A Suite Holiday Romance

A Suite Holiday Romance (2025)

အချစ်နဲ့ လိမ်ညာမှုကြားက နံရံလေးက ဘယ်လောက်အထိ ပါးလွှာသလဲ ။

ကိုယ်ချစ်ရတဲ့သူက ကိုယ်ထင်ထားသလို လူမျိုးမဟုတ်ဘဲ မတူညီတဲ့ အလွှာတစ်ခုက ပုဂ္ဂိုလ်တစ်ယောက် ဖြစ်နေတဲ့အခါ…

“သစ္စာရှိမှု” ဆိုတာကို ဘယ်လို အဓိပ္ပာယ်ဖွင့်မလဲ။

နယူးယောက်မြိုရဲ့ အေးစက်တဲ့ ဆောင်းရာသီမှာ နွေးထွေးတဲ့ အချစ်ဇာတ်လမ်းလေးတစ်ပုဒ်ဖြစ်ပေမဲ့ ဒီဇာတ်ကားက မေးခွန်းတစ်ခု ထုတ်ထားပါတယ်။

“ကိုယ်တကယ်ချစ်မိသွားတာက သူ့ရဲ့ ဂုဏ်ပုဒ်ကိုလား ဒါမှမဟုတ် သူ့ရဲ့ ဖြစ်တည်မှုကိုလား” ဆိုတာပါပဲ။

လောကမှာ လူအများစုဟာ ကိုယ့်ကိုယ်ကို မျက်နှာဖုံးတစ်ခုခု တပ်ပြီး ရှင်သန်နေကြရတာဖြစ်လို ဒီဇာတ်လမ်းက လူတိုင်းနဲ့ မစိမ်းတဲ့ ခံစားချက်တစ်ခုကို ပေးစွမ်းနိုင်မှာပါ။

ဇာတ်လမ်းအကျဉ်း

နယူးယောက်မြိုရဲ့ ခရစ္စမတ်ကာလ အလှအပတွေကြားမှာ စာရေးဆရာမ ဆာဘရီးနား တစ်ယောက် အလုပ်သစ်တစ်ခု ရခဲ့ပါတယ်။

အဲဒါကတော့ နာမည်ကျော် အနုပညာကြားခံညှိနှိင်းပေးသူ ဂရေဆန်ရဲ့ ကိုယ်ရေးအတ္ထုပ္ပတ္တိကို ကိုယ်စားရေးပေးရမယ့်အလုပ်ပါ။

အလုပ်တွေပိနေတဲ့ကြားကပဲ သူက အီယန်ဆိုတဲ့ ဆွဲဆောင်မှုရှိတဲ့ အမျိုးသားတစ်ယောက်နဲ့ တွေ့ဆုံပြီး ချစ်ကျွမ်းဝင်ခဲ့ပါတယ်။

အီယန်က ‘Read for the stars’ ဆိုတဲ့ ပရဟိတအဖွဲရဲ့ အဖွဲ၀င်အဖြစ်မိတ်ဆက်ထားပြီး ရန်ပုံငွေအတွက် နယူးယောက်မြိုကို ရောက်လာခဲ့တဲ့သူ…

ဒါပေမဲ့ အမှန်တရားကတော့ ထင်သလောက် မရိုးရှင်းခဲ့ပါဘူး။

အီယန်က သူပြောသလို လူမျိုးမဟုတ်ဘဲ တခြားတစ်ယောက်အဖြစ် ဟန်ဆောင်နေသူဖြစ်ကြောင်း ဆာဘရီးနား တစ်ယောက် သိလိုက်ရတဲ့အခါ…။

အီယန်က ဘာကြောင့် အခုလို ဟန်ဆောင်ထားရတာလဲ။

အလိမ်အညာတွေနဲ့ စတင်ခဲ့တဲ့ အချစ်ဇာတ်လမ်းဟာ ခရစ္စမတ်ညရဲ့ အံ့ဖွယ်တွေနဲ့အတူ ပျော်ရွှင်ဖွယ် အဆုံးသတ်နိုင်ပါ့မလားဆိုတာကိုတော့ ကြည့်ရှုခံစားပေးကြပါဦး။


Comments

Leave a Reply

Your email address will not be published. Required fields are marked *