Author: Baby Yit Lone
-

လေးကေ့ကော်ဒေသမှာ စစ်တပ်နဲ့ပေါင်းပြီး စစ်ကြောင်းထိုးလာတဲ့ BGF (၈၈၈)ဗျူဟာ အထိနာ
ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက်က ဖလူးကျေးရွာကို ကရင်နယ်ခြားစောင့်တပ်(BGF)ရဲ့ (၈၈၈) ဗျူဟာက စစ်တပ်နဲ့ပေါင်းပြီး စစ်ကြောင်းထိုးလာရာ တော်လှန်ရေးတပ်တွေရဲ့တိုက်ခိုက်မှုကြောင့် အထိနာသွားတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။ ဒီကနေ့ (အောက်တိုဘာ ၁၆ရက်)မှာ BGFရဲ့ (၈၈၈)ဗျူဟာ ဒုဗျူဟာမှူးကွပ်ကဲတဲ့ အင်အား ၄၀၀ ခန့်ပါတဲ့ စစ်ကြောင်းနဲ့ စစ်ကောင်စီတပ်နဲ့ ပူးပေါင်းပြီး ဖလူးရွာဘက်ကို စစ်ကြောင်းထိုးလာတာလို့ စုံစမ်းသိရပါတယ်။ BGFနဲ့ စစ်ကောင်စီပူးပေါင်းတပ်ရဲ့ စစ်ကြောင်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) နဲ့ PDFပူးပေါင်းတပ်တွေရဲ့ တိုက်ခိုက်မှုကြောင့် အထိနာသွားတယ်လို့ တော်လှန်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။ “ကရင်အချင်းချင်း သစ္စာဆိုထားတာ အခု သစ္စာစူးပြီပေါ့။ သူတို့က ဖလူးရရေးထိုးလာနေတာ။ လေးကေ့ကော်ရရင်လည်း နောက်ကျောမလုံတော့ သူတို့က ဖလူးကို ရချင်နေတာ”လို့ တပ်မဟာ (၆)နယ်မြေက တော်လှန်ရေးသတင်းရင်းမြစ်က ပြောပါတယ်။ ဖလူးရွာနဲ့ လေးကေ့ကော်မြို့သစ်ဟာ…
-

နတ်ရေကန် လေကြောင်းရန် ကာကွယ်ရေးစခန်းက ရေဒါကို စစ်အုပ်စု ဖြုတ်သိမ်းရွှေ့ပြောင်းထား
မကွေးတိုင်း၊ ငဖဲမြို့နယ်အတွင်းက နတ်ရေကန်လေကြောင်းရန် ကာကွယ်ရေးအထိုင်စခန်းက P-18 Early Warning Radar အမျိုးအစားရေဒါကို စစ်အုပ်စုတပ်က ဖြုတ်သိမ်းရွှေ့ပြောင်းထားတယ်လို့ မြန်မာ့စစ်ဘက်ရေးရာနဲ့လုံခြုံရေးဆိုင်ရာအဖွဲ့(Myanmar Defense & Security Institute – MDSI)က အောက်တိုဘာလ ၁၆ ရက်မှာ ထုတ်ပြန်ပါတယ်။ အာရက္ခတပ်တော်နဲ့ တော်လှန်ရေးအင်အားစုတွေက နတ်ရေကန်စခန်းကို သိမ်းပိုက်နိုင်ဖို့ ဆက်တိုက်ထိုးစစ်ဆင်နေချိန်မှာပဲ စစ်အုပ်စုက ရေဒါကို အခုနှစ်ဖေဖော်ဝါရီလမှာ ဖြုတ်သိမ်းခဲ့တာလို့ ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။ အဲဒီရေဒါဟာ ရခိုင်ပြည်နယ်စပ် ဘင်္ဂလားဒေရှ်နိုင်ငံရဲ့ လေကြောင်းလှုပ်ရှားမှုတွေကို စောင့်ကြည့် ထောက်လှမ်းနိုင်ဖို့အတွက် တပ်ဆင်ထားတာဖြစ်ပြီး ကြိတင်သတိပေးတဲ့ ရေဒါစနစ်ဖြစ်တာကြောင့် အကွာအဝေး ကီလိုမီတာ ၂၅၀ အထိ စောင့်ကြည့်ထောက်လှမ်း နိုင်တယ်လို့ ဆိုပါတယ်။ ရိုးမပေါ်က နတ်ရေကန်တောင်ထိပ်မှာ စိုထိုင်းစမြင့်မားတာကြောင့် ကာလကြာရှည်လာတာနဲ့အမျှ ရေဒါမပျက်စီးအောင် ကာကွယ်ဖို့အတွက်…
-

စစ်တပ်ကြောင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ရပ်တန့်တာလို့ RCSS ထုတ်ပြန်
စစ်တပ်က တိုင်းပြည်အာဏာထိန်းချုပ်လိုက်တာကြောင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ရပ်တန့်သွားစေခဲ့တာလို့ ရှမ်းလက်နက်ကိုင်တပ်ဖွဲ့ဖြစ်တဲ့ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS)က ဒီကနေ့ (အောက်တိုဘာ ၁၆ရက်) ထုတ်ပြန်ကြေညာပါတယ်။ RCSS အပါအင် တိုင်းရင်းသားလက်နက်ကိုင် ၁၀ဖွဲ့ လက်မှတ်ရေးထိုးထားတဲ့ တနိုင်ငံလုံးအပစ်ရပ်စာချုပ်(NCA) အကောင်အထည်ဖော်မှု ရည်မှန်းချက်အတိုင်း မဆောင်ရွက်နိုင်တဲ့ အားနည်းချက်နဲ့ စိန်ခေါ်မှုတွေ အကြောင်း ဖော်ပြရာမှာ စစ်တပ်အာဏာသိမ်းမှုကြောင့် ဆိုတဲ့ အချက်ကို ထည့်သွင်းရေးသားဖော်ပြခဲ့တာပါ။ နှစ်ဦးနှစ်ဖက်အကြား ယုံကြည်မှု မတည်ဆောက်နိုင်တာ၊ နှစ်ဦးနှစ်ဖက် လက်မှတ်ရေးထိုးထားတဲ့ သဘောတူစာချုပ်အတိုင်း အကောင်အထည်မဖော်နိုင်တာ၊ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေအောက် ရောက်ရှိရေး ဖိအားပေးတာ၊ တိုင်းပြည်ပြုပြင်ပြောင်းလဲရေးအတွက် စိတ်အားထက်သန်မှု နည်းပါးတာ စတဲ့ အချက်တွေကိုလည်း RCSSက ဖော်ပြထားပါတယ်။ အနာဂတ် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အောင်မြင်ဖို့ RCSS ယူဆထားတဲ့ အကြံပြုချက်တွေကိုလည်း ရေးသားဖော်ပြထားပါတယ်။ အဲဒီအကြံပြုချက်မှာ…
-

စစ်ခေါင်းဆောင်များနှင့် ဒေသနိုင်ငံရေးသမားများ၏ ကျောထောက်နောက်ခံပေးမှုဖြင့် မြန်မာနိုင်ငံမြောက်ပိုင်းမှ ရာဇဝတ်ဂိုဏ်းများက တရုတ်နိုင်ငံသားများကို ပစ်မှတ်ထားခဲ့ဟု ကိုးကန့် ပြည်သူ့စစ်ခေါင်းဆောင် ဝေဆန်းက ထွက်ဆို
စစ်ခေါင်းဆောင်များနှင့် ဒေသနိုင်ငံရေးသမားများ၏ ကျောထောက်နောက်ခံပေးမှုဖြင့် မြန်မာနိုင်ငံမြောက်ပိုင်းမှ ရာဇဝတ်ဂိုဏ်းများက တရုတ်နိုင်ငံသားများကို ပစ်မှတ်ထားခဲ့ဟု ကိုးကန့် ပြည်သူ့စစ်ခေါင်းဆောင် ဝေဆန်းက ထွက်ဆို စစ်ခေါင်းဆောင်များနှင့် ဒေသနိုင်ငံရေးသမားများ၏ ကျောထောက်နောက်ခံပေးမှုဖြင့် မြန်မာနိုင်ငံမြောက်ပိုင်းမှ ရာဇဝတ်ဂိုဏ်းများက တရုတ်နိုင်ငံသားများကို ပစ်မှတ်ထားခဲ့ကြောင်း ဖမ်းဆီးခံထားရသော ကိုးကန့် ပြည်သူ့စစ်ခေါင်းဆောင် ဝေဆန်းက ထွက်ဆိုသည်။ အောက်တိုဘာလ ၁၅ ရက်နေ့ တရုတ်အစိုးရပိုင် CCTV ရုပ်သံက ဖမ်းဆီးထားသော အွန်လိုင်းကျားဖြန့်နှင့် ရာဇဝတ်မှုများအတွက် သံသယရှိသူ ကိုးကန့် ပြည်သူ့စစ်ခေါင်းဟောင်း ဝေဆန်းနှင့် အင်တာဗျူးကို ထုတ်လွှင့်ပြသခဲ့ပြီး ယင်းအင်တာဗျူးတွင် ၎င်းက အထက်ပါအတိုင်း ဝန်ခံလိုက်ခြင်းဖြစ်သည်။ ကိုးကန့်ဒေသတွင် ကိုးကန့် ပြည်သူ့စစ်ခေါင်းဆောင်ဟောင်း “ဝေ” မိသားစုက ကျူးလွန်သော ရာဇဝတ်မှုများမှာ သက်ဆိုင်ရာ နိုင်ငံက ခွင့်ပြုချက်နှင့် လုပ်ပိုင်ခွင့်ပေးခဲ့ခြင်းဖြစ်ကြောင်း၊ ဝေမိသားစုသည် ကိုးကန့်…
-

Play store မှာ Download လုပ်မှု အများဆုံးဖြစ်သွားခဲ့တဲ့ ဂိမ်းလေးတစ်ခုကို အခြေခံကာရိုက်ကူးပုံဖော်ထားတဲ့ ဇာတ်ကားလေး
Liar! Uncover the Truth (2019) ဒီတစ်ခေါက် တင်ဆက်ပေးမဲ့ ဇာတ်လမ်းလေးကတော့ Play store မှာ Download လုပ်မှု အများဆုံးဖြစ်သွားခဲ့တဲ့ ဂိမ်းလေးတစ်ခုကို အခြေခံကာရိုက်ကူးပုံဖော်ထားတဲ့ ဇာတ်ကားလေးပဲဖြစ်ပါတယ်။ အရွယ်တစ်ခုရောက်ပြီဖြစ်လို့ မိဘတွေဆီက လက်ထပ်ဖို့ အတင်းတိုက်တွန်းခံနေရတဲ့ ဆာကူရာအိဟာ မကြာခင်ကမှ ရည်းစားဖြစ်သူ ဖောက်ပြန်သွားလို့ ကြံရာမရဖြစ်နေသူပါ။ အဲဒီအချိန်မှာ ထူးဆန်းတဲ့ ဗေဒင်ဆရာနဲ့တွေ့သွားပြီး ဗေဒင်ဆရာရဲ့ ဖိတ်ကြားမှုကြောင့်ပဲ အိမ်ထောင်ဖက် ရွေးချယ်ပွဲပါတီကို တက်ရောက်ဖြစ်သွားခဲ့တယ်။ ပါတီပွဲမှာ ကောင်လေးဆယ်ယောက်နဲ့ချိတ်မိပြီး ဆယ်ယောက်ထဲက တစ်ယောက်သာ ဖူးစာရှင်စစ်မှန်မှာဖြစ်ကြောင်း လူလိမ်တွေပါနိုင်ကြောင်း ဗေဒင်ဆရာက သတိပေးလိုက်တဲ့အချိန်ကစပြီး ဆာကူရာအိတစ်ယောက် လူလိမ်ဖော်ထုတ်ရေးလုပ်ငန်းကို စတင်ဖို့ ဆုံးဖြတ်လိုက်ပါတော့တယ်။ ဖောက်ပြန်သွားတဲ့ရည်းစားဟောင်းဆီက ရခဲ့တဲ့ စိတ်ဒဏ်ရာကြောင့် လူလိမ်ဆိုရင် မုန်းတီးတဲ့ဆာကူရာအိလေး ဖူးစာရှင်အစစ်အမှန်ကို လူလိမ်တွေကြား ရှာဖွေတွေ့ရှိသွားနိုင်မလား….. ဖူးရှင်ကရောမျှော်မှန်းထားတဲ့…