဉာဏ်များတာကြောင့် ရှမြေခွေးလို့လဲသူ့ကိုရွာသားတွေကခေါ်ကြပါတယ်။ ရှယွီလိုင်ရဲ့ သမီးလေးရှလိုင်ပိကလဲ ဥပဒေပညာရှင်တစ်ယောက်ဖြစ်ဖို့ရည်မှန်းချက်ရှိပြီး အဖေ့ရဲ့ထူးခြားတဲ့နည်းလမ်းတွေကြောင့် အမြဲအမြင်မတူ ရန်ဖြစ်ကြရပါတယ်။။ အဲဒီအချိန်မှာ နိုင်ငံခြားအရင်းရှင်တွေက ချောင်ရှန်းနယ်ကိုဝင်လာပြီး စီးပွားရေးကိုလက်ဝါးကြီးအုပ်လာပါတယ်။ ရယ်စရာကောင်းတဲ့အရပ်ဖက်မှုခင်းတွေနဲ့ စီးပွားရေးတိုက်ပွဲတွေဖြစ်လာပြီးနောက်မှာ ရှသားအဖနှစ်ယောက်ဟာ နိုင်ငံခြားသားတွေရဲ့ ကြောက်စရာကောင်းတဲ့အကြံအစည်ကိုသိလာခဲ့ရပါတယ်။ အဲဒီအချိန်မှာပဲ သမီးဖြစ်သူကလူသတ်မှုနဲ့စွပ်စွဲခံရတဲ့အတွက် အဖေဖြစ်သူက တရားခွင်ပေါ်တက်ပြီး သူ့ရဲ့ထက်မြက်တဲ့စကားလုံးတွေနဲ့ ယုတ်မာတဲ့ကုန်သည်တွေနဲ့ အကျင့်ပျက်နေတဲ့အရာရှိကိုရင်ဆိုင်ရပါတယ်။ နောက်ဆုံးမှာ သားအဖနှစ်ယောက်စိတ်တူကိုယ်တူပူးပေါင်းပြီး ချောင်ရှန်းနယ်သားတွေကိုစုစည်းပြီး နိုင်ငံခြားသားရန်ကိုအတူတော်လှန်ခဲ့တဲ့ဇာတ်လမ်းပဲဖြစ်ပါတယ်။

  • Snake Infestation in Factory

    Snake Infestation in Factory

    Snake Infestation in Factory (2025) သဲထိတ်ရင်ဖို တောရိုင်းတိရိစ္ဆာန်သဘာဝဘေးအန္တရာယ်ဇာတ်လမ်းတွေကိုနှစ်သက်သူတွေအတွက် ဧရာမမြွေကားတင်ဆက်ပေးလိုက်ပါတယ်။ Online Movieကား ဆိုပေမယ့် မျှော်လင့်ထားတာထပ် CGI Effectတွေကောင်းပြီး ဇာတ်လမ်းရော သရုပ်ဆောင်တွေပါကောင်းတဲ့အတွက် ကြည့်သင့်တဲ့ဇာတ်ကားလေးပဲဖြစ်ပါတယ်။ ဇာတ်လမ်းကိုမိတ်ဆက်ပေးရရင်တော့ စက်ရုံတစ်ခုရဲ့မြေနေရာတစ်ခုမှာ မြေကြီးတူးရင်မြွေသိုက်ရှိတဲ့သင်္ချိုင်းတစ်ခုကိုတူးမိရာကနေစပါတယ်။ မြွေသိုက်ကိုတူးမိတဲ့အချိန်ကစပြီး စက်ရုံမှာ မြွေတွေတစ်နေ့တခြားများလာပါတယ်။ စက်ရုံမှာမြွေအုပ်ကြီးတစ်ခုလုံးက သောင်းကျန်းလာတဲ့အချိန်ကျမှ တကယ်တော့ စက်ရုံကိုအသုံးချပြီး မြွေဖမ်းပြီးမှောင်ခိုရောင်းစားတဲ့သူရှိနေမှန်းသိလိုက်ကြရပေမယ့် နောက်ကျသွားခဲ့ပါပြီ။ စက်ရုံတစ်ခုလုံးက မြွေဘေးကအသက်လုပြေးနေရပြီး အသက်ရှင်ကျန်သူတွေက မြွေအန္တရာယ်အပြင် လူစိတ်မရှိတဲ့ ကြောက်စရာကောင်းတဲ့ မြွေဖမ်းသမားတွေရဲ့အန္တရာယ်ကပါလွတ်အောင်ပြေးနိုင်ပါ့မလား သဲထိတ်ရင်ဖိုခံစားကြည့်ရှုရမယ့်ဇာတ်လမ်းလေးပဲဖြစ်ပါတယ်။

  • Danma and Xiangyang

    Danma and Xiangyang

    Danma and Xiangyang (2025) တရုတ်နိုင်ငံရဲ့ လူငယ်တွေ သူတို့ရပ်ရွာတိုးတက်ရေးအတွက် ကြိုးပမ်းမှုတွေကို ရိုက်ကူးဖော်ပြထားတဲ့ ရုပ်ရှင်ကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့- ကွမ်ကျိခရိုင် ပါတီကော်မတီ အဖွဲ့အစည်းရေးရာဌာနမှ အရာရှိတစ်ဦးဖြစ်တဲ့ လျိုတန်းမော့ကို ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းအဖွဲ့ခေါင်းဆောင်အဖြစ် ပါဖုန်းတောင်ကျေးရွာကို တာဝန်ကျစေလွှတ်ခဲ့ပါတယ်။ ရွာရဲ့ ခေတ်နောက်ကျကျန်နေတဲ့ အခြေအနေနဲ့ ဆိုးရွားတဲ့ ပတ်ဝန်းကျင်ညစ်ညမ်းမှုတွေကို ရင်ဆိုင်ရင်း၊ တန်းမော့ဟာ ပါတီရဲ့ ဦးဆောင်မှုကို ခိုင်မာစွာကိုင်စွဲပြီး ခေါင်းဆောင်အဖွဲ့ကို အားကောင်းအောင် တည်ဆောက်ခဲ့ပါတယ်။ အများက လေးစားရတဲ့ ရွာပါတီအတွင်းရေးမှူးဟောင်း၊ ရွာကော်မတီဝင်တွေ၊ ပြီးတော့ ရွာကိုပြန်လာတဲ့ လူငယ်တစ်ဦးဖြစ်တဲ့ ဝမ်ရှန့်ယန်တို့နဲ့အတူ ရွာသူရွာသားတွေကို စည်းရုံးပြီး သာယာလှပတဲ့ ပတ်ဝန်းကျင်နဲ့ ပျော်ရွှင်တဲ့ဘဝကို အတူတကွ ဖန်တီးပုံဖော်ခဲ့ကြပါတယ်။ ဒီလိုကြိုးပမ်းမှုတွေကြောင့် တစ်ချိန်က ညစ်ညမ်းပြီး လူတွေမနေချင်တဲ့ရွာလေးဟာ အခုအခါမှာတော့…