သာကောကြီးက စိတ်ဓာတ်ဖဲနော်။

ဒါမျိုး မအလ သိရင် ကြေကွဲမှာ အသေချာပဲ။

ခေါင်းဆောင်ကောင်းဆိုတာ ဒါပါပဲ ကြိုက်သလောက်ဝေဖန်တိုက်ခိုက်ကြပါစေ ပြည်သူအတွက်ဆို ရဲရဲဝံ့ဝံ့ ချီတက်နေဆဲ…

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီရို၊ တရုတ် နိုင်ငံခြားရေးဝန်ကြီးဝမ်ယိတို့နဲ့ အတူတွေ့ရတဲ့ NUG နိုင်ငံခြားရေး ဝန်ကြီးဒေါ်ဇင်မာအောင် ဂုဏ်ယူလျက်ပါ ဝန်ကြီးရေ။ ဟိုဘက်ရပ်ကွက်ကမြင်ရင်တော့ လောင်နေတော့မှာပဲ။

ဒီနှစ် တက်ရောက်ဖြစ်တဲ့ Munich Security Conference (2026) မှာတော့ ကမ္ဘာ့ခေါင်းဆောင် တွေ၊ နိုင်ငံခြားရေးဝန်ကြီးတွေနဲ့ အတူ Opening session တက်ရောက်ခဲ့သလို နောက်ဆက်တွဲ ဆက်စပ် Side meeting များကတော့ ယခင်နှစ်များ အတိုင်းပါပဲ။

မှတ်မှတ်ရရ ဖြစ်တာ တစ်ခုက တော့ Opening session အပြီး – အမေရိကန် ပြည်ထောင်စု နိုင်ငံခြားရေး ဝန်ကြီး Secretary မာကိုရူဘီရို နဲ့ တရုတ်ပြည်သူ့သမ္မတနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဝမ်ယိ တို့ရဲ့ လက်ရှိ ကမ္ဘာ့အရေး အပေါ် ၄င်းတို့ရဲ့ မူဝါဒ ရပ်တည်ချက် တွေကို ပြောကြား ကြတဲ့ The US in the World နဲ့ The China in the World session နှစ်ခုကို ဂရုတစိုက် တက်ရောက်ဖြစ် ပါတယ်။

တခြားအစီအစဉ် တွေ့ ဆုံမှုတွေ လည်း ဆက်လက် တင်ပြပါ့မယ်။

အရှေ့က video message မှာ ပြောခဲ့သလိုပဲ တာဝန်ကျေပွန်အောင် ရသမျှ space ၊ ရောက်သမျှ နေရာမှာ တော်လှန်ရေးတာဝန် ဖြစ်တဲ့ စစ်အာဏာရှင်( စနစ်) ပြုတ်ကျရေးနဲ့ ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးအတွက် အထောက်အပံ့ ဖြစ်နိုင်သမျှ ဖြစ်အောင် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်းပါ။

641570696 1434670581731541 4300936374418468109 N

641577649 1434670621731537 5165806732295042002 N

641588101 1434670545064878 7420655482502327714 N

641591165 1434670661731533 7881959931871895392 N

641606777 1434670798398186 3938849145593693562 N

641609358 1434670831731516 4189784234232573617 N

641617261 1434670758398190 6169485276392000459 N

641627028 1434670725064860 9191000130436913330 N

MSC26

Zin Mar Aung အမျိုးသားညီညွတ်ရေးအစိုးရ


Leave a Reply

Your email address will not be published. Required fields are marked *