Author: Baby Yit Lone

  • နေပြည်တော် PDF ဒုရင်းမှူးက ရဲဘော်တစ်ဦးကို အပြစ်ပေးရိုက်နှက်၍ သေဆုံး

    နေပြည်တော် PDF ဒုရင်းမှူးက ရဲဘော်တစ်ဦးကို အပြစ်ပေးရိုက်နှက်၍ သေဆုံး

    နေပြည်တော် PDF ဒုရင်းမှူးက ရဲဘော်တစ်ဦးကို အပြစ်ပေးရိုက်နှက်၍ သေဆုံး ရုပ်အလောင်းကို မြေမြုပ်အစဖျောက်ခဲ့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ နေပြည်တော်တိုင်းစစ်ဌာန (နေပြည်တော် PDF) တပ်ရင်း (၈၀၂) ဒုတပ်ရင်းမှူးက ရဲဘော်တစ်ဦးကို အပြစ်ပေး ရိုက်နှက်ခဲ့ခြင်းကြောင့် သေဆုံးခဲ့ရကြောင်း (၈၀၂) ရဲဘော်ဟောင်းတစ်ဦးက ပြောသည်။ အဆိုပါ ရုပ်အလောင်းကို (၈၀၂)တပ်ရင်း ရဲဘော်ဟောင်းတစ်ဦး၏ တိုင်ကြားချက်အရ ကရင်နီပြည်ရဲဌာန(KSP) အပါအဝင် ဆရာဝန်၊ ကျေးရွာတာဝန်ရှိသူများ၊ နယ်မြေခံတော်လှန်ရေးအဖွဲ့အစည်းများက နိုဝင်ဘာ ၂၂ရက်နေ့ကသွားရောက်တူးဖော်ခဲ့သည်။ ထိုသို့ တူးဖော်ရာတွင် နေပြည်တော် PDF (၈၀၂)တပ်ရင်းစခန်းဟောင်း တောင်ဘက် ပေ (၃၀၀)ခန့်အကွာ၌ စောင်ဖြင့် ပတ်ကာ မြုပ်နှံထားသည့် လူငယ် ရုပ်အလောင်းတစ်ခု တွေ့ရှိခဲ့သည်။ ဖြစ်စဥ်မှာ ပြီးခဲ့သည့် ဧပြီလပိုင်းက ထို စခန်းအတွင်း (၈၀၂)…

  • Haunted Harmony Mysteries: Buried at C

    Haunted Harmony Mysteries: Buried at C

    Haunted Harmony Mysteries: Buried at C (2025) ဒီရုပ်ရှင်ကတော့ Tv Movieအမျိုးအစားပါ။ ပြောရရင် ရုံတင်ဖို့မဟုတ်ဘဲ တီဗီလိုင်းမှာ လွှင့်ဖို့ ရိုက်ထားတဲ့ ရုပ်ရှင်မျိုးပဲ။ ဆိုတော့ ဘတ်ဂျက်တွေ ဘာတွေမများဘူးပေါ့။ ဇာတ်လမ်းကတော့ စုံထောက်ဇာတ်ကိုမှ သရဲတွေကို မြင်နေရတဲ့သဘာဝလွန်နဲ့ ဂီတကို ချိတ်ဆက်ထားတယ်။ အဓိကဇာတ်ဆောင် မင်းသမီးက ဂီတဆရာမဖြစ်သလို သူတို့တစ်မိသားစုလုံးကလည်း ဂီတသမားတွေ။ နောက်တစ်ချက်က သူမြင်နေရတဲ့ သရဲကပါ ဂန္တဝင် ဂီတစာဆို သရဲ၊။ ဒီလိုမတူဘူးလို့ထင်ရတဲ့ အကြောင်းအရာ၃ခုကို ချိတ်ဆက်ထားတယ်ဆိုတော့ နည်းနည်းတော့ စိတ်ဝင်စားစရာကောင်းတယ်။ ဇာတ်လမ်းက သရဲနဲ့အတူတူ အမှုလိုက်တဲ့ စုံထောက်ဇာတ်ပေမဲ့လည်း တီဗီမူဗီဆိုတော့လည်း နွေးထွေးတဲ့ ချစ်ခြင်းအကြောင်း ဇာတ်ဝင်ခန်းတစ်ချို့လည်း ပါတယ်။ ဒီထဲက ဒိုင်ယာလော့လေးတစ်ခုဆို တော်တော်သဘောကျစရာကောင်းတယ်။ ဘဝရဲ့အဓိပ္ပာယ်က ကိုယ်ပါရမီပါတဲ့အရာကို…

  • Troll 2

    Troll 2

    Troll 2 (2025) 2022 က နာမည်ကြီးခဲ့တဲ့ နော်ဝေး ဒဏ္ဍာရီလာ သတ္တဝါကားဖြစ်တဲ့ Troll ရဲ့ အဆက်ပဲဖြစ်ပါတယ်။ နော်ဝေး စိတ်ကူးယဉ် ရုပ်ရှင်ကောင်းတစ်ခုလာပါပြီ။ အမေရိကန်မှာကင်းကောင် ဂျပန်မှာ ဂေါ်ဇီလာဆိုသလို နော်ဝေးပုံပြင်တွေမှာလည်း ဘီလူးကြီးတွေဟာ မပါမဖြစ်ပါ။ နော်ဝေးမှာ ခရစ်ယာန်သာသနာ စတင်ပြန့်ပွားစဉ်က ဘီလူးတွေနဲ့ လူတွေတိုက်ပွဲဖြစ်ခဲ့ပြီး ဘီလူးတွေမျိုးတုံးသွားတဲ့ ပုံပြင်တွေရှိခဲ့ပါတယ်။ အဲဒီဘီလူးတွေဟာ ခရစ်ယာန်တွေကိုမုန်းတယ်၊ ဘုရားကျောင်းတွေကို ကျောက်တုံးကြီးတွေနဲ့ထုတယ်၊ နေရောင်နဲ့တွေ့ရင် ကျောက်ဖြစ်ပြီး သေသွားတယ်ဆိုတဲ့ အချက်တွေ ရှိခဲ့ပါတယ်။ ဒါတွေအားလုံးဟာ နော်ဝေးဒဏ္ဍာရီတွေကနေ စတင်ခဲ့တာပါ။ နော်ဝေးတွေဟာ ဒဏ္ဍာရီအပိုင်းမှာတော့ အတော်ခိုင်လုံတဲ့ ဇာတ်ကောင်တွေနဲ့ဇာတ်အိမ်တွေရှိခဲ့တာအမှန်ပါပဲ။ စိတ်ကူးယဉ် စာပေလောကမှာ နတ်ဘုရားတစ်ပါးလိုဖြစ်တဲ့ The Lord of the Rings ရဲ့ စာရေးဆရာကြီး ဂျေအာအာတိုကင်းန်တောင်…

  • Seven Miles From Forever

    Seven Miles From Forever

    Seven Miles From Forever (2025) ဇာတ်လမ်းအေးအေးနဲ့ ငြိမ့်ငြိမ့်လေး စီးမျောချင်ကြသူ ပရိတ်သတ်တွေအတွက်ဖေးနဲ့ ဂျော့ရှ်တို့က Forever ဆိုတဲ့ စာသားသောက်ဆိုင်လေးမှာ မမျှော်လင့်ဘဲ တွေ့ဆုံခဲ့ကြပြီး တစ်ယောက်နဲ့တစ်ယောက် စကားတွေဖလှယ်ခဲ့ကြရာကနေ အချစ်ဇာတ်လမ်း‌လေး တစ်ခုစတင် ပေါ်ပေါက်လာခဲ့ပါတယ်။ သူတို့ ဘဝပျော်ရွှင်စွာ ဖြတ်သန်းနေကြရင်း တစ်နေ့မှာ ဂျော့ရှ်ရဲ့ ဇနီးသည် ထွက်သွားရာကနေ ပြန်လည်ရောက်ရှိလာပြီး တောင်းပန်ကာ ပြန်လည်ပေါင်းဖက်ဖို့ကြိုးစားလာတဲ့အခါ… တစ်ဖက်မှာလည်း ဖေးရဲ့ ရည်းစားဟောင်း က ဖေးကိုပြန်လည် ပိုင်ဆိုင်ခွင့်ရဖို့ ကြိုးစားလာတဲ့အခါ… ဂျော့ရှ်နဲ့ ဖေးတို့ရဲ့ အချစ်ဇာတ်လမ်းလေး ဘယ်လိုဆက်ဖြစ်ကြမလဲဆိုတာ…

  • The Lost Tiger

    The Lost Tiger

    The Lost Tiger (2025) တီယို ဆိုတဲ့ ဒဏ္ဍာရီလာ ကျားမျိုးနွယ်ဝင် ကျားပေါက်လေးဟာ လမ်းဘေးမှာ စွန့်ပစ်ခြင်းခံခဲ့ရပါတယ်။ တီယိုလေး ကို ရိုမေးနီးယားနပန်းဖျော်ဖြေရေးမိသားစု က ရှာတွေ့ပြီး ကောက်ယူမွေးစားလိုက်တဲ့အခါမှာ တီယို လေးလည်း နပန်းဖျော်ဖြေရေးအဖွဲ့ဝင်တစ်ယောက်ဖြစ်လာပါတော့တယ်။ သားပိုက်ကောင်မိသားစုက နွေးထွေးပေမဲ့ တီယိုလေးကတော့ အမြဲတမ်း ကွဲပြားနေတဲ့ လူထူးဆန်းတစ်ယောက်လို ခံစားခဲ့ရပါတယ်။ တစ်နေ့မှာတော့ မိသားစုလိုက် ပြတိုက်ကို အလည်သွားရင်း ပြတိုက်သန့်ရှင်းရေးသမားတစ်ယောက်နဲ့ ဆုံမိရင်း တီယို ရဲ့ မိသားစု အစစ်အမှန်ရှိရာ ဒဏ္ဍာရီလာ ပျောက်ဆုံးနေသောကျွန်း အကြောင်း တစ်စွန်းတစ်စ သိလာခဲ့ရပါတယ်။ သား ကို ဆုံးရှုံးရမှာ ကြောက်တဲ့ တီယို ရဲ့ မွေးစားမိခင်က တီယို့ကို ပြတိုက်ကနေ ဆွဲခေါ်လာခဲ့ပေမဲ့ တီယို ရဲ့ စိတ်မှာတော့…