Author: Baby Yit Lone

  • ဝန်ထမ်းအမျိုးသမီးကို ရိုက်နှက်သတ်ခဲ့သည့် ပီတာဘားပိုင်ရှင်ကို တုံတာတွင် ဖမ်းမိ

    ဝန်ထမ်းအမျိုးသမီးကို ရိုက်နှက်သတ်ခဲ့သည့် ပီတာဘားပိုင်ရှင်ကို တုံတာတွင် ဖမ်းမိ

    ရှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့၌ ဆိုင်ဝန်ထမ်း အမျိုးသမီးငယ်ကို Tip (မုန့်ဖိုး) ရသည့်ကိစ္စ မပြောပြသဖြင့် ရိုက်နှက်သတ်ဖြတ်ခဲ့သည့် ပီတာဘားပိုင်ရှင် အောင်မျိုးသူ (ခ) ပီတာကို ကျိုင်းတုံခရိုင်၊ တုံတာမြို့ နယ်မြေရဲစခန်းတွင် ဖမ်းဆီးရမိခဲ့ကြောင်း သတင်းရင်းမြစ်ထံမှ သိရသည်။

    ယမန်နေ့ မေလ ၆ ရက် ညနေပိုင်းတွင် အဖမ်းခံခဲ့ရခြင်းဖြစ်ပြီး ၎င်းအနေဖြင့် နောင်တရသဖြင့် လာရောက်အဖမ်းခံခြင်းဖြစ်ကြောင်း ပြောဆိုသည်ဟု သိရသည်။

    “ဒီနေ့ပဲ တောင်ကြီးကို ပို့မယ်ကြားတယ်။ အမှုက တောင်ကြီးမှာ ဖြစ်တာဆိုတော့ အဲဒီကိုပဲ ပြန်ပို့မှာပါ” ဟု တုံတာရဲစခန်းနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

    အောင်မျိုးသူ (ခ) ပီတာသည် မေလ ၄ ရက် ညပိုင်းက တောင်ကြီးမြို့၊ ပြည်တော်သာရပ်ကွက်ရှိ ၎င်းဖွင့်လှစ်ထားသည့် “Peter” ဘားနှင့် စားသောက်ဆိုင်တွင် အလုပ်လုပ်ကိုင်နေသည့် အသက် ၁၆ နှစ်အရွယ် မဖူးပွင့်ဝေကို ရိုက်နှက်သတ်ဖြတ်ခဲ့ခြင်း ဖြစ်သည်ဟု နီးစပ်သူများက ပြောသည်။

    သေဆုံးသူ မဖူးပွင့်ဝေမှာ အင်းလေးဒေသ၊ မင်းချောင်းအလယ်ရွာမှ လာရောက်လုပ်ကိုင်နေသူ ဖြစ်သည်။

    ဧည့်သည်တစ်ဦးက မဖူးပွင့်ဝေကို ပေးခဲ့သည့် မုန့်ဖိုးငွေ ၅,၀၀၀ ကျပ်အား ဆိုင်ပိုင်ရှင်ကို အသိမပေးခြင်းကြောင့်ဟုဆိုကာ အောင်မျိုးသူက ဒေါသထွက်ပြီး လက်သီးဖြင့်ထိုးခြင်း၊ ဦးခေါင်းကို စားပွဲနှင့် ဆောင့်ရိုက်ခြင်းနှင့် ခြေထောက်ဖြင့် ကန်ခြင်းစသည့် ပြင်းထန်သော ရိုက်နှက်မှုများကို ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း နီးစပ်သူများက ပြောသည်။

    ရိုက်နှက်ဒဏ်ရာများကြောင့် ဦးနှောက်သွေးကြောပေါက်ကာ သေဆုံးခဲ့ကြောင်း ခွဲစိပ်ဆရာဝန်ကြီးက အတည်ပြုထားသည်။

    ပြစ်မှုကျူးလွန်သူသည် သေဆုံးသူ၏ အလောင်းအား သုဿာန်သို့ တိတ်တဆိတ် ပို့ဆောင်ရန် စီစဉ်နေစဉ်အတွင်း တိုင်ကြားမှုကြောင့်သာ ရဲတပ်ဖွဲ့က သိရှိခဲ့ရခြင်းဖြစ်ကြောင်း နီးစပ်သူများထံမှ သိရသည်။

    ရဲတပ်ဖွဲ့ဝင်များ သွားရောက်စစ်ဆေးရာတွင် သေဆုံးသူ၏ မျက်နှာ၊ လက်နှင့် ဝမ်းဗိုက်တို့တွင် ရိုက်နှက်ခံထားရသော ဒဏ်ရာများစွာ တွေ့ရှိခဲ့ရသည်။

  • သူငယ်ချင်းနဲ့ ယောက်ျားဖြစ်သူတို့ Sex Chat ထားတာတွေ ပက်ပင်းတွေ့သွားတဲ့အမျိုးသမီး

    သူငယ်ချင်းနဲ့ ယောက်ျားဖြစ်သူတို့ Sex Chat ထားတာကို မိန်းမဖြစ်သူသိသွား😲

    သူငယ်ချင်းရဲ့ ယောက်ျားတစ်ယောက်ကိုတောင် မရှောင်နိုင်တော့ဘူး။

    အတော်လေးကို စိတ်ပျက်စရာပါ

    တဏှာရာဂမီးတွေ တောက်လောင်နေပြီဆိုရင် အမှားအမှန် ဝေဖန်ပိုင်းခြားနိုင်တဲ့ အသိစိတ်တွေ ကင်းမဲ့သွားကြရော။

    မူရင်း မိန်းကလေးရဲ့ ပို့စ် 👇

    ကလေးမျက်နှာမှမထောက်ယောကျာ်းက

    ကိုယ့်မိန်းမရဲ့သူငယ်ချင်းအရင်းကြီး(ကလေးအမေ)နဲ့ဖောက်ပြန်ပြီး

    ဖောက်ပြန်တာမိသွားလို့ ကွာရှင်းခွင့်တောင်းတာကို

    မကွာရှင်းပေးလို့ ဒီလ်ိုတင်ရတာပါ

    တစ်ဖက်ကလည်းစည်းမရှိပဲ ယောကျာ်းမြင်တာနဲ့ခံချင်တဲ့ကြိုက်ကုန်းမ

    နင်တို့လို လူမှူရေးဖောက်ပြန်ပြီး ရွံစရာကောင်းတဲ့လုပ်ရပ်လုပ်တဲ့သူနဲ့ ငါဆက်ပီးလည်းမပတ်သက်ချင်ဘူး

    အခုလိုချပြတယ်ဆိုတာကလည်း နင်တို့ရဲ့ခွေးဇာတ်ခင်းတဲ့ဟာတွေကိုလူတွေကိုသ်ိစေချင်လို့

    ကွာရှင်းခွင့်တောင်းတာကိုလည်း အချိန်ယူအုံးမယ်ဆိုပြီး ပြောနေလို့

    အဲ့အချိန်ယူနေတဲ့အချိန်မှာလဲ ထပ်မဖောက်ပြန်ဘူး ဆိုတာမသေချာလို့တင်တာ

    မျက်စိရှေ့မှာမြင်လို့မေးတာတောင် လိမ်တာ

    ခုမပေါင်းတော့ဘူး

    ကိုယ့်ကွယ်ရာရောက်သွားပြီဆိုတော့ ပိုတောင်မယုံရတော့လို့ တင်တာ မကျေနပ်ရင်ကြိုက်တဲ့နေရာကရှင်း🙂

    သူငယ်ချင်းဖြစ်သူကလည်းပြောရှာပါတယ်

    သူရင်လာဖွင့်လို့ လက်ခံစကားပြောပေးတာပါတဲ့🥹

  • လူသားစက်ရုပ်ကို ဗုဒ္ဓဘာသာ ဥပသကာအဖြစ် သွတ်သွင်း

    လူသားစက်ရုပ်ကို ဗုဒ္ဓဘာသာ ဥပသကာအဖြစ် သွတ်သွင်း

    တောင်ကိုရီးယားတွင် လူသားစက်ရုပ်ကို ဗုဒ္ဓဘာသာ ဥပသကာအဖြစ် သွတ်သွင်း

    တောင်ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့လယ်ရှိ ဂျိုဂယေး (Jogye) ဘုရားကျောင်းတွင် ပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့က ထူးခြားသော သာသနာ့ဘောင်သွတ်သွင်းခြင်း အခမ်းအနားတစ်ရပ် ပြုလုပ်ခဲ့ကြောင်း ကိုရီးယားဒေသတွင်း သတင်းဌာနများက ဖော်ပြသည်။

    ကိုရီးယားဗုဒ္ဓဘာသာ၏ ဂျိုဂယေးဂိုဏ်းကြီးက ကြီးမှူးကျင်းပသည့် အဆိုပါအခမ်းအနားတွင် အရပ် ၁၃၀ စင်တီမီတာရှိသော G1 ဟု အမည်ပေးထားသည့် လူသားစက်ရုပ်ကို “ဂါဘီ” (Gabi) ဟူသော အမည်ရ ဗုဒ္ဓဘာသာဝင်တစ်ဦးအဖြစ် လက်ခံခဲ့ခြင်းဖြစ်သည်။

    ဤအခမ်းအနား၏ အထူးခြားဆုံးအချက်မှာ ဂျိုဂယေးဂိုဏ်းက စက်ရုပ်များအတွက် သီးသန့်ရည်ရွယ်၍ ပြုပြင်ပြင်ဆင်ထားသော “စက်ရုပ်ငါးပါးသီလ” ကို ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

    အဆိုပါ စက်ရုပ်သီလ သက်ရှိသတ္တဝါတို့အား ညှဉ်းဆဲသတ်ဖြတ်ခြင်းမပြုရန်၊ အခြားသော စက်ရုပ်များနှင့် ပစ္စည်းဥစ္စာများကို ဖျက်ဆီးခြင်းမပြုရန်၊ လူသားများအား လှည့်ဖြားပြောဆိုခြင်းမပြုရန်နှင့် ဘက်ထရီအားသွင်းရာတွင် သတ်မှတ်ပမာဏထက် ပိုမိုသွင်းခြင်း (သို့မဟုတ်) အလွန်အကျွံ အားဖြည့်ခြင်းမပြုရန် စသည့်အချက်များ ပါဝင်သည်။

    အခမ်းအနားအတွင်း ဗုဒ္ဓမြတ်စွာဘုရားအား သက်ဝင်ယုံကြည်ခြင်း ရှိ၊ မရှိ မေးမြန်းရာတွင်လည်း ဂါဘီက “မှန်ပါဘုရား၊ တပည့်တော် သက်ဝင်ယုံကြည်ပါသည်” ဟု ပြန်လည်ဖြေကြားခဲ့သည်။

    မေလ ၂၄ ရက်နေ့တွင် ကျရောက်မည့် ကဆုန်လပြည့် ဗုဒ္ဓနေ့ အထိမ်းအမှတ် အခမ်းအနားများ မတိုင်မီ ယခုကဲ့သို့ သရဏဂုံတည်ပြီး ငါးပါးသီလ ခံယူသည့် (Sugye) အခမ်းအနားကို ကျင်းပခဲ့ခြင်း ဖြစ်သည်။

    ဂါဘီအား ရဟန်းသံဃာအဖြစ် သိက္ခာထပ်ခြင်းမဟုတ်ဘဲ လူဝတ်ကြောင် ဥပါသကာအဖြစ်သာ လက်ခံခဲ့ခြင်း ဖြစ်သော်လည်း ရှေ့လာမည့် ပွဲတော်ကာလအတွင်း “ဂုဏ်ထူးဆောင်ရဟန်း” တစ်ပါးအဖြစ် တာဝန်ယူသွားမည်ဖြစ်သည်။

    အခမ်းအနားတွင် ဂါဘီသည် စက်ရုပ်ဦးထုပ်ကို ဆောင်းကာ ရဟန်းဝတ်ရုံကို ဆင်ယင်ထားပြီး ဆရာတော်ကြီးများရှေ့တွင် လက်အုပ်ချီကာ ရိုသေစွာ ရပ်နေခဲ့သည်။

    လူသားများအတွက် ပြုလုပ်လေ့ရှိသော အမွှေးနံ့သာတိုင်ဖြင့် သန့်စင်သည့် ရိုးရာဓလေ့အစား ဆရာတော်များက စက်ရုပ်၏ လက်မောင်းတွင် ဗုဒ္ဓနေ့ပွဲတော် အထိမ်းအမှတ် ကြာပန်းမီးအိမ် စတစ်ကာကို ကပ်ပေးခဲ့ပြီး လည်ပင်းတွင်လည်း ၁၀၈ လုံးပါသော ပုတီးကို ဆွဲပေးခဲ့ကြသည်။

    နည်းပညာကို ကရုဏာ၊ ပညာနှင့် တာဝန်ယူမှုတို့ဖြင့် လမ်းညွှန်သင့်ကြောင်းနှင့် လူသားနှင့် စက်ရုပ်များအကြား သဟဇာတဖြစ်မှုကို ဖော်ဆောင်လိုခြင်းဖြစ်ကြောင်း ဂျိုဂယေးဂိုဏ်းက သတင်းထုတ်ပြန်ထားသည်။

    ဂါဘီသည် လာမည့် မေလ ၁၆ ရက်နေ့တွင် ကျင်းပမည့် ဆိုးလ်မြို့၏ နှစ်ပတ်လည် ကြာပန်းမီးအိမ်ပွဲတော်တွင်လည်း အခြားသော စက်ရုပ်များနှင့်အတူ ပါဝင်ဆင်နွှဲသွားမည်ဖြစ်ကြောင်း သိရသည်။

    Ref : The Korea Herald

  • မင်းအောင်လှိုင်က သူဦးဆောင်သော အစိုးရမှာ ပြည်သူက ရွေးချယ်ထားသော်လည်း နိုင်ငံတကာက စီးပွားရေးပိတ်ဆို့မှု၊ ကန့် သတ်မှုနှင့် ဖိအားပေးမှုများ လုပ်ဆောင်နေကြဆဲဟု အပြစ်တင်

    မင်းအောင်လှိုင်က သူဦးဆောင်သော အစိုးရမှာ ပြည်သူက ရွေးချယ်ထားသော်လည်း နိုင်ငံတကာက စီးပွားရေးပိတ်ဆို့မှု၊ ကန့် သတ်မှုနှင့် ဖိအားပေးမှုများ လုပ်ဆောင်နေကြဆဲဟု အပြစ်တင်

    မင်းအောင်လှိုင်က သူဦးဆောင်သော အစိုးရမှာ ပြည်သူက ရွေးချယ်ထားသော်လည်း နိုင်ငံတကာက စီးပွားရေးပိတ်ဆို့မှု၊ ကန့် သတ်မှုနှင့် ဖိအားပေးမှုများ လုပ်ဆောင်နေကြဆဲဟု အပြစ်တင်

    အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်က သူဦးဆောင်သော အစိုးရမှာ ပြည်သူက ရွေးချယ်ထားသော အစိုးရဖြစ်သော် လည်း နိုင်ငံတကာက စီးပွားရေးပိတ်ဆို့မှု၊ ကန့်သတ်မှုနှင့် ဖိအားပေးမှုများ လုပ်ဆောင်နေကြကြောင်း အပြစ်တင်ပြောဆိုသည်။

    ယမန်နေ့ နေပြည်တော်တွင် ပြုလုပ်သော အစည်းအဝေးတွင် အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ထိုသို့ ပြောဆိုလာခြင်းဖြစ်သည်။

    မင်းအောင်လှိုင်က ၎င်းတို့ အစိုးရသည် ပြည်သူက ရွေးချယ်ထားသော အစိုးရဖြစ်ကြောင်း ၊ သို့ရာတွင် အချို့သောနိုင်ငံများက ပြည်သူများကရွေးချယ်ထားသည့် ဒီမိုကရေစီနည်းလမ်းနှင့်အညီ တာဝန်ထမ်းဆောင်နေသည့်မိမိတို့အစိုးရအပေါ်၌ ကန့်သတ်မှုများ၊ စီးပွားရေး ပိတ်ဆို့မှုများကို ဖိအားပေး လုပ်ဆောင်နေကြဆဲဖြစ်ကြောင်း၊ ဒီမိုကရေစီနည်းလမ်းတကျ မိမိဆန္ဒဖြင့် လာရောက်မဲပေးကြသူများကို ဒီမိုကရေစီနိုင်ငံများမှ တန်ဖိုးထားရန်လိုကြောင်း အပြစ်တင် ပြောဆိုသည်။

    မင်းအောင်လှိုင် သူ့အစိုးရမှာ လွတ်လပ်၍တရားမျှတသည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ပြည်သူလူထုမှ ၎င်းတို့၏စိတ်သဘောဆန္ဒများအလျောက် ဆန္ဒမဲပေးရွေးချယ်ပြီး ထွက်ပေါ်လာခဲ့သည့် ပြည်သူ့ကိုယ်စားလှယ်များမှ ရွေးကောက်တင်မြှောက်ထားသည့် ရွေးကောက်ခံအစိုးရအဖွဲ့ဖြစ်ကြောင်း ပြောဆိုသည်။

    မင်းအောင်လှိုင်က ထိုသို့ ပြောဆိုချိန်မှာ အာဆီယံက စစ်ခေါင်းဆောင် မင်းအောင်လှိုင်နှင့်ဝန်ကြီးများကို ၄၈ ကြိမ်မြောက် အာဆီယံ ထိပ်သီးအစည်းအဝေးကို တက်ခွင့်မပေးဘဲ ပိတ်ပင်ထားချိန်လည်းဖြစ်သည်။

    မေလ ၇ ရက်နေ့မှ မေလ ၉ ရက်နေ့ အထိ ကျင်းပပြုလုပ်သည့် အာဆီယံထိပ်သီးအစည်းအဝေးသို့ မင်းအောင် လှိုင်နှင့် ဝန်ကြီးများကို အာဆီယံဥက္ကဋ္ဌ ဖိလစ်ပိုင်နိုင်ငံက တက်ခွင့်မပေးဘဲ နိုင်ငံရေးကိုယ်စားမပြုသူကိုသာ ကိုယ်စားလှယ်အဖြစ် စေလွှတ်ခွင့်ပေးသည်။

    အခြားတစ်ဖက်တွင်လည်း ၂၀၂၁ ခုနှစ်မှစတင်၍ စစ်အာဏာသိမ်းခဲ့သော အကြမ်းဖက် မင်းအောင်လှိုင်နှင့်အဖွဲ့ကို အစိုးရအဖြစ် အသိအမှတ်မပြုဘဲ နိုင်ငံ့အကြီးအကဲ နေရာတွင် သမ္မတ ဦးဝင်းမြင့်နှင့် နိုင်ငံခြားရေးဝန်ကြီးနေရာတွင် ဒေါ်အောင်ဆန်းစုကြည်ကို ဆက်လက် အသိအမှတ်ပြုထားသည်။

    ကုလသမဂ္ဂ၊ အမေရိကန်၊ ဥရောပသမဂ္ဂ အပါအဝင် နိုင်ငံတကာက မင်းအောင်လှိုင်နှင့် စစ်တပ်ကို စစ်အာဏာသိမ်းခဲ့ခြင်း၊ ငြိမ်းချမ်းစွာ ဆန္ဒပြသော ပြည်သူများကို ပစ်ခတ်သတ်ဖြတ်ခြင်း၊ ပြည်သူလူထုအပေါ် လေ ကြောင်းတိုက် ခိုက် ဗုံးကျဲသတ်ဖြတ်နေခြင်းတို့ကြောင့် စီးပွားရေးပိတ်ဆို့မှု၊ သံတမန်ရေး အဆင့်နှိမ့်ချမှု၊ ကန့်သတ်မှု နှင့်ဖိအားပေးမှုများ ဆက်တိုက်လုပ်ဆောင်လျက်ရှိသည်။

  • အာကာသမှ သတိထား မြင်နိုင်လောက်သည်အထိ လျင်မြန်စွာ နိမ့်ဆင်းနေသည့် မက္ကဆီကိုစီးတီး

    အာကာသမှ သတိထား မြင်နိုင်လောက်သည်အထိ လျင်မြန်စွာ နိမ့်ဆင်းနေသည့် မက္ကဆီကိုစီးတီး

    မက္ကဆီကိုနိုင်ငံ၏ မြို့တော်မက္ကဆီကိုစီးတီးသည် အာကာသမှပင် မြင်တွေ့နိုင်လောက်သည်အထိ စိုးရိမ် ဖွယ်ရာနှုန်းထားဖြင့် လျင်မြန်စွာ နိမ့်ဆင်းနေသည်။

    အလွန်အစွမ်းထက်သော NASA ရေဒါစနစ်မှ ရရှိသည့် ပုံရိပ်များအရ တလလျှင် ၀ ဒသမ ၅ လက်မထက် မနည်း နိမ့်ဆင်းနေပြီး၊ မက္ကဆီကိုစီးတီးသည် ကမ္ဘာပေါ်တွင် အလျင်မြန်ဆုံး နိမ့်ဆင်းနေသည့် မြို့တော် တခု ဖြစ်လာနေသည်။

    ကမ္ဘာ့အကြီးဆုံး မြို့ကြီးများထဲတွင် ပါဝင်ပြီး၊ လူဦးရေထူထပ်သော မဟာမြို့ကြီးသည် မြင့်မားသည့် ကုန်းမြင့်ပေါ်ရှိ အိုင်တခုကို ဖြတ်သန်းတည်ရှိနေပြီး ရှေးဟောင်းမြေအောက်ရေအောင်း လွှာတခုပေါ် တွင် တည်ရှိနေသည်။ ယင်းရေအောင်းလွှာသည် မြို့နေလူဦးရေ ၂၂ သန်းအတွက် သောက်သုံးရေ ၆၀ ရာခိုင်နှုန်းခန့်ကို ထောက်ပံ့ပေးထားသည်။

    နှစ်ပေါင်းများစွာအတွင်း ယင်းမြေအောက်ရေအောင်းလွှာမှ ရေများကို အလွန်အကျွံထုတ်ယူသုံးစွဲခဲ့ခြင်း ကြောင့် မြေမျက် နှာပြင်မှာ နိမ့်ဆင်းလာခဲ့ရသည်။ ထိုသို့ အလွန်အကျွံ ထုတ်ယူသုံးစွဲသည့် မက္ကဆီကို စီးတီးမြို့တွင် ရေပိုက်များမှ ရေမထွက်တော့သည့် ရေရှည်ရေပြဿနာနှင့် ရင်ဆိုင်ရခြေရှိနေသည်။

    မြို့၏ လျင်မြန်စွာ နိမ့်ဆင်းမှုကို စဉ်ဆက်မပြတ်မြို့ပြဖွံ့ဖြိုးရေး လုပ်ငန်းများက ပိုမိုဆိုးရွားစေခဲ့ပြီး အခြေခံအဆောက်အအုံအသစ်များသည် ရွှံ့စေးမြေလွှာအပေါ်တွင် အပိုအလေးချိန်များ ဖြစ်ပေါ်စေခဲ့ သည်။

    မက္ကဆီကိုစီးတီး၏ မြေနိမ့်ဆင်းမှုကို ၁၉၂၀ ပြည့်နှစ်များကတည်းက စတင်မှတ်တမ်းတင်ခဲ့ပြီး၊ ထိုအချိန် မှစ၍ မြို့နေလူထုမှာ လမ်းများအက်ကွဲခြင်း၊ အဆောက်အအုံများ စောင်းသွားခြင်းနှင့် ရထားလမ်းစနစ် များ ပျက်စီးခြင်းစသည့် ဆိုးကျိုးများကို ကြုံတွေ့ခဲ့ရသည်။

    NASA နှင့် အိန္ဒိယအာကာသသုတေသနအဖွဲ့ (ISRO) တို့ ပူးပေါင်းဆောင်ရွက်သည့် NISAR ဂြိုဟ်တုမှ ရရှိသော ပုံရိပ်အသစ်များတွင် ယင်းပြဿနာ၏ အတိုင်းအတာကို အံ့အားသင့်ဖွယ် အသေးစိတ်အချက်အ လက်များဖြင့် ဖော်ပြနေသည်။

    NISAR ကို ကမ္ဘာမြေပေါ်ရှိ အရှုပ်ထွေးဆုံး ဖြစ်စဉ်အချို့ကို မြေပုံဖော်ရန် ဒီဇိုင်းထုတ်ထားခြင်းဖြစ်ပြီး မြေနိမ့်ဆင်းမှုကဲ့သို့သော သိမ်မွေ့သည့် လှုပ်ရှားမှုများကိုပါ ခြေရာခံနိုင်စွမ်းရှိသည်။ NASA ၏ အဆိုအရ ယင်းသည် အာကာသထဲသို့ လွှတ်တင်ခဲ့သမျှတွင် အစွမ်းထက်ဆုံး ရေဒါစနစ်များထဲမှ တခုဖြစ်သည်။

    ၂၀၂၅ ခုနှစ် အောက်တိုဘာလနှင့် ၂၀၂၆ ခုနှစ် ဇန်နဝါရီလအတွင်း မက္ကဆီကိုစီးတီး၏ နွေရာသီကာလ တွင် NISAR သည် မြို့အောက်ရှိ မြေမျက်နှာပြင် လှုပ်ရှားမှုကို မြေပုံဖော်ခဲ့သည်။ ရှာဖွေတွေ့ရှိချက်များ အရ မြို့တော်၏အချို့နေရာများသည် တလလျှင် ၀ ဒသမ ၈ လက်မနှုန်းဖြင့် နိမ့်ဆင်းနေပြီး၊ တနှစ်လျှင် ၉ ဒသမ ၅ လက်မထက်မနည်း နိမ့်ဆင်းနေသည်။ အဆိုးရွားဆုံး နေရာများထဲတွင် မြို့၏ အဓိက လေဆိပ်ဖြစ်သော Benito Juarez အပြည်ပြည်ဆိုင်ရာလေဆိပ်လည်း ပါဝင်သည်။

    မြို့၏ အထင်ကရနေရာတခုကလည်း မြေနိမ့်ဆင်းမှု၏ သက်ရောက်မှုကို ဖော်ပြနေသည်။ ၁၉၁၀ ပြည့် နှစ်တွင် မက္ကဆီကိုလွတ်လပ်ရေး နှစ် ၁၀၀ ပြည့် အထိမ်းအမှတ်အဖြစ် တည်ဆောက်ခဲ့သည့် ပေ ၁၁၄ မြင့်သော လွတ်လပ်ရေး နတ်မိမယ်ကျောက်တိုင်အောက်ရှိ မြေပြင်နိမ့်ဆင်းသွားသောကြောင့် အောက်ခြေတွင် လှေကားထစ် ၁၄ ထစ် ထပ်မံဖြည့်ခဲ့ရသည်။

    “မြေနိမ့်ဆင်းမှုနဲ့ ပတ်သက်ရင် မက္ကဆီကိုစီးတီးဟာ ထင်ရှားတဲ့ နေရာတခုဖြစ်ပြီး အခုလို ပုံရိပ်မျိုးတွေ က NISAR အတွက် အစပဲ ရှိပါသေးတယ်” ဟု NISAR သိပ္ပံအဖွဲ့ဝင် ဒေးဗစ် ဘီကာ့တ်က ပြောကြားခဲ့ သည်။

    ယင်းဂြိုဟ်တုသည် ရေခဲမြစ်များ ရွေ့လျားမှု၊ သီးနှံများ ကြီးထွားမှုနှင့် မီးတောင်ပေါက်ကွဲခြင်းကဲ့သို့သော သဘာဝဘေး အန္တရာယ်များကိုလည်း ခြေရာခံနိုင်စွမ်း ရှိသည်။

    CNN မှ One of the planet’s biggest cities is sinking so rapidly it’s visible from space အား သောမတ်ဘာသာပြန်သည်။