📢 Join Our Telegram Community

Get the latest updates directly on Telegram.

✈️ Join Telegram

ဒီနေ့ နိုင်ငံတကာမှာ ဖြစ်ပျက်ခဲ့တဲ့ အဓိက သတင်းကြီးတွေနဲ့ ပတ်သက်ပြီး...

သတင်းအပြည့်အစုံ ဆက်လက်ဖတ်ရှုရန်
သတင်းထူး / ကြော်ငြာ
📰

ဆက်လက်ဖတ်ရှုရန် သတင်းအပြည့်အစုံ

သတင်းအသစ်များနှင့် ဗီဒီယိုများကို ဆက်လက်ကြည့်ရှုရန် အောက်ပါခလုတ်ကို နှိပ်ပါခင်ဗျာ

နှိပ်ပြီး ကြည့်ရန်

နတခ ဝင်သိမ်းလို့ရနေပြီ

ဧရာဝတီတိုင်း နတခတွင် နှောက်ချန်တပ်အင်အား မရှိသလောက် နည်းပါးလာသဖြင့် ပြည်သူ့စစ်များနှင့် ရဲတပ်ဖွဲ့ဝင်များကိုပါ ရှေ့တန်းသို့ အတင်းအကျပ်စေလွှတ်နေရ

ဧရာဝတီတိုင်း၊ ပုသိမ်မြို့အခြေစိုက် အနောက်တောင်တိုင်းစစ်ဌာနချုပ် (နတခ) နယ်မြေအတွင်းရှိ တပ်ရင်းတပ်ဖွဲ့များမှ စစ်ကောင်စီတပ်ဖွဲ့ဝင်များကို အခြားတိုင်းနှင့် ပြည်နယ်များရှိ စစ်မျက်နှာများသို့ တပ်ကူအဖြစ် စေလွှတ်နေရသည့်အပြင် ဧရာဝတီစစ်မျက်နှာပြင်တွင်လည်း အကျအဆုံးများပြီး နောက်တန်းပြန်လည်ရောက်ရှိလာသူ နည်းပါးသဖြင့် လက်ရှိတွင် နောက်ချန်တပ်အင်အား မရှိသလောက် နည်းပါးနေကြောင်း တပ်တွင်းသတင်းပေးထံမှ သိရသည်။

စစ်ကောင်စီသည် ဧရာဝတီတိုင်းအတွင်း စစ်မှုထမ်းတစ်ပတ်စဉ်လျှင် တပ်သားသစ်အင်အား (၉၀၀) ဝန်းကျင် ရရှိစေရန်အတွက် ညဘက်များတွင် လိုက်လံဖမ်းဆီးခြင်းနှင့် ပေါ်တာဆွဲခြင်းနည်းလမ်းများဖြင့် အတင်းအကျပ် စုဆောင်းနေပြီး၊ ဖမ်းဆီးရမိသည့် လူငယ်များကို အခြားတိုင်းများသို့ စစ်မှုထမ်းတပ်သားသစ်အဖြစ် လွှဲပြောင်းပေးရာတွင် တရားမဝင် လူမှောင်ခိုရောင်းချမှုများပါ ရှိနေကြောင်း သိရသည်။

ထိုသို့ နည်းလမ်းမျိုးစုံဖြင့် တပ်သားသစ်အင်အား ဖြည့်တင်းလာခဲ့သည်မှာ စစ်မှုထမ်းအပတ်စဉ်(၂၆)သို့ ရောက်ရှိခဲ့ပြီဖြစ်သည်။ စစ်မှုထမ်းတပ်သားသစ်များကို ဧရာဝတီ၊ ပဲခူး၊ ရခိုင်၊ ကရင်နှင့် စစ်ကိုင်း စသည့် တိုက်ပွဲပြင်းထန်ရာ ဒေသများသို့ အလှည့်ကျ စေလွှတ်ရာတွင် တပ်အင်အား မလုံလောက်မှုများနှင့် ကြုံတွေ့နေရသည်။ ထို့ကြောင့် နောက်တန်းတွင် အရန်အကူအဖြစ် ထားရှိသည့် ရဲတပ်ဖွဲ့ဝင်များကိုပါ မချန်ဘဲ ရှေ့တန်းစစ်မျက်နှာများသို့ ပို့ဆောင်နေရပြီး၊ တိုက်ပွဲအတွင်း သေဆုံးသူနှင့် ပျောက်ဆုံးသူ အရေအတွက် နေ့စဉ်နှင့်အမျှ တိုးပွားလာနေကြောင်း သိရသည်။

လက်ရှိတွင် တပ်အင်အား လိုအပ်ချက်ကြီးမားနေသဖြင့် ရပ်ရွာလုံခြုံရေးအတွက်ဟုဆိုကာ ဖွဲ့စည်းထားသော ဌာနေပြည်သူ့စစ် (ပျူစောထီး) အဖွဲ့ဝင်များကိုပါ လက်နက်တပ်ဆင်၍ ရှေ့တန်းသို့ စေလွှတ်သည့် အခြေအနေများ ဖြစ်ပေါ်နေသည်။

အဆိုပါ ပြည်သူ့စစ်အဖွဲ့များကို စတင်စုဆောင်းစဉ်က “ပြည်သူ့စစ်ထဲဝင်ပါက စစ်မှုထမ်းရန် မလိုပါ” ဟုဆိုကာ ကျေးရွာတစ်ရွာလျှင် လူ (၃၀) ဝန်းကျင်ဖြင့် စည်းရုံးဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။ ထို့အပြင် စစ်မှုထမ်းမလိုက်ရဟု အာမခံထားသော်လည်း လက်တွေ့တွင်မူ ပြီးခဲ့သည့် ဧပြီလ(၂၇)ရက်နေ့မှစတင်ကာ မြို့နယ်အလိုက် ပြည်သူ့စစ် “ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နင်းရေးအဖွဲ့ မတက်မနေရ လူငယ်မွမ်းမံသင်တန်း” ကို ရက်သတ္တပတ်(၄)ပတ်ကြာ တစ်လတိုင်တိုင် ပို့ချခဲ့ကြောင်း သိရသည်။

ယခုအခါ ကတိဖျက်၍ ရှေ့တန်းစစ်မျက်နှာများသို့ လိုက်ပါရန် အတင်းအကျပ် ဖိအားပေးခြင်း ခံနေရသည့်အပြင်၊ စစ်ကောင်စီအရာရှိများ၏ကိုယ်ရေးကိုယ်တာ ကိစ္စရပ်များတွင်ပါ ခိုင်းစေခြင်း ခံနေရသဖြင့် ဧရာဝတီတိုင်းအတွင်းရှိ ပြည်သူ့စစ်အဖွဲ့ဝင်များအကြား စိတ်ပျက် မကျေနပ်မှုများ ဖြစ်ပေါ်နေကြောင်း သိရသည်။

လူကြီးဇာတ်ကား ကြိုက်သူများအတွက်

👇🏻👇🏻👇🏻


Comments

Leave a Reply

Your email address will not be published. Required fields are marked *

လူကြီးဇာတ်ကား စိတ်ဝင်စားသူများသာနှိပ်ရန်