Author: Baby Yit Lone

  • စာမေးပွဲဖြေဆိုခွင့် ပယ်ချခံရတဲ့နောက်ကွယ်

    စာမေးပွဲဖြေဆိုခွင့် ပယ်ချခံရတဲ့နောက်ကွယ်

    စစ်ကိုင်းက စာ​မေးပွဲ​ဖြေခွင့်မရ​သော “ထက်” ကိုယ်ပိုင်အထက်တန်းကျောင်းမှ Grade-5 နှင့် Grade-9 ကျောင်းသား ကျောင်းသူများ စာမေးပွဲဖြေဆိုခွင့်နှင့်စပ်လျဉ်း၍ သတင်းထုတ်ပြန်ချက်

    “ထက်” ကိုယ်ပိုင်အထက်တန်းကျောင်းမှ Grade-5 နှင့် Grade-9 ကျောင်းသား ကျောင်းသူများ စာမေးပွဲဖြေဆိုခွင့်နှင့်စပ်လျဉ်း၍ သတင်းထုတ်ပြန်ချက်

    ဖေဖော်ဝါရီ ၂၃ ရက်က စတင်ကျင်းပသော နှစ်ဆုံးတတ်မြောက်မှုစစ်ဆေးခြင်း Grade-5 နှင့် Grade-9 စာမေးပွဲတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့၊ နန်းတော်ရာရပ်ရှိ “ထက်” ကိုယ်ပိုင်အထက်တန်းကျောင်းတွင် တက်ရောက်လျက်ရှိသည့် Grade-5 ကျောင်းသား ကျောင်းသူ (၇၂) ဦးနှင့် Grade-9 ကျောင်းသားကျောင်းသူ (၈၉)ဦး စုစုပေါင်း (၁၆၁)ဦးတို့သည် ဖြေဆိုခွင့်ကတ်ပြားများ လက်ဝယ်ရှိသော်လည်း စာစစ်ဌာနသို့ သွားရောက်ဖြေဆိုရာတွင် ဖြေဆိုခွင့်မရရှိခဲ့သောဖြစ်စဉ် ဖြစ်ပွားခဲ့ပါသည်။

    “ထက်” ကိုယ်ပိုင်အထက်တန်းကျောင်းသည် ပုဂ္ဂလိကပညာရေးဥပဒေပုဒ်မ ၃၁၊ ပုဒ်မခွဲဋ နှင့် ပုဒ်မခွဲ ဍ တွင် သတ်မှတ်ထားသော စည်းမျဉ်းစည်းကမ်းများကို ဖောက်ဖျက်ကျူးလွန်ခြင်းကြောင့် ၆-၁-၂၀၂၆ ရက်တွင် ကျင်းပသော ပညာရေးဝန်ကြီးဌာန၊ စီမံခန့်ခွဲရေးကော်မတီ အစည်းအဝေးက ၂၀၂၆-၂၀၂၇ ပညာသင်နှစ်မှစ၍ ပိတ်သိမ်းရန် ဆုံးဖြတ်ထားသည့် ကျောင်းဖြစ်ပါသည်။

    ဖြစ်စဉ်အမှန်မှာ “ထက်” ကိုယ်ပိုင်အထက်တန်းကျောင်းတွင် အမှန်တကယ်တက်ရောက် ပြီး စာရင်းသွင်းထားသော ကျောင်းသားကျောင်းသူများ မနစ်နာစေရန် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် နှစ်ကုန်အထိ ခွင့်ပြုခဲ့ပြီး အခန်းဆုံးတတ်မြောက်မှု စစ်ဆေးခြင်း (၂) ကြိမ်၊ နှစ်ဝက်ဆုံး တတ်မြောက်မှု စစ်ဆေးခြင်း (၁) ကြိမ် ဖြေဆိုခဲ့သော Grade-5 ကျောင်းသားကျောင်းသူ (၄၀)ဦးနှင့် Grade-9 ကျောင်းသားကျောင်းသူ (၄၀)ဦး စုစုပေါင်း (၈၀)ဦးတို့ကိုသာ ယခု ကျင်းပလျက်ရှိသော နှစ်ဆုံးတတ်မြောက်မှု စစ်ဆေးခြင်းအား ဖြေဆိုခွင့်ပြုခဲ့ပါသည်။

    ယခုဖြစ်စဉ်တွင်ပါဝင်သော Grade-5 ကျောင်းသားကျောင်းသူ(၇၂)ဦးနှင့် Grade-9 ကျောင်းသားကျောင်းသူ (၈၉)ဦး စုစုပေါင်း (၁၆၁)ဦးတို့သည် ကျောင်းအပ်နှံစာရင်းတွင် ပါဝင်မှု မရှိခြင်း၊ ၎င်းကျောင်းမှ လစဉ် (ဇွန်လမှ ဖေဖော်ဝါရီလထိ) တင်ပြခဲ့သော ကျောင်းသားလချုပ် စာရင်းတွင် ပါဝင်မှုမရှိခြင်း၊ နှစ်ဆုံးစာမေးပွဲ ဖြေဆိုသူစာရင်း(သွင်းစာရင်း)တွင် ပါဝင်မှုမရှိခြင်း၊ ၎င်းကျောင်းသို့ ပညာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ သွားရောက်စစ်ဆေးချိန်တွင်လည်း ဖော်ပြပါ ကျောင်းသားများသည် အမှန်တကယ် ကျောင်းတက်ရောက်မှုမရှိခြင်း၊ အခန်းဆုံးနှင့် နှစ်ဝက်ဆုံး တတ်မြောက်မှုစစ်ဆေးခြင်း(၃)ကြိမ် ဖြေဆိုထားသည့် အထောက်အထားများ မရှိ သည့်အတွက် မူဝါဒအရ စာမေးပွဲဖြေဆိုခွင့်မရရှိခြင်းကို သိရှိသော်လည်း ဖြေဆိုခွင့်ကတ်ပြားများ ရယူခဲ့ခြင်း ဖြစ်ပါသည်။

    ဖြေဆိုခွင့်ကတ်ပြားများထုတ်ပေးခဲ့ခြင်းနှင့်ပတ်သက်၍ သတ်မှတ်ချက်နှင့်ကိုက်ညီမှုမရှိသော ကျောင်းသားများအား စစ်ကိုင်းခရိုင်ပညာရေးမှူးသည် ဖြေဆိုခွင့်ကတ်ပြားများကို ၂၂-၂-၂၀၂၆ ရက်နေ့တွင် ထုတ်ပေးခဲ့သည့်အတွက် ယခုကဲ့သို့ဖြစ်ပွားခဲ့ခြင်းအပေါ် ၎င်းခရိုင် ပညာရေးမှူးအား နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများနှင့်အညီ စိစစ်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သတင်းထုတ်ပြန်အပ်ပါသည်။

    ပညာရေးဌာနက လူကြီးလူကောင်းမဆန်လိုက်တာနော်..

    ဖေဖော်ဝါရီ (၂၃) ရက်၊ စစ်ကိုင်းမြို့တွင် ကျင်းပလျက်ရှိသော အခြေခံပညာအတန်းများ၏ စာမေးပွဲ ပထမနေ့တွင် ထက်ကိုယ်ပိုင်အထက်တန်းကျောင်းမှ Grade-5 နှင့် Grade-9 ကျောင်းသား/သူ အများအပြား စာမေးပွဲဖြေဆိုခွင့် ပိတ်ပင်ခံလိုက်ရသည့် ဖြစ်စဉ်ရဲ့နောက်ဆက်တွဲ ဖြစ်ရပ်တွေပေါ်လာပါပြီ။

    ဖြစ်စဉ်အသေးစိတ်

    ယနေ့ (ဖေဖော်ဝါရီ ၂၃) နံနက် (၈:၀၀) နာရီအချိန်တွင် ကျောင်းသား/သူများနှင့် မိဘများသည် သတ်မှတ်ထားသော စာမေးပွဲဖြေဆိုမည့် ကျောင်းရှေ့သို့ အသီးသီး ရောက်ရှိနေခဲ့ကြပါသည်။

    သို့သော် နံနက် (၈:၃၀) နာရီ ကျောင်းဝင်းအတွင်း ဝင်ရောက်ချိန်တွင် တာဝန်ရှိသူများက ခုံအမှတ်ကဒ်များကို စစ်ဆေးခဲ့ပြီး ခုံအမှတ် (၄၃၆၀) နှင့် ယင်းအနောက်ပိုင်း ခုံနံပါတ်ပါ ကျောင်းသား/သူများအားလုံးကို စာမေးပွဲဖြေဆိုခွင့် မရှိကြောင်း ပြောဆိုကာ တားမြစ်ခဲ့ပါသည်။

    ဖြေဆိုခွင့် ပယ်ချခံရသူများမှာ ထက်ကိုယ်ပိုင်အထက်တန်းကျောင်းမှ ကျောင်းသား/သူများ ဖြစ်ကြောင်း သိရသည်။

    ဖြစ်ပွားရသည့် အကြောင်းရင်း

    ကိုယ်ပိုင်ကျောင်းဘက်မှ ကျောင်းသားစာရင်းကို သက်ဆိုင်ရာ ပညာရေးတိုင်းရုံးသို့ စာရွက်စာတမ်း အပြည့်အစုံဖြင့် စနစ်တကျ တင်ပြခြင်းမရှိဘဲ နှုတ်ဖြင့်သာ ပြောဆိုချိတ်ဆက်မှုများ ရှိခဲ့ကြောင်း၊

    အောက်ခြေ ပညာရေးဌာနမှမူ တင်ပြလာသော စာရင်းအတိုင်း ဖြေဆိုခွင့် ခုံအမှတ်၊ ဖြေဆိုရမည့် ကျောင်းနှင့် အခန်းနေရာများကို ထုတ်ပြန်ပေးခဲ့ခြင်း ဖြစ်ကြောင်း၊

    စာမေးပွဲဖြေဆိုခွင့် ပယ်ချကြောင်း တရားဝင်စာမှာ စာမေးပွဲမဖြေဆိုမီ ညပိုင်းကမှ အထက်ဌာနမှ ရောက်ရှိလာခြင်းဖြစ်ကြောင်း သိရှိရပါသည်။

    လက်ရှိအခြေအနေနှင့် နောက်ဆက်တွဲ

    မိဘများအနေဖြင့် စာမေးပွဲဖြေဆိုခွင့် ခုံအမှတ်၊ ဖြေဆိုရမည့် နေရာအထိ အတိအကျ ထွက်ရှိထားပြီးမှ ဖြေဆိုရန် မိနစ်ပိုင်းအလိုတွင် ယခုကဲ့သို့ ပိတ်ပင်ခံရခြင်းအပေါ် လက်မခံနိုင်ဖြစ်ကာ ဂိတ်ဝတွင် တောင်းဆိုမှုများ ပြုလုပ်ခဲ့ကြသည်။

    ကျောင်းသား/သူများမှာလည်း စိတ်ထိခိုက်ဝမ်းနည်းမှုများ ဖြစ်ပေါ်ခဲ့ရပြီး သက်ဆိုင်ရာ တာဝန်ရှိသူများ လာရောက်ညှိနှိုင်းခဲ့သော်လည်း ပထမနေ့ (မြန်မာစာ) ဘာသာရပ်ကို ဖြေဆိုခွင့် မရရှိခဲ့ပေ။

    ထို့အပြင် ဖြေဆိုခွင့်ရရှိသည့် အခြားကျောင်းသားများ၏ ခုံအမှတ်လည်ဆွဲကဒ်များကိုလည်း စာမေးပွဲအခန်းစောင့် ဆရာ/ဆရာမများက ပြန်လည်သိမ်းဆည်းထားလိုက်ကြောင်း သိရသည်။

    လက်ရှိတွင် နှစ်ဖက်ညှိနှိုင်းမှုများ ပြုလုပ်နေပြီး အဆင်ပြေပါက ကျန်ရှိသည့်ရက်များတွင် ပြန်လည်ဖြေဆိုခွင့် ရရှိနိုင်ဖွယ်ရှိကြောင်း သတင်းများ ထွက်ပေါ်လျက်ရှိသည်။

    ယခုဖြစ်စဉ်တွင် တာဝန်ပေါ့လျော့သူများနှင့် ကိုယ်ပိုင်ကျောင်းမှ တာဝန်ရှိသူများကို အရေးယူဆောင်ရွက်မှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

  • ရန်ကုန်မှာ လေထုညစ်ညမ်းမှု အလွန်ဆိုးရွားနေလို့ ကျန်းမာရေးအတွက် မဖြစ်မနေ လိုက်နာရမည့် အချက်များ (သတိပေးနှိုးဆော်ချက်)

    ရန်ကုန်မှာ လေထုညစ်ညမ်းမှု အလွန်ဆိုးရွားနေလို့ ကျန်းမာရေးအတွက် မဖြစ်မနေ လိုက်နာရမည့် အချက်များ (သတိပေးနှိုးဆော်ချက်)

    ရန်ကုန်မှာ လေထုညစ်ညမ်းမှု အလွန်ဆိုးရွားနေလို့ ကျန်းမာရေးအတွက် မဖြစ်မနေ လိုက်နာရမည့် အချက်များ (သတိပေးနှိုးဆော်ချက်)

    ဒီရက်ပိုင်း ရန်ကုန်မှာ နေရောင်ကောင်းကောင်းမမြင်ရဘဲ မိုးအုံ့သလိုလို ဖြစ်နေတာ သတိထားမိကြမှာပါ။ ဒါဟာ ရာသီဥတုကြောင့်မဟုတ်ဘဲ လေထုညစ်ညမ်းမှု (Air Pollution) မြင့်တက်နေတာကြောင့်ဖြစ်ပြီး AQI (Air Quality Index) 150 ကျော်အထိ ရှိနေပါတယ်။

    ဒီလိုအချိန်မှာ ကျန်းမာရေးထိခိုက်မှုမရှိရလေအောင် ဒေါက်တာရတနာ မှ မျှဝေထားတဲ့ လိုက်နာသင့်သည့်အချက်များနှင့် ရှောင်ကြဉ်ရမည့်အချက်များကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။

    ✅ လုပ်ဆောင်သင့်သည့် အချက်များ (Do’s)

    🏠 အိမ်ထဲမှာပဲ နေပါ – အပြင်ထွက်ချိန်ကို တတ်နိုင်သမျှ လျှော့ချပါ။

    😷 Mask တပ်ပါ – မဖြစ်မနေ အပြင်ထွက်ရရင် Mask (N95 ဆို ပိုကောင်း) တပ်ဆင်ပါ။

    💧 ရေများများသောက်ပါ – ရေနွေး (သို့) အပူသောက်စရာလေးတွေက လည်ချောင်းကို သက်သာစေပြီး ခန္ဓာကိုယ်ကို အထောက်အကူပြုပါတယ်။

    🚪 လေလုံအောင်ထားပါ – အိမ်တံခါးနဲ့ ပြတင်းပေါက်တွေကို ပိတ်ထားပါ။ Air Purifier ရှိရင် ဖွင့်ထားပါ။ အိမ်မှာ ဖုန်မထအောင် သန့်ရှင်းရေးလုပ်ပါ။

    ❌ မလုပ်သင့်သောအရာများ (Don’ts)

    🏃‍♂️ Outdoor Exercise မလုပ်ပါနဲ့ – အပြင်ထွက် ပြေးတာ၊ စက်ဘီးစီးတာ၊ လမ်းလျှောက်တာမျိုး ခဏရပ်ထားပါ။

    🪟 ပြတင်းပေါက် မဖွင့်ပါနဲ့ – အပြင်က မီးခိုးငွေ့နဲ့ လေညစ်တွေ အိမ်ထဲဝင်လာနိုင်လို့ပါ။

    🚬 အိမ်တွင်း မီးခိုးထွက်တာ ရှောင်ပါ – ဆေးလိပ်သောက်တာ၊ အမွှေးတိုင်ထွန်းတာ၊ မီးသွေးမီးဖို သုံးတာမျိုး လုံးဝမလုပ်ပါနဲ့။

    ⚠️ အထူးဂရုစိုက်ရမည့်သူများ

    ကလေးငယ်များ၊ သက်ကြီးရွယ်အိုများ၊ ကိုယ်ဝန်ဆောင်မိခင်များနှင့် နှလုံး/အဆုတ် ရောဂါအခံရှိသူများ ပိုမိုသတိထားပါ။

    အကယ်၍ အသက်ရှူရခက်ခဲခြင်း၊ ရင်ဘတ်အောင့်ခြင်း၊ ချောင်းဆိုးမရပ်ခြင်းနှင့် မျက်စိယားယံခြင်းများ ဖြစ်ပေါ်လာပါက ဆရာဝန်နှင့် အမြန်ဆုံး ပြသဆွေးနွေးပါ။

    ဒေါက်တာရတနာ (M.B.,B.S – YGN, Diploma in Family Medicine)

  • ငွေလိုလို့ AV ဝင်ရိုက်မိရာက Idol တစ်ယောက်လို နာမည်ကျော်သွားတဲ့ ကောင်မလေး

    ငွေလိုလို့ AV ဝင်ရိုက်မိရာက Idol တစ်ယောက်လို နာမည်ကျော်သွားတဲ့ ကောင်မလေး

    ဒီစော်က ဂျပန်မှာ AV ရိုက်လို့သာ AV မင်းသမီးဖြစ်နေတာ။

    目線の先

    ကိုရီးယားမှာသာဆိုရင် Idol ဖြစ်မယ့် မျက်နှာမျိုးလို့ပြောလို့ရတယ်။

    Idol တောင် ရိုးရိုး Idol မဟုတ်ဘူး။ Visual Member ဖြစ်နိုင်ချေရှိတယ်။

    ဆိုတော့ကာ .. သူ့နာမည်က “Matsumoto Ichika” လို့ခေါ်တယ်။

    心臓5個あってもハンデ足りない?

    (၂၀၀၀) ခုနှစ်ဖွား။ မွေးနေ့က ဖေဖော်ဝါရီ (၁၉) ရက်နေ့။

    “Ichika” က ကျောင်းတုန်းက ဘတ်စကတ်ဘောအသင်းမှာ ကစားသမားဖြစ်ဖူးတယ်။

    ဒါပေမယ့် ကစားတာ မတော်လို့ အရန်ခုံမှာပဲထိုင်နေခဲ့ရတဲ့ အရံကစားသမား။

    心臓5個あってもハンデ足りない

    သူမက ကျောင်းသူဘဝတုန်းက ခေါက်ဆွဲဆိုင်မှာ အချိန်ပိုင်းအလုပ်လုပ်ဖူးတယ်။

    သူမကိုယ်တိုင်က ခေါက်ဆွဲအရမ်းကြိုက်လို့ ခေါက်ဆွဲဆိုင်ကိုမှ ရွေးပြီး အလုပ်လျှောက်ခဲ့တယ်လို့ဆိုတယ်။

    ကျောင်းပြီးသွားတော့ သူမရဲ့ ရည်ရွယ်ချက်ကရှင်းတယ်။

    トロピカルっぽいキスってなんす

    ပိုက်ဆံလိုချင်လို့ AV ‌လောကထဲ ဝင်လာခဲ့တာပဲ။

    သူမအတွက် ပိုပြီးလွယ်ကူသွားတာက အဲ့ဒီတုန်းက သူမရဲ့ သူငယ်ချင်းတစ်ယောက်ကလည်း AV လောကထဲမှာ ကျင်လည်နေတာဆိုတော့ သူမ အတွက်က လွယ်လွယ်ကူကူနဲ့ပဲ ဒီလောကထဲကိုရောက်လာခဲ့တယ်။

    Mm News.xyz 2026 02 24 172903

    (၂၀၁၉) ခုနှစ်မှာ သူမက AV မင်းသမီးအဖြစ်ပွဲဦးထွက်ခဲ့တယ်။

    ချစ်စရာကောင်းတဲ့ ပုံစံ နဲ့ ဂျစ်ကန်ကန်ပုံစံ နှစ်မျိုးလုံးကို ပိုင်ဆိုင်ထားတဲ့ သူမက JAV လောကထဲမှာ အချိန်တိုအတွင်းကို အောင်မြင်လာခဲ့တယ်။

    စီနီယာတွေကို ကျော်တက်ပြီး JAV လောကရဲ့ နံပါတ် (၁) မင်းသမီးအဖြစ် အချိန်အတော်ကြာ ရပ်တည်နိုင်ခဲ့တယ်။

    Mm News.xyz 2026 02 24 172844

    နောက်တစ်ခုက Korean Culture ဟာလည်း သူမအပေါ်မှာ influence ရှိပုံရတယ်။

    “I-DLE” အဖွဲ့က “Yuqi” ၊ “NMIXX” အဖွဲ့က “Oh Hae Won” တို့အပြင် အခြား female idol တွေရဲ့ လေဆိပ်ဖက်ရှင်တွေကိုလည်း “Ichika” ဆီမှာ မြင်တွေ့ရလေ့ရှိတယ်။

    Mm News.xyz 2026 02 24 172835

    ကိုရီးယားစကားကိုလည်း အတော်အသင့် ပြောတတ်သလို ၊ နားလည်းလည်တယ်။

    ဒါကြောင့်လည်း သူမက တောင်ကိုရီးယားမှာ fan meeting တွေဘာတွေလုပ်ဖူးတယ်။

    Mm News.xyz 2026 02 24 172809

    ဒါ့အပြင် တောင်ကိုရီးယားက streamer အချို့ရဲ့ video တွေမှာလည်း သူမက ဧည့်သည်အနေနဲ့ပါဝင်ခဲ့ဖူးသေးတယ်။

    Mm News.xyz 2026 02 24 172744

    ဘာပဲဖြစ်ဖြစ် ငွေကြေးလိုအပ်ချက်အရ AV မင်းသမီးဖြစ်လာပေမယ့် သူမကိုယ်တိုင် မရည်ရွယ်ထားလောက်တဲ့ အောင်မြင်မှုမျိုးကို သူမဟာ လက်ရှိပိုင်ဆိုင်ထားပြီလို့ပြောလို့ရတယ်။

  • အရှေ့တောင်အာရှရှိ အွန်လိုင်းငွေလိပ်ဂိုဏ်းများကို နှိမ်နင်းရန် အမရိကန် (FBI) ဦးဆောင်မည်

    အရှေ့တောင်အာရှရှိ အွန်လိုင်းငွေလိပ်ဂိုဏ်းများကို နှိမ်နင်းရန် အမရိကန် (FBI) ဦးဆောင်မည်

    အရှေ့တောင်အာရှနိုင်ငံများတွင် အခြေစိုက်ပြီး ခေတ်မီနည်းပညာများဖြင့် နယ်စပ်ဖြတ်ကျော် အွန်လိုင်းငွေလိမ်နေသည့် ဂိုဏ်းများနှင့်ကွန်ရက်များကို တိုက်ဖျက်ရာတွင် အမေရိကန် ဖက်ဒရယ် စုံစမ်းစစ်ဆေးရေးဗျူရို (FBI) က ဆက်လက်ဦးဆောင်သွားရန် အပြည့်အဝ သန္နိဋ္ဌာန်ချထားသည်ဟု အဆိုပါအဖွဲ့၏ ဒုတိယလက်ထောက်ညွှန်ကြားရေးမှူး စကော့ ရှဲလ်ဘဲလ် ယနေ့(ဖေဖော်ဝါရီလ ၂၄ ရက်) နံနက်ပိုင်းတွင် U.S. Department of State’s Asia Pacific Media Hub က အွန်လိုင်းမှတဆင့် ပြုလုပ်သည့် အထူးသတင်းစာရှင်းလင်းပွဲ၌ ပြောသည်။

    ထိုင်း၊ ကမ္ဘောဒီးယားနှင့် ဗီယက်နမ်နိုင်ငံများသို့ တရားဝင်သွားရောက်ခဲ့ပြီးနောက် ရှဲလ်ဘဲလ်က တရုတ်အခြေစိုက် ရာဇဝတ်ဂိုဏ်းများသည် အမေရိကန်နိုင်ငံသားများကို နေ့စဉ်ပစ်မှတ်ထားနေသည့် အွန်လိုင်းလိမ်လည်မှု အမြောက်အများကို လုပ်ဆောင်နေကြောင်း သတိပေးခဲ့သည်။

    မကြာသေးမီက ပြုလုပ်ခဲ့သော သတင်းစာရှင်းလင်းပွဲတစ်ခုတွင် ရှဲလ်ဘဲလ်က အဆိုပါ အွန်လိုင်းငွေလိမ်ဂိုဏ်းတို့၏ လုပ်ငန်းစဉ်များသည် အံ့ဩတုန်လှုပ်ဖွယ်ရာ ဖြစ်သည်ဟုဆိုသည်။

    ၂၀၂၅ ခုနှစ် တစ်နှစ်တည်းတွင်ပင် FBI ၏ အင်တာနက်ရာဇဝတ်မှု တိုင်ကြားရေးဗဟိုဌာန (IC3) သို့ တိုင်ကြားမှုပေါင်း ၈၀,၀၀၀ကျော် ရောက်ရှိခဲ့ပြီး ငွေကြေးဆုံးရှုံးမှုပမာဏသည် အမေရိကန်ဒေါ်လာ ၂ ဒသမ ၉ ဘီလီယံထက် ကျော်လွန်ခဲ့သည်ဟုလည်း ဆိုသည်။

    “အဲ့ဒီအဆောက်အအုံတွေကို အဝေးကနေ ကြည့်ရုံနဲ့တင် ဒီလုပ်ငန်းတွေ ဘယ်လောက်ကြီးမားသလဲ ဆိုတာကို ကိုယ်တိုင်မမြင်မချင်း အပြည့်အဝ နားလည်ဖို့ မဖြစ်နိုင်ပါဘူး” ဟု ရှဲလ်ဘဲလ်က ၎င်းကိုယ်တိုင် သွားရောက်လေ့လာခဲ့သည့် အခြေအနေကိုရည်ညွှန်း၍ ပြောသည်။

    ယင်းရာဇဝတ်မှုများသည် သီးခြားဖြစ်ပွားနေသည့် ရာဇဝတ်မှုများမဟုတ်ဘဲ ဆိုက်ဘာလိမ်လည်မှု၊ လူကုန်ကူးမှုနှင့် ငွေခဝါချမှုတို့ကို ပေါင်းစပ်လုပ်ဆောင်နေသည့် အရင်းအနှီး အမြောက်အမြားရှိသော ရာဇဝတ်လုပ်ငန်းစုကြီးများ ဖြစ်သည်ဟုလည်း ဆိုသည်။

    “တရုတ်နိုင်ငံသားတွေ ဦးဆောင်တဲ့ ရာဇဝတ်ဂိုဏ်းတွေဟာ နယ်စပ်တွေ၊ နည်းပညာတွေနဲ့ အားနည်းတဲ့သူတွေကို အသုံးချပြီးအကျိုးအမြတ် အမြောက်အမြားရအောင် လုပ်ဆောင်နေတဲ့ ခေတ်မီပြီး အရင်းအနှီးများတဲ့ ရာဇဝတ်လုပ်ငန်းစုတွေကတဆင့်အမေရိကန်နိုင်ငံသားတွေကို နေ့စဉ်နဲ့အမျှ ငွေလိမ်ပစ်မှတ်ထားနေတာဖြစ်ပါတယ်” ဟု ရှဲလ်ဘဲလ်က ဆိုသည်။

    ထိုင်းနိုင်ငံရဲတပ်ဖွဲ့နှင့် FBI တို့၏ လုပ်ငန်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုသည် အောင်မြင်မှုအတွက် အဓိကစံနမူနာဖြစ်ပြီး လက်ရှိတွင် FBI အေးဂျင့်များကို ထိုင်းပူးတွဲစစ်ဆင်ရေးတပ်ဖွဲ့များနှင့် တိုက်ရိုက်ပူးပေါင်းလုပ်ဆောင်ရန် စေလွှတ်ထားသည်ဟုလည်း ရှဲလ်ဘဲလ်ကဆိုသည်။

    ဖမ်းဆီးနှိမ်နင်းမှုများကို ကြုံတွေ့ရသည့်အခါ အဆိုပါဂိုဏ်းများသည် နယ်စပ်များကို ကျော်ဖြတ်ပြီး အလွယ်တကူ ရွှေ့ပြောင်းသွားတတ်သောကြောင့် ဒေသတွင်း တစ်ညီတစ်ညွတ်တည်း တုံ့ပြန်ဆောင်ရွက်ရန် လိုသည်ဟုလည်း ရှဲလ်ဘဲလ်က အလေးပေးပြောဆိုခဲ့သည်။

    “ဒါဟာ ကမ္ဘောဒီးယား တစ်နိုင်ငံတည်းရဲ့ ပြဿနာမဟုတ်သလို၊ ဗီယက်နမ် ဒါမှမဟုတ် ထိုင်းတစ်နိုင်ငံတည်းရဲ့ ပြဿနာလည်းမဟုတ်ပါဘူး။ ဒါဟာ ဒေသတွင်း ပြဿနာဖြစ်ပါတယ်” ဟု ရှဲလ်ဘဲလ်က ဆိုသည်။

    ငွေကြေးဆုံးရှုံးမှုများအပြင် ဘဝများလည်း ဆုံးရှုံးနစ်နာရကြောင်း၊ အမေရိကန်နိုင်ငံသား အများအပြားသည် ၎င်းတို့တစ်သက်စာ စုဆောင်းထားသမျှ ဆုံးရှုံးခဲ့ရသလို၊ လူကုန်ကူးခံရသူများသည် လည်း အဆိုပါ ဂိုဏ်းဝင်းများအတွင်း အဓမ္မစေခိုင်းခြင်း ခံနေရသည်ဟုလည်း ပြောသည်။

    သတင်းစာရှင်းလင်းပွဲအပြီးတွင် ရာဇဝတ်ဂိုဏ်းများအား ပြင်းထန်စွာ သတိပေးခဲ့ပြီး အမေရိကန်၏ ရပ်တည်ချက်ကို ရှင်းလင်းစွာ ပြောခဲ့သည်မှာ “အမေရိကန်နိုင်ငံသားတွေကို ပစ်မှတ်ထားနေမယ်ဆိုရင် နယ်စပ်စည်းခြားထားတာတွေက သူတို့ကို ကာကွယ်ပေးနိုင်လိမ့်မယ်လို့ ရာဇဝတ်သားတွေအနေနဲ့ မယုံကြည်သင့်ပါဘူး။ မင်းတို့ ဘယ်မှာရှိသလဲဆိုတာ ငါတို့သိတယ်။ မင်းတို့ကိုဖမ်းဖို့ ငါတို့ လာနေပြီ” ဟူ၍ ဖြစ်သည်။

    (အမေရိကန်နိုင်ငံ ဝါရှင်တန်ဒီစီမြို့ရှိ Federal Bureau of Investigation (FBI) ၏ ဌာနချုပ် အဆောက်အအုံ မြင်ကွင်းကို တွေ့ရစဉ်။ ဓာတ်ပုံ − AFP)

  • သာကောကြီးက စိတ်ဓာတ်ဖဲ

    သာကောကြီးက စိတ်ဓာတ်ဖဲ

    သာကောကြီးက စိတ်ဓာတ်ဖဲနော်။

    ဒါမျိုး မအလ သိရင် ကြေကွဲမှာ အသေချာပဲ။

    ခေါင်းဆောင်ကောင်းဆိုတာ ဒါပါပဲ ကြိုက်သလောက်ဝေဖန်တိုက်ခိုက်ကြပါစေ ပြည်သူအတွက်ဆို ရဲရဲဝံ့ဝံ့ ချီတက်နေဆဲ…

    အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီရို၊ တရုတ် နိုင်ငံခြားရေးဝန်ကြီးဝမ်ယိတို့နဲ့ အတူတွေ့ရတဲ့ NUG နိုင်ငံခြားရေး ဝန်ကြီးဒေါ်ဇင်မာအောင် ဂုဏ်ယူလျက်ပါ ဝန်ကြီးရေ။ ဟိုဘက်ရပ်ကွက်ကမြင်ရင်တော့ လောင်နေတော့မှာပဲ။

    ဒီနှစ် တက်ရောက်ဖြစ်တဲ့ Munich Security Conference (2026) မှာတော့ ကမ္ဘာ့ခေါင်းဆောင် တွေ၊ နိုင်ငံခြားရေးဝန်ကြီးတွေနဲ့ အတူ Opening session တက်ရောက်ခဲ့သလို နောက်ဆက်တွဲ ဆက်စပ် Side meeting များကတော့ ယခင်နှစ်များ အတိုင်းပါပဲ။

    မှတ်မှတ်ရရ ဖြစ်တာ တစ်ခုက တော့ Opening session အပြီး – အမေရိကန် ပြည်ထောင်စု နိုင်ငံခြားရေး ဝန်ကြီး Secretary မာကိုရူဘီရို နဲ့ တရုတ်ပြည်သူ့သမ္မတနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဝမ်ယိ တို့ရဲ့ လက်ရှိ ကမ္ဘာ့အရေး အပေါ် ၄င်းတို့ရဲ့ မူဝါဒ ရပ်တည်ချက် တွေကို ပြောကြား ကြတဲ့ The US in the World နဲ့ The China in the World session နှစ်ခုကို ဂရုတစိုက် တက်ရောက်ဖြစ် ပါတယ်။

    တခြားအစီအစဉ် တွေ့ ဆုံမှုတွေ လည်း ဆက်လက် တင်ပြပါ့မယ်။

    အရှေ့က video message မှာ ပြောခဲ့သလိုပဲ တာဝန်ကျေပွန်အောင် ရသမျှ space ၊ ရောက်သမျှ နေရာမှာ တော်လှန်ရေးတာဝန် ဖြစ်တဲ့ စစ်အာဏာရှင်( စနစ်) ပြုတ်ကျရေးနဲ့ ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးအတွက် အထောက်အပံ့ ဖြစ်နိုင်သမျှ ဖြစ်အောင် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်းပါ။

    641570696 1434670581731541 4300936374418468109 N

    641577649 1434670621731537 5165806732295042002 N

    641588101 1434670545064878 7420655482502327714 N

    641591165 1434670661731533 7881959931871895392 N

    641606777 1434670798398186 3938849145593693562 N

    641609358 1434670831731516 4189784234232573617 N

    641617261 1434670758398190 6169485276392000459 N

    641627028 1434670725064860 9191000130436913330 N

    MSC26

    Zin Mar Aung အမျိုးသားညီညွတ်ရေးအစိုးရ