Others (2025)

တစ်စုံတစ်ယောက်

မြို့ပြင်က လမ်းတစ်ခုမှာဖြစ်ပွားခဲ့တဲ့ ထူးဆန်းတဲ့ ကားအက်စီးဒင့်တစ်ခုကနေ စတင်ခဲ့တဲ့ ဒီဇာတ်လမ်း အဲ့ဒီကားပေါ်မှာ သေဆုံးသွားတဲ့သူတွေဟာ အမြင်အာရုံမသန်စွမ်းသူတွေဖြစ်နေပြီး သူတို့က ကားမတိုက်ခင်ကတည်းက အသတ်ခံထားရတာဖြစ်ကြောင်း စုံထောက်တစ်ယောက်က စတင်တွေ့ရှိသွားပါတယ်။

တစ်ချိန်တည်းမှာပဲ အခြားတစ်ဖက်မှာလည်း IVF (ဖန်ပြွန်သန္ဓေသား) နည်းပညာနဲ့ မွေးဖွားလာတဲ့ ကလေးငယ်တွေဟာ မထင်မှတ်ထားတဲ့ ရောဂါဆိုးတွေနဲ့ သေဆုံးနေကြပါတယ်။

ဒီဖြစ်ရပ်နှစ်ခုကြားမှာ ဘယ်လိုဆက်စပ်မှုတွေ ရှိနေမလဲဆိုတာကို ACP Madhav က အသည်းအသန် စုံစမ်းရပါတော့တယ်။

မျှော်လင့်ချက်ပေးရမယ့် ဆေးပညာက ဘယ်လိုမျိုး ကြောက်မက်ဖွယ်ရာ ဖြစ်ရပ်ဆိုးတွေဆီ ဦးတည်သွားမလဲ” ဆိုတာကို ဒီဇာတ်ကားမှာ စိတ်ဝင်တစား ကြည့်ရှုရမှာပါ။


Comments

Leave a Reply

Your email address will not be published. Required fields are marked *