Troll 2

Troll 2 (2025)

2022 က နာမည်ကြီးခဲ့တဲ့ နော်ဝေး ဒဏ္ဍာရီလာ သတ္တဝါကားဖြစ်တဲ့ Troll ရဲ့ အဆက်ပဲဖြစ်ပါတယ်။

နော်ဝေး စိတ်ကူးယဉ် ရုပ်ရှင်ကောင်းတစ်ခုလာပါပြီ။

အမေရိကန်မှာကင်းကောင် ဂျပန်မှာ ဂေါ်ဇီလာဆိုသလို နော်ဝေးပုံပြင်တွေမှာလည်း ဘီလူးကြီးတွေဟာ မပါမဖြစ်ပါ။

နော်ဝေးမှာ ခရစ်ယာန်သာသနာ စတင်ပြန့်ပွားစဉ်က ဘီလူးတွေနဲ့ လူတွေတိုက်ပွဲဖြစ်ခဲ့ပြီး ဘီလူးတွေမျိုးတုံးသွားတဲ့ ပုံပြင်တွေရှိခဲ့ပါတယ်။

အဲဒီဘီလူးတွေဟာ ခရစ်ယာန်တွေကိုမုန်းတယ်၊ ဘုရားကျောင်းတွေကို ကျောက်တုံးကြီးတွေနဲ့ထုတယ်၊ နေရောင်နဲ့တွေ့ရင် ကျောက်ဖြစ်ပြီး သေသွားတယ်ဆိုတဲ့ အချက်တွေ ရှိခဲ့ပါတယ်။

ဒါတွေအားလုံးဟာ နော်ဝေးဒဏ္ဍာရီတွေကနေ စတင်ခဲ့တာပါ။

နော်ဝေးတွေဟာ ဒဏ္ဍာရီအပိုင်းမှာတော့ အတော်ခိုင်လုံတဲ့ ဇာတ်ကောင်တွေနဲ့ဇာတ်အိမ်တွေရှိခဲ့တာအမှန်ပါပဲ။

စိတ်ကူးယဉ် စာပေလောကမှာ နတ်ဘုရားတစ်ပါးလိုဖြစ်တဲ့ The Lord of the Rings ရဲ့ စာရေးဆရာကြီး ဂျေအာအာတိုကင်းန်တောင် ဘီလူးတွေကို နော်ဝေးကနေ အခြေခံခဲ့တာပါ။

ဒဏ္ဍာရီအရ နော်ဝေးကို ခရစ်ယာန်အဖြစ် ပြောင်းလဲချိန်မှာ ဘုရားကျောင်းကနေ ဘီလူးတွေကို ရှင်းလင်းပစ်ခဲ့ပါတယ်။

ဒါပေမဲ့ ဘီလူးဘုရင်က မသေဘဲ ကျန်နေခဲ့ပြီး နော်ဝေးတစ်နိုင်ငံလုံးကို လက်စားချေဖို့ ကြိုးစားလာတဲ့အခါ ဘယ်လို ရင်ဆိုင်ကြရမလဲဆိုတာ ကြည့်ရမှာပဲ…


Comments

Leave a Reply

Your email address will not be published. Required fields are marked *