Author: Baby Yit Lone
-

ရန်ကုန်အတွက် ရာဇသံ
ရန်ကုန်တိုင်းမှာ မကြာမီစစ်ရေးဖော်ဆောင်တော့မယ်လို့ အမှတ်(၂)နယ်မြေစစ်ဆင်ရေးမှူး ပြော ၂၀၂၆ မှာ မဟာမိတ်တွေနဲ့လက်တွဲပြီး တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ စစ်ဆင်ရေးအရှိန်မြှင့်မယ် တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ စစ်ဆင်ရေးတွေ တပြိုင်တည်းလုပ်ဆောင်နေသလို ရန်ကုန်တိုင်းမှာလည်း မကြာမီစစ်ရေးဖော်ဆောင်တော့မယ်လို့ အမှတ်(၂) စစ်ဆင်ရေးနယ်မြေ၊စစ်ဆင်ရေးမှူး ရဲဘော်တင်ဦးက ပြောကြားပါတယ်။ ရဲဘော်တင်ဦးဟာ လက်တလော တိုက်ပွဲတွေဖော်ဆောင်နေတဲ့ ပဲခူးတိုင်းစစ်ဒေသ၊ အမှတ်(၂)စစ်ဆင်ရေးနယ်မြေ၊စစ်ဆင်ရေးမှူး ဖြစ်ပါတယ်။ ဇန်နဝါရီ ၉ရက်ညပိုင်းက ရဲဘော်တင်ဦးနဲ့ ဆက်သွယ်မေးမြန်းမှုမှာ ရန်ကုန်တိုင်းစစ်ရေးအခြေအနေနဲ့ ပတ်သက်ပြီး အထက်ပါအတိုင်း ပြောကြားတာ ဖြစ်ပါတယ်။ “ရန်ကုန်တိုင်းစစ်ဌာနအနေနဲ့ ကျစ်ကျစ်လစ်လစ်ဖြစ်အောင်စုဖွဲ့ပြီးတော့ ရန်ကုန်ကို ကျွန်တော်တို့ထိုးစစ်ဆင်နိုင်ဖို့ ပြင်ဆင်နေပါတယ်။ မကြာမီလည်း စစ်ဆင်ရေးတွေ မြင်တွေ့ရပါလိမ့်မယ်။” လို့ ရန်ကုန်တိုင်းစစ်ရေးနဲ့ပတ်သက်ပြီး မေးမြန်းမှုကို ဖြေကြားပါတယ်။ အမျိုးသားညီညွှတ်ရေးအစိုးရ(NUG)ရဲ့ ကာကွယ်ရေးဝန်ကြီးဌာနအနေနဲ့ ၂၀၂၆ မှာ မဟာမိတ်တွေနဲ့ လက်တွဲပြီး တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ စစ်ဆင်ရေးတွေ အရှိန်မြှင့်သွားမယ်လို့လည်း ဆိုပါတယ်။…
-

Elaichi Ek Prem Katha
Elaichi Ek Prem Katha (2026) စိတ်၏စေရာ အိမ်ထောင်သည်တွေကြည့်သင့်တဲ့ အချစ်ဒရာမာဇာတ်ကားလေးတစ်ကားနဲ့မိတ်ဆက်ပေးပါမယ်။ ဆာမီးရ်နဲ့ ဗန်ဒါနာ ဆိုတဲ့အိမ်ထောင်သည်အတွဲလေးတစ်တွဲရှိပါတယ်။ ယောကျာ်းဖြစ်သူ ဆာမီးရ်က အချိန်ပြည့်အလုပ်များနေတတ်တဲ့သူတစ်ယောက်ဖြစ်ပြီး မိန်းမဖြစ်သူအပေါ် ဂရုစိုက်အချိန်ပေးတာမျိုးက သိပ်မရှိသလောက်ပါပဲ။ မိန်းမဖြစ်သူ ဗန်ဒါနာက ရိုးရိုးအေးအေးနေတတ်သူဖြစ်ပြီး ယောကျာ်းနဲ့ ယောင်းမဖြစ်သူကို ချက်ပြုတ်ကျွေးမွေးရင်းတစ်နေ့တာကိုကုန်ဆုံးနေတတ်သူပါ။ ဒီလိုနဲ့သူမရဲ့ငယ်သူငယ်ချင်းခပ်ဟော့ဟော့နေတတ်တဲ့ ရူဘီးနားနဲ့ စကားပြောဖြစ်ရင်း ရူဘီးနားကသူတက်နေတဲ့ သရုပ်ဆောင်သင်တန်းအကြောင်းပြောပြပါတယ်။ တစ်နေ့ ရူဘီးနားက သူ့ရဲ့ သင်တန်းဆရာ ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင် အာဒစ်ထ်ယာနဲ့ မိတ်ဆက်ပေးပါတော့တယ်။ အေးအေးဆေးဆေး နေတတ်တဲ့ ဗန်ဒါနာ၊ ယောကျာ်းဆီက ဂရုစိုက်မှုအကြင်နာ တွေလိုအပ်နေတဲ့ ဗန်ဒါနာတစ်ယောက် အာဒစ်ထ်ယာရဲ့ မာယာရေယာဉ်ကြောမှာ ဘယ်လိုတွေမျောပါသွားမလဲ။ နောက်ဆုံး ယောကျာ်းဖြစ်သူ သိသွားမှာလား ဘာတွေဆက်ဖြစ်ကြမလဲဆိုတာ အိမ်ထောင်သည်တွေရဲ့ ဖြစ်လေ့ဖြစ်ထရှိတဲ့အကြောင်းအရာတွေကိုထင်သာမြင်သာအောင်ရိုက်ပြထားတဲ့ အချစ်ဒရာမာ ဇာတ်ကားကောင်းလေးပဲဖြစ်ပါတယ်။ sex…
-

Gunman
Gunman (2025) Cris Tapia Marchiori ရိုက်ကူးပြီး ၂၀၂၅ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ အာဂျင်တီးနား ရုပ်ရှင် “Gatillero” ဟာ အာဂျင်တီးနားနိုင်ငံ၊ Buenos Aires မြို့ပြင်က မူးယစ်ဆေးဝါးဂိုဏ်းတွေရှိတဲ့ Isla Maciel ရပ်ကွက်မှာ တစ်ညတာလုံး အချိန်ယူပြီး ရိုက်ကူးထားတဲ့ အက်ရှင်-သည်းထိတ်ရင်ဖို ရုပ်ရှင်ကားကောင်းတစ်ကား ဖြစ်ပါတယ်။ ဒီဇာတ်ကားရဲ့ အထူးခြားဆုံး အချက်ကတော့ အစအဆုံး အဆက်မပြတ် One-shot ရိုက်ကူးထားခြင်းပဲဖြစ်ပါတယ်။ ဇာတ်လိုက်ဖြစ်တဲ့ El Galgo (သရုပ်ဆောင် – Sergio Podeley) က ထောင်ကနေ မကြာသေးမီကမှ ပြန်လွတ်လာတဲ့ လူဆိုးဟောင်း တစ်ယောက်ပါ။ သူဟာ အရင်သူဌေးဖြစ်ခဲ့တဲ့ ရာဇဝတ်ဂိုဏ်းခေါင်းဆောင် La Madrina ရဲ့ မျက်နှာသာကို ပြန်ရဖို့အတွက်…
-

Legasi: Bomba the Movie
Legasi: Bomba the Movie (2025) Legasi: Bomba The Movie ဟာမလေးရှားနိုင်ငံရဲ့မီးသတ်နှင့်ကယ်ဆယ်ရေးဦးစီးဌာန (Bomba) မှသူရဲကောင်းတွေရဲ့စွန့်လွှတ်စွန့်စားမှုနဲ့သူရဲကောင်းစိတ်ဓာတ်ကိုဂုဏ်ပြုထားတဲ့ အက်ရှင်ဒရာမာဇာတ်ကားတစ်ကားပါ။ ဇာတ်လမ်းအကျဉ်းကတော့ အမီရ်နဲ့သူ့ရဲ့အချစ်ဆုံးသူငယ်ချင်းလည်းဖြစ် အထက်လူကြီးလည်းဖြစ်တဲ့ အက်ဒီတို့အပေါ်အခြေခံထားပါတယ်။ အက်ဒီတစ်ယောက်ရာထူးတိုးနဲ့သူတို့စခန်းကနေပြောင်းရတော့မယ့်ဆဲဆဲ၊ သူ့နေရာကို အမီရ်ဆက်ခံလုဆဲဆဲမှာပဲကြေကွဲစရာလုပ်ငန်းခွင်မတော်တဆမှုတစ်ခုနဲ့ ကွယ်လွန်ခဲ့ရပါတယ်။ အဲ့ဒီမှာတော့ အမီရ်တစ်ယောက် သူလက်ရှိရောက်နေတဲ့နေရာ၊ လုပ်နေရတဲ့ အလုပ်တွေဟာ သူတကယ်လိုချင်တာဟုတ်ရဲ့လား? ပတ်ဝန်းကျင်ရဲ့မျှော်လင့်ချက်တွေ တိုက်တွန်းမှုတွေကို အလေးထားခဲ့တာကြောင့်လားအစရှိတဲ့ဒွိဟတွေနဲ့လုံးပန်းဖို့ဖြစ်လာပါတော့တယ်။ အဲ့ဒီအချိန်မှာပဲ မြို့တော်ရဲ့အမြင့်ဆုံးမိုးမျှော်တိုက်ကြီးဖြစ်တဲ့ TEXVIN 118 မျှော်စင်ဟာ အကြမ်းဖက်သမားတွေတိုက်ခိုက်မှုကြောင့် မီးလောင်ကျွမ်းမှုဖြစ်လာခဲ့ချိန်မှာတော့ အဲ့ဒီက အရေးကြီးကယ်ဆယ်ရေးမစ်ရှင်ကို သူကိုယ်တိုင်ဦးဆောင်ရတော့မှာပါ။ တကယ့်ဖြစ်ရပ်မှန်တွေကိုအခြေခံထားပြီး မလေးရှားမီးသတ်ဝန်ထမ်းတွေရဲ့သတ္တိ စိတ်ဓာတ်နဲ့ စွန့်လွှတ်စွန့်စားမှု၊ စွမ်းဆောင်ရည်တွေကို မြင်တွေ့မှာပါ။ နိုင်ငံတော်ကားပီပီ ဘတ်ဂျက်ကိုကောင်းကောင်းသုံး၊ ခမ်းခမ်းနားနားရိုက်ကူးထားတာဖြစ်တဲ့အတွက် ဇာတ်ကားကောင်းတစ်ကားအဖြစ်ရှုစားရမယ့် ကားဖြစ်ပါတယ်။
-

Mask
Mask (2025) မျက်နှာဖုံး၏နောက်ကွယ် ပုံမှန်တွေ့နေကျ ရိုးရိုးရှင်းရှင်း ရာဇဝတ်မှုကားမျိုးမဟုတ်ဘဲ Dark Comedy Crime Thriller အမျိုးအစားကိုမှခပ်မိုက်မိုက် ပုံဖော်ထားတဲ့ ဇာတ်ကားတစ်ကားပါ။ Money Heist လိုမျိုး ပုံဖော်ထားပြီး ရုံတင်ငွေကလည်း ၃၂ ကုဋေထိပြန်ရထားပါတယ်။ ဒီဇာတ်ကားက ပိုက်ဆံ ကုဋေ ၄၄၀ ပျောက်ဆုံးသွားရာကနေ စတင်တာပါ အဲဒီငွေတွေကို (၇) ရက်အတွင်း ပြန်ရှာဖို့ဖြစ်လာတဲ့အခါမှာတော့ လောဘ၊ သစ္စာဖောက်မှုနဲ့ လှည့်ကွက်တွေကြားမှာ လူသုံးယောက်ရဲ့ အားပြိုင်မှုကို မြင်တွေ့ရမှာပါ။ အဲဒီလူတွေကတော့ကိုယ့်ကျိုးကိုပဲကြည့်တဲ့၊ လူတွေကို လိမ်ညာ blackmail လုပ်ပြီး ပိုက်ဆံရှာတတ်တဲ့ နည်းပညာကျွမ်းကျင်သူ စုံထောက်ဗေလူး၊ ပရဟိတသမားဟန်ဆောင်ထားပေမဲ့ နောက်ကွယ်မှာ အမှောင်လောကသားတွေ၊ နိုင်ငံရေးသမားတွေနဲ့ ပတ်သက်နေတဲ့ လျှို့ဝှက်ချက်များသူ အမျိုးသမီး ဘူမီ၊ ဒီငွေတွေကိုကြားဖြတ်လုယူသွားတဲ့ မျက်နှာဖုံးစွပ် အဖွဲ့တစ်ဖွဲ့ရယ်ပေါ့။…