Author: Baby Yit Lone
-

Bella
Bella (2006) ဒီရုပ်ရှင်က နှလုံးသားထဲမှာ အတိုင်းတာတစ်ခုအထိ နွေးထွေးမှုကို ခံစားရစေနိုင်မယ့် ဇာတ်ကားမျိုးပါ။ ဇာတ်လမ်းက အရမ်းကြီး ဆန်းပြားနေတာမျိုး မဟုတ်ဘဲ နယူးယောက်မြို့ကြီးထဲက လူနှစ်ယောက်ရဲ့ တစ်နေ့တာ ဆုံစည်းမှုကို အရိုးရှင်းဆုံးနဲ့ အလှပဆုံး ပုံဖော်ထားတာ ဖြစ်ပါတယ်။ ဘဝမှာ အကြီးအကျယ် စိတ်ဒဏ်ရာရဖူးတဲ့ လူတစ်ယောက်က အခက်အခဲတွေ့နေတဲ့ အမျိုးသမီးတစ်ယောက်ကို ဘယ်လိုမျိုး နားလည်မှုပေးပြီး အဖော်ပြုပေးသလဲဆိုတာ ကြည့်ရင်းနဲ့ တော်တော်လေး စိတ်ကြည်နူးရပါတယ်။ ဒီကားမှာ အဓိကပြောချင်တာက “မျှော်လင့်ချက်” ပါပဲ။ ဘဝက ဘယ်လောက်ပဲ မှောင်မိုက်နေပါစေ တစ်ယောက်ယောက်ရဲ့ ဂရုစိုက်မှုက ကံကြမ္မာကို ပြောင်းလဲပေးနိုင်တယ်ဆိုတာကို ရုပ်ရှင်ရဲ့ ရိုက်ချက်တွေ သီချင်းတွေနဲ့ အေးအေးလေး တင်ဆက်သွားတာပါ။ စိတ်ပင်ပန်းနေချိန်မှာဖြစ်ဖြစ် စိတ်ဓာတ်ခွန်အား လိုချင်တဲ့အချိန်မှာဖြစ်ဖြစ် ကြည့်လိုက်ရင် ရင်ထဲမှာ တစ်ခုခု ကျန်ရစ်ခဲ့မယ့်…
-

A Suite Holiday Romance
A Suite Holiday Romance (2025) အချစ်နဲ့ လိမ်ညာမှုကြားက နံရံလေးက ဘယ်လောက်အထိ ပါးလွှာသလဲ ။ ကိုယ်ချစ်ရတဲ့သူက ကိုယ်ထင်ထားသလို လူမျိုးမဟုတ်ဘဲ မတူညီတဲ့ အလွှာတစ်ခုက ပုဂ္ဂိုလ်တစ်ယောက် ဖြစ်နေတဲ့အခါ… “သစ္စာရှိမှု” ဆိုတာကို ဘယ်လို အဓိပ္ပာယ်ဖွင့်မလဲ။ နယူးယောက်မြိုရဲ့ အေးစက်တဲ့ ဆောင်းရာသီမှာ နွေးထွေးတဲ့ အချစ်ဇာတ်လမ်းလေးတစ်ပုဒ်ဖြစ်ပေမဲ့ ဒီဇာတ်ကားက မေးခွန်းတစ်ခု ထုတ်ထားပါတယ်။ “ကိုယ်တကယ်ချစ်မိသွားတာက သူ့ရဲ့ ဂုဏ်ပုဒ်ကိုလား ဒါမှမဟုတ် သူ့ရဲ့ ဖြစ်တည်မှုကိုလား” ဆိုတာပါပဲ။ လောကမှာ လူအများစုဟာ ကိုယ့်ကိုယ်ကို မျက်နှာဖုံးတစ်ခုခု တပ်ပြီး ရှင်သန်နေကြရတာဖြစ်လို ဒီဇာတ်လမ်းက လူတိုင်းနဲ့ မစိမ်းတဲ့ ခံစားချက်တစ်ခုကို ပေးစွမ်းနိုင်မှာပါ။ ဇာတ်လမ်းအကျဉ်း နယူးယောက်မြိုရဲ့ ခရစ္စမတ်ကာလ အလှအပတွေကြားမှာ စာရေးဆရာမ ဆာဘရီးနား တစ်ယောက်…
-

A Royal Christmas Tail
A Royal Christmas Tail (2025) ခရစ်စမတ်နဲ့ နယ်မြို့လေးက အချစ်ဇာတ်လမ်း (small town vibe) ကြိုက်သူတွေအတွက်အချစ်ဇာတ်လမ်းလေးတစ်ပုဒ်ဖြစ်ပါတယ်။ အေးစက်နေတဲ့ မင်းသားအက်ဝက်ရဲ့ ရင်ထဲကို ခရစ်စမတ်ကာလတစ်ခုမှာမမျှော်လင့်ဘဲ အမျိုးသမီးတစ်ယောက်နဲ့သူမရဲ့ ခွေးလေးကို တွေ့ဆုံဝင်လာခဲ့တယ်။ နောက်တစ်ခါ ထပ်တွေ့ချင်ပေမယ့်သူ့မှာ ကျန်ခဲ့တာကခွေးလေးရဲ့ နာမည် tag လေးပဲကျန်ခဲ့တယ်။ ဒီ dog tag လေးကိုအခြေခံပြီးမင်းသားက ကောင်မလေးကိုလိုက်ရှာရင်းနယ်မြို့လေးထဲမှာ ခရစ်စမတ်အချစ်ဇာတ်လမ်းတစ်ခုစတင်လိုက်ပါတယ်။
-

Breed of Greed
Breed of Greed (2025) မိတ်ဆွေဟာအေးအေးဆေးဆေးကြည့်ရတာမျိုးမဟုတ်ပဲ တနုတ်နုတ်ထိုင်စဉ်းစားနေရမယ့် Plotမျိူးနဲ့ကားမျိူးလိုချင်ရင်တော့ ဒီကားကို Recommendပေးပါတယ်။ ကြည့်နေရင်းတန်းလန်းကြီး ဟင်ခနဲဟာခနဲ ဖြစ်သွားစေရမယ့်ကားမျိူးထဲက တကားပါ။ ဇာတ်လမ်းအကျဉ်းကတော့ Wendolyn မျိူးနွယ်စုရဲ့ အဖေဟာ တညမှာ ချက်ချင်းဆိုသလို ကိုယ့်ဟာကိုသတ်သေသွားပါတယ်။ ထိုအချိန် မိသားစုတွေအမွေဝေခွဲမရဖြစ်နေကြပါတယ်။ ပိုဆိုးတာက ဘယ်လိုမှရှင်းပြလို့မရနိုင်တဲ့ ကိစ္စတွေဟာ သူတို့အိမ်မှာ တခုပြီးတခုဖြစ်လာခဲ့ပါတယ်။ တယောက်ပြီးတယောက် ထူးဆန်းစွာနဲ့ ဆုံးပါးကုန်ကြပါတယ်။ ဒါကို သားအကြီးဆုံး ဖြစ်တဲ့ Henryကစပြီးသတိထားမိခဲ့ပါတယ်။ ဒီကိစ္စကို သူတို့မိသားစုကိုင်တွယ်သွားနိုင်ပါ့မလား။ သူတို့မိသားစုကိုလိုက်ခြောက်လန့်နေတဲ့ အရာကရော ဘယ်လိုတွေများ သူတို့နဲ့ဆက်နွယ်နေမလဲဆိုတာ ခြောက်ခြားဖွယ်ကောင်းစွာ ထိုင်ကြည့်ရမှာပါ။ လူသေခန်းတွေပါတာကြောင့် လူ 18 ယောက်စုကြည့်ကြပါရန် ပြောချင်ပါတယ်ဗျာ။
-

Others
Others (2025) တစ်စုံတစ်ယောက် မြို့ပြင်က လမ်းတစ်ခုမှာဖြစ်ပွားခဲ့တဲ့ ထူးဆန်းတဲ့ ကားအက်စီးဒင့်တစ်ခုကနေ စတင်ခဲ့တဲ့ ဒီဇာတ်လမ်း အဲ့ဒီကားပေါ်မှာ သေဆုံးသွားတဲ့သူတွေဟာ အမြင်အာရုံမသန်စွမ်းသူတွေဖြစ်နေပြီး သူတို့က ကားမတိုက်ခင်ကတည်းက အသတ်ခံထားရတာဖြစ်ကြောင်း စုံထောက်တစ်ယောက်က စတင်တွေ့ရှိသွားပါတယ်။ တစ်ချိန်တည်းမှာပဲ အခြားတစ်ဖက်မှာလည်း IVF (ဖန်ပြွန်သန္ဓေသား) နည်းပညာနဲ့ မွေးဖွားလာတဲ့ ကလေးငယ်တွေဟာ မထင်မှတ်ထားတဲ့ ရောဂါဆိုးတွေနဲ့ သေဆုံးနေကြပါတယ်။ ဒီဖြစ်ရပ်နှစ်ခုကြားမှာ ဘယ်လိုဆက်စပ်မှုတွေ ရှိနေမလဲဆိုတာကို ACP Madhav က အသည်းအသန် စုံစမ်းရပါတော့တယ်။ မျှော်လင့်ချက်ပေးရမယ့် ဆေးပညာက ဘယ်လိုမျိုး ကြောက်မက်ဖွယ်ရာ ဖြစ်ရပ်ဆိုးတွေဆီ ဦးတည်သွားမလဲ” ဆိုတာကို ဒီဇာတ်ကားမှာ စိတ်ဝင်တစား ကြည့်ရှုရမှာပါ။