Author: Baby Yit Lone

  • စစ်ခေါင်းဆောင် မန္တလေးရောက်နေချိန် ရွေးကောက်ပွဲ ဆန့်ကျင်လူထုလှုပ်ရှားမှုပြုလုပ်

    စစ်ခေါင်းဆောင် မန္တလေးရောက်နေချိန် ရွေးကောက်ပွဲ ဆန့်ကျင်လူထုလှုပ်ရှားမှုပြုလုပ်

    အာဏာရှင်စနစ် ဆန့်ကျင်ရေး၊ စစ်ကောင်စီရဲ့ရွေးကောက်ပွဲတိုက်ဖျက်ရေး “No vote just trap” လူထုလှုပ်ရှားမှု တခုကို မန္တလေးမြို့တွင်း လူစည်ကားရာနေရာတွေမှာ ပြုလုပ်ခဲ့ပါတယ်။ No Vote Just Trap “မဲမပေးနဲ့ ထောင်ချောက်” စာတန်းပါ အင်္ကျီကိုဝတ်ဆင်ပြီး မန္တလေးရဲ့ အထင်ကရ နေရာတွေမှာ လက်သုံးချောင်းထောင် ဆန္ဒထုတ်ဖော်ခဲ့ကြတာဖြစ်ပါတယ်။ ဒီလူထုလှုပ်ရှားမှုကိုတော့ စစ်ခေါင်းဆောင် မန္တလေးကို ရောက်နေချိန်မှာပဲ မန္တလေးမြို့ ဘုရားကြီး၊ မန္တလေးတောင်တော် ခြင်္သေ့ကြီးနှစ်ကောင်၊ ဈေးချိုတော် နာရီစင်၊ ကျုံးဘေး၊ စည်ပင်ရုံးရှေ့၊ ဘုရားပွဲခင်းနဲ့ အထင်ကရ လမ်းမကြီးတွေမှာ ပြုလုပ်ခဲ့တာလို့ သိရပါတယ်။

  • ဘုတလင် စစ်ရှောင်စခန်းကို စစ်တပ်က မီးရှို့ဖျက်ဆီး

    ဘုတလင် စစ်ရှောင်စခန်းကို စစ်တပ်က မီးရှို့ဖျက်ဆီး

    စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်ထဲမှာရှိတဲ့ နှစ်ရှည်​ စစ်ဘေးရှောင်စခန်းတခုကို စစ်ကောင်စီတပ်က အောက်တိုဘာ ၄ ရက်မှာ ဝင်ရောက်မီးရှို့ဖျက်ဆီးသွားလို့ စစ်ဘေးရှောင်တွေ ထပ်မံထွက်ပြေးနေကြရတယ်လို့ ​ဒေသခံတွေဆီကနေ သိရပါတယ်။ ဒေသခံတယောက်က “ဘုတလင်မြို့နယ်ထဲမှာရှိတဲ့ ဇီးတောအနောက်ရွာနားက စစ်ဘေးရှောင်တွေ နေထိုင်ကြတဲ့ အရပ်အခေါ် တဲတိုက်စစ်ရှောင်စခန်းတွေကို စစ်တပ်စစ်ကြောင်းက လာရောက်မီးရှို့ဖျက်ဆီးသွားကြတာ” လို့ ပြောပါတယ်။ စစ်ကောင်စီစစ်ကြောင်းဟာ မုံရွာ နမခ ကနေ အောက်တိုဘာ ၃ ရက်မှာ စတင်ထွက်လာတာဖြစ်ပြီး ဇီးတောအနောက်ကျေးရွာမှာ တည တပ်စွဲနေခဲ့ကာ ကျေးရွာအနီးမှာ ရှိတဲ့ စစ်ဘေးရှောင်စခန်းကို ဝင်ရောက်စီးနင်း မီးရှို့ဖျက်ဆီးခဲ့ကြတာလို့ ဆိုပါတယ်။ ဘုတလင်မြို့နယ် လူသားစာနာတာဝန်ခံက “ဇီးတောအနောက်ရွာ ဆိုတာက မုံရွာ-ဘုတလင် ကားလမ်းပေါ်က ဘုတလင်မြို့နယ်အဆုံးမှာ ရှိတဲ့ ရွာတရွာ ဖြစ်ပါတယ်။ မုံရွာ နမခ က ထွက်လာတဲ့…

  • ရန်ကုန်တွင် ရဲစခန်းနှင့် အုပ်ချုပ်ရေးရုံး ၂ ရုံးကို တော်လှန်ရေးပူးပေါင်းအဖွဲ့ တိုက်ခိုက်

    ရန်ကုန်တွင် ရဲစခန်းနှင့် အုပ်ချုပ်ရေးရုံး ၂ ရုံးကို တော်လှန်ရေးပူးပေါင်းအဖွဲ့ တိုက်ခိုက် မဇ္ဈိမ။ ။ ရန်ကုန်တိုင်း ဗဟန်း၊ မြောက်ဥက္ကလာပ၊ တောင်ဥက္ကလာပ စသည့်မြို့နယ်များတွင် ရဲစခန်းနှင့် ရပ် ကွက်အုပ်ချုပ်ရေးမှူးရုံး နှစ်ရုံး ဗုံးသီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းခံခဲ့ရကြောင်း ရန်ကုန်တိုင်းအတွင်း စစ်ရေးလှုပ်ရှားမှူများ ပြုလုပ်နေသည့် မြပြပြောက်ကျားတပ်များထံမှ သိရသည်။ မြောက်ဥက္ကလာပမြို့နယ် ရွှေပေါက္ကံမြို့သစ် (၂၂) ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးအား ယမန်နေ့ (စက်တင် ဘာလ ၃၀ ရက်) ည ၁၀ နာရီ ၅၀ မိနစ်အချိန်တွင် Yangon Army (YA) နှင့် အနောက်ပိုင်းခရိုင်ပကဖ ပူးပေါင်းအဖွဲ့က ပြင်းအားနြှင့် မိုင်းတလုံး၊ လက်ပစ်ဗုံးနှစ်လုံးတို့ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း YA တာဝန်ရှိသူက ပြောသည်။ “ အုပ်ကြီးအပါလေးယောက်…

  • တောသားတွေပေါနေလို့သာ ရပ်တည်နိုင်တာ

    “ဘယ်လိုပဲ ဖျော်ဖြေရေး လို့ ပြောပြော နိုင်ငံတနိုင်ငံရဲ့ အရည်အချင်းက အဲ့နိုင်ငံမှာ ရုံတင်နေတဲ့ ဇာတ်ကားတွေအပေါ်အများကြီး မူတည်တယ်” India ဆို အရင်က လာဘ်ပေးလာဘ်ယူမှုတွေ တအားပေါတယ် ။ အာ့တာတွေကို သူတို့အနုပညာရှင်တွေက တိုက် ထုတ်ချင်တဲ့အခါ သူတို့ဇာတ်ကားတိုင်းမှာ အကျင့်ပျက်ခြစားမှုတွေကို ဆန့်ကျင်ကြောင်းအမြဲပါတယ်။ အကျင့်ပျက်ခြစားတာက ရှက်စရာကောင်းမှန်း လူကြီးတွေမသိရင်တောင် သူတို့ သားသမီးတွေနားလည်ပြီး ရွံရှာတတ်အောင်သင်ပေးနေတာ။ အာ့အတွက်လည်း လက်ရှိ india မာ လာဘ်ပေးလာဘ်ယူမှု အတိုင်းတာတခုထိ ပပျောက်သွားတယ်။ Korea drama တွေမှာဆို အမြဲ တယောက်နဲ့တယောက် ယှဥ်ပြိုင်မှုတွေ ရိုးရိုးသားသားကြိုးစားမှုတွေ ကိုမြင်ရလိမ့်မယ် ။ အာ့ကြောင့်လည်း ကျောက်ဆောင်တွေပေါပြီး စိုက်ပျိုးရေးမြေမရှိလို့ အရင်က ဖုန်းဆိုးမြေကြောင့် အာလူးပဲစားခဲ့ရတဲ့ နိုင်ငံတခုက အခုထိ ယှဥ်ပြိုင်ကြိုးစားတဲ့ ဇာတ်လမ်းတွေပဲ…

  • သထုံမှာ အသက်မပြည့်သေးတဲ့သူတွေအပါအဝင် ဒေသခံ ၃၀ ကျော် ဖမ်းဆီးခံရ

    သထုံမှာ အသက်မပြည့်သေးတဲ့သူတွေအပါအဝင် ဒေသခံ ၃၀ ကျော် ဖမ်းဆီးခံရ သထုံ၊ စက်တင်ဘာ ၃၀ မွန်ပြည်နယ် သထုံမြို့နယ် ကရင်လေးဆိပ်ကျေးရွာကို စစ်ကော်မရှင်တပ် ဝင်ရောက်စီးနင်းပြီးနောက် အသက်မပြည့်သေးတဲ့ ကလေးတွေအပါအဝင် ဒေသခံ ၃၀ ကျော်ကို ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ အင်အား ၅၀ ကျော်ပါတဲ့ စစ်ကော်မရှင်တပ်နဲ့ ရဲတပ်ဖွဲ့ ပူးပေါင်းအဖွဲ့တွေဟာ စက်တင်ဘာ ၂၈ ရက်နေ့ မနက် ၅ နာရီကျော်လောက်မှာ ကရင်လေးဆိပ်ကျေးရွာကို ဝင်ရောက်စီးနင်းခဲ့တာပါ။ အဲဒီနောက် စစ်ကော်မရှင်တပ်ဟာ အသက် ၁၃ နှစ်အရွယ်တွေဖြစ်တဲ့ ကလေးငယ် ၅ ဦး ၊ အမျိုးသ မီး ၁၀ ဦးနဲ့အမျိုးသား ၁၅ ဦးထက်မနည်း ၊ စုစုပေါင်း ၃၀…