Author: Baby Yit Lone

  • “ဘယ်တော်လှန်ရေးအဖွဲ့ လာလာ ဂရုမစိုက်ဘူး” ဟု စိန်ခေါ်ထားသော စစ်တပ် ဒေါက်တိုင် မြင့်ရွှေ

    “ဘယ်တော်လှန်ရေးအဖွဲ့ လာလာ ဂရုမစိုက်ဘူး” ဟု စိန်ခေါ်ထားသော စစ်တပ် ဒေါက်တိုင် မြင့်ရွှေ

    အုတ်ဖိုတွင် လူငယ်များကို စစ်တပ်ထံ ရောင်းစားပြီး “ဘယ်တော်လှန်ရေးအဖွဲ့ လာလာ ဂရုမစိုက်ဘူး” ဟု စိန်ခေါ်ထားသော စစ်တပ် ဒေါက်တိုင် မြင့်ရွှေ ပစ်ခတ်ခံရပြီး သေဆုံး

    ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ်တွင် လူငယ်များကို စစ်တပ်ထံ ရောင်းစားပြီး “ဘယ်တော်လှန်ရေးအဖွဲ့ လာလာ ဂရုမစိုက်ဘူး” ဟု စိန်ခေါ်ထားသော စစ်တပ် ဒေါက်တိုင် မြင့်ရွှေကို ပစ်ခတ်တိုက်ခိုက်ရာ ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၆ Black Dragon (GBK-PDF) မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

    စက်တင်ဘာလ ၅ ရက်နေ့ ညနေ ၆ နာရီ ၃၀ မိနစ်ခန့်တွင် အုတ်ဖိုမြို့နယ်၊ ဖလန်ပင်ရွာတွင်နေထိုသော အကြမ်းဖက် စစ်တပ် ဒေါက်တိုင် မြင့်ရွှေကို သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၆ Black Dragon (GBK-PDF) မှ ရဲဘော်များက ပစ်ခတ် တိုက်ခိုက်ရာ ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သိရသည်။

    သေဆုံးသွားသော မြင့်ရွှေ သည် တော်လှန်ရေးရဲဘော်များ၏ သွားလာ လှုပ်ရှားမှုများကို အကြမ်းဖက် စစ်တပ်ထံ သတင်းပေးခြင်း၊ “ဘယ်တော်လှန်ရေးအဖွဲ့ လာလာ ဂရုမစိုက်ဘူး” ဟု ဆိုကာ စိန်ခေါ်ခြင်း၊ လူငယ်များကို စစ်တပ်ထဲသို့ လိမ်လည်ထည့်ကာ ရောင်းစားခြင်းများ လုပ်ဆောင်နေကြောင်း ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

    “ဒီကောင်က တော်လှန်ရေး အဖွဲ့တွေကိုလည်း စိန်ခေါ်ထားတယ်။ နောက်ပြီး လူငယ်တွေကို စစ်တပ်ထဲထည့်ပြီး ရောင်းစားနေတဲ့အတွက် ကျနော်တို့ ပစ်ခတ် တိုက်ခိုက်ခဲ့တာပါ” ဟု သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၆ Black Dragon (GBK-PDF) မှ တာဝန်ရှိသူက ပြောဆိုသည်။

    သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၆ Black Dragon (GBK-PDF) အနေဖြင့် ပြည်သူများနှင့် တော်လှန်ရေးတပ်ဖွဲ့များကို ဒုက္ခပေးနေသည့် အကြမ်းဖက် စစ်တပ် အပြင် ၎င်းတို့၏ ဒေါက်တိုင်များကိုလည်း အရှိန်မြှင့် တိုက်ခိုက်သွားမည်ဖြစ်၍ ပြည်သူများ ၄င်းတို့အနီး သွားလာနေထိုင်ခြင်းများ လုံးဝ (လုံးဝ) မပြုလုပ်ကြရန် အသိပေးပြောဆိုထားသည်။

  • ဈေးအိမ်သာဆောက်မည့်ငွေကို  ခိုးယူလာဘ်စား၍ ညွှန်မှူးရာထူးမှပြုတ်ခဲ့သူ ကြံ့ခိုင်ရေး ပါတီကိုယ်စားလှယ်အဖြစ် ဝင်ရောက်ယှဉ်ပြိုင်မည်

    ဈေးအိမ်သာဆောက်မည့်ငွေကို ခိုးယူလာဘ်စား၍ ညွှန်မှူးရာထူးမှပြုတ်ခဲ့သူ ကြံ့ခိုင်ရေး ပါတီကိုယ်စားလှယ်အဖြစ် ဝင်ရောက်ယှဉ်ပြိုင်မည်

    ပုသိမ်တွင် ဈေးအိမ်သာဆောက်မည့်ငွေကို ခိုးယူလာဘ်စား၍ ညွှန်မှူးရာထူးမှပြုတ်ခဲ့သူ ကြံ့ခိုင်ရေး ပါတီကိုယ်စားလှယ်အဖြစ် ဝင်ရောက်ယှဉ်ပြိုင်မည်

    ဧရာဝတီတိုင်း၊ ပုသိမ်မြို့နယ်၊ တိုင်းစည်ပင်သာယာရေးကော်မတီ ညွှန်ကြားရေးမှူးရာထူးမှ ထုတ်ပယ် ခံခဲ့ရသူ ဦးအောင်မင်းနိုင်သည် လာမည့်ရွေးကောက်ပွဲတွင် ကြံ့ခိုင်ရေးပါတီမှနေ၍ လွှတ်တော်ကိုယ်စား လှယ်အဖြစ် ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များအရ သိရသည်။

    ဦးအောင်မင်းနိုင်သည် ပုသိမ်ရေပေါ်ဈေးအတွက် အိမ်သာဆောက်လုပ်မည့် ဘဏ္ဍာငွေ ကျပ်သိန်း ၈,၀၀၀ ကို အလွဲသုံးစားလုပ်မှုဖြင့် ရာထူးပြုတ်ခဲ့သူဖြစ်သည်ဟု ပုသိမ်သတင်းအထူးတပ်ဖွဲ့က ဖော်ပြသည်။

    ‎”ခိုးလို့ ညွှန်မှူးကနေပြုတ်သွားသူက ကိုယ်စားလှယ်အဖြစ်ထပ်ပြိုင်မှာဗျာ။ ရနိုင်သမျှခိုးဖို့ပဲ အရမ်း အားသန်တယ်” ဟု ပုသိမ်ဒေသခံတစ်ဦးက ပြောသည်။

    စစ်တက္ကသိုလ် ‎DSA အပတ်စဉ် (၂၈) ဆင်း ဦးအောင်မင်းနိုင်သည် ဂရင်းလန်းအိမ်ရာတွင် မြေယာကန် ထရိုက်လုပ်ငန်းများ လုပ်ကိုင်ခဲ့ပြီး၊ မူးယစ်ဆေးဝါးရောင်းချမှုဖြင့် နာမည်ကြီးသည့် ရွှေမင်းသမီး ဟိုတယ်တွင်လည်း ရှယ်ယာအများစု ပိုင်ဆိုင်ထားသည်ဟု သိရသည်။

    ‎စစ်ကော်မရှင်က ဧရာဝတီတိုင်းအတွင်း ရွေးကောက်ပွဲကျင်းပရေးအတွက် မဲပေးစက်အသုံးပြုပုံ သင်တန်းပေးခြင်း၊ မဲပေးစက်အသုံးပြု၍မဲပေးနည်းများကို ပြသပြုလုပ်နေပြီး အဆိုပါ ပြသပွဲများ မတက်ရောက်သူကို ဒဏ်ငွေရိုက်သည်အထိ အတင်းအကျပ်ဖိအားပေးနေကြောင်း သိရသည်။

    ‎မဲပေးရာတွင်လည်း ကြံ့ခိုင်ရေးပါတီကိုသာမဲပေးရန် အဓမ္မညွှန်ကြားခိုင်းစေထားပြီး မဲပေးစက်စမ်းသပ် ရာတွင်လည်း ကြံ့ခိုင်ရေးပါတီ မဲခလုတ်ကိုသာနှိပ်ခိုင်းကြောင်း သိရသည်။

    ပုံစာ- စမ်းသပ်မဲပေးနေစဉ်

  • အရေးကြီးလို့ သတိပေးပါရစေ…

    ကျနော် မနေ့တနေ့က မြို့ထဲဘက် ခဏသွားရင်း

    ဘတ်စ်ကားပေါ်နဲ့ လမ်းဘေးပလပ်ဖောင်း

    တွေပေါ်မှာ မှတ်ပုံတင်ပြီးသား Sim Card တွေကို

    တစ်ခုကိုမှ မြန်မာငွေ တစ်ထောင်ကျပ်နဲ့

    လိုက်လံရောင်းချနေကြတာကို တွေ့ခဲ့ရတယ်ဗျ…။

    ကျနော်တို့ မြန်မာလူမျိုးဆိုတာကလည်း

    စျေးပေါပြီဆိုတာနဲ့ အရည်အသွေးဆိုတာကို

    လှည့်မကြည့်တော့ဘူး…

    အဲ့ဒီ့ Sim Card တွေကို ဝယ်လိုက်ကြတာဆိုတာ

    အုန်းအုန်းထပဲဗျို့…။

    အဲ…ပြောချင်တဲ့ ပြဿနာက အခုမှစမှာပါ…

    ကျနော်ရန်ကုန်ပြန်ရောက်ကထဲက

    ကျနော့်သူငယ်ချင်းတစ်ယောက်ကို

    မဆက်သွယ်မိတာ ကြာနေလို့ဆိုပြီး

    ကျနော် ဖုန်းခေါ်လိုက်မိတယ်…

    သူ့ဘက်က ဖုန်းမကိုင်ဘူးဗျ…

    သုံးလေးခါ ကျနော်ဆက်ခေါ်တယ်…မကိုင်ဘူး…။

    အဲဒါနဲ့ ကျနော်လည်း သူ့မိဘတွေဆီ

    ဖုန်းဆက်ကြည့်လိုက်တော့…

    သူ့အမေ ကျနော့်ကိုပြောလိုက်တဲ့စကားက…

    “သားရေ…သားသူငယ်ချင်း

    အန်တီ့သားကတော့

    အင်းစိန်ထောင်ထဲကနေ

    အမှုရင်ဆိုင်နေရတာ ၆ လရှိပြီ…

    ဖုန်းလည်း အသိမ်းခံထားရတယ်…” တဲ့ဗျာ…။

    ဘာဖြစ်တာလဲလို့ မေးကြည့်တော့…

    ကျနော် ခုနပြောတဲ့ လမ်းဘေးမှာ

    စျေးပေါပေါနဲ့ရောင်းနေတဲ့

    မှတ်ပုံတင်ပြီးသား Sim Card တစ်ခုကို

    သွားဝယ်မိပြီး အသုံးပြုမိလိုက်တာတဲ့…

    အဲ…တစ်လလောက်လည်းကြာရော

    အိမ်ရှေ့မှာ မီးတန်းနဲ့ကားတွေ ရောက်လာပြီး

    ဘုမသိဘမသိ ဖမ်းခံရရောတဲ့…

    ဘာလို့လဲဆိုတော့…

    အဲ့ဒီ မှတ်ပုံတင်ပြီးသား Sim Card ကို

    မှတ်ပုံတင်ထားတဲ့သူဟာ

    Kpay, Wave pay လိမ်လည်မှု ၊

    (ကျားဖျန့်) လိမ်လည်မှုတွေနဲ့ ပတ်သတ်နေတဲ့သူ

    ဖြစ်နေတာပါတဲ့…

    အဲ့ဒီ့တော့ သက်ဆိုင်ရာက အဲ့ဒီ့လူရဲ့

    လမ်းကြောင်းတွေ၊ဆက်သွယ်မှုတွေကို

    လိုက်လံစုံစမ်းရင်း…

    နောက်ဆုံးတော့ ကျနော့်သူငယ်ချင်းဆီမှာ

    အဲ့လူရဲ့ Sim Card နဲ့ Kpay , Wave pay

    ဖုန်းနံပါတ်ကို သွားတွေ့တော့ ငြင်းမရတော့ပဲ…

    ခဏလိုက်ခဲ့ပါ…ဖြစ်ရောပေါ့…

    ကျနော့်သူငယ်ချင်းလည်း

    ခဏလိုက်သွားလိုက်တာ အခုဆို ၆ လရှိပါပြီ…

    အမှုမပြတ်သေးပါဘူး…။

    အဲ့ဒီ့တော့ဗျာ…ကျနော်သတိပေးလိုတာက

    ဘာပဲဝယ်ဝယ် အာမခံချက်ရှိတဲ့

    Quality ပစ္စည်းကိုပဲဝယ်ကြပါ…

    Sim Card တစ်ခုကို Center မှာသွားဝယ်ပြီး

    မှတ်ပုံတင်ရင် ၂ သောင်းခွဲလောက် ကျပါတယ်…

    အဲ့ဒါကို လမ်းဘေးမှာ ၁ ထောင်ကျပ်နဲ့

    ရောင်းနေတယ်ဆိုထဲက ကိုယ့်မှာ

    ဦးနှောက်ရှိရင် စဥ်းစားကြဖို့ပါ….

    (ဘေးကင်းကြပါစေ)

    N.L.A

  • နတ်ရေကန်ဗျူဟာအနီးတိုက်ပွဲတွင် တပ်မ ၉၉ မှ အင်အား ၅၀၀ ခန့်ပြုန်းတီး

    မကွေးတိုင်း၊ ငဖဲမြို့နယ်၊ နတ်ရေကန်ဗျူဟာအနီးတိုက်ပွဲတွင် စစ်ကော်မရှင်တပ်မှ အင်အား ၅၀၀ ခန့်ပြုန်းတီးသွားပြီဖြစ်ကြောင်း စစ်သတင်းရင်းမြစ်ထံမှ သိရသည်။

    ယခု စက်တင်ဘာ ရက်ပိုင်းအတွင်း စစ်ကော်မရှင်၏ တပ်မနှစ်ခု တပ်အချိန်းအပြောင်းပြုလုပ်ထားပြီး ရိုးပေါ်နှင့် ပုသိမ်-မုံရွာလမ်းပေါ်တွင် စစ်ယာဉ်တန်းများ အတက်အဆင်းရှိကြောင်း သိရသည်။

    စစ်ကော်မရှင်သည် ပြီးခဲ့သည့် ဇန်နဝါရီလက နတ်ရေကန်ဗျူဟာ ပတ်ဝန်းကျင်ကို စစ်အင်အား ၁၅၀၀ ခန့် ပို့ဆောင်ခဲ့ကြောင်း သိရသည်။

    “တပ်မ ၉၉ရဲ့ ထိပ်တန်းလျှို့ဝှက်နဲ့ စာရွက်စာတမ်းပေးပို့ချက်တွေအရ အင်အား ၅၀၀ လောက် ပြန်းတီးသွားပြီ” ဟု CDM ဗိုလ်ကြီး ဇင်ယော်က ပြောသည်။

    အဆိုပါ စစ်အင်အားများအနက် ၃၀၀ ခန့်ကို ငဖဲမြို့နယ်အတွင်း တပ်ဖျောက်ဖြန့်ကြဲ ပို့ဆောင်ထားပြီး ရရှိထားသည့်အချက်အလက်အရ နတ်ရေကန် စုပုံ ရိက္ခာစခန်းကို အင်အား ၇၀၀ စာသာ ရိက္ခာပို့ရကြောင်း သိရသည်။

    စုပုံပေးပို့သည့် ရိက္ခာဆန်အိတ်များအရ ပဒါန်းလမ်းဆုံမှ ကမ္ဘာလုံးစခန်းအထိ အင်အား ၇၀၀ ဝန်းကျင်သာရှိတော့ပြီး ဆုံကုန်းအထိတပ်ဖြန့်ထားသည့် အင်အား ၃၀၀ နှင့်ပူးပေါင်းလျှင် အင်အား သုံးပုံတစ်ပုံ ပြုန်းတီးသွားပြီဖြစ်ကြောင်း သိရသည်။

    လပိုင်းအတွင်း တပ်မ ၉၉ မှ တပ်ဖွဲ့ဝင်များ သေဆုံး၊ ဒဏ်ရာရ၊ အလံဖြူထောင်၊ ထွက်ပြေးနှင့် ထောင်ချခံရသူ အရေအတွက်မှာ အင်အား ၅၀၀ အောက်မလျော့ကြောင်း သတင်းရင်းမြစ်က ဆိုသည်။

    တပ်အချိန်းအပြောင်းနှင့် ရိုးပေါ်မှပြန်ဆင်းလာသည့် တပ်မ ၉၉ တပ်ဖွဲ့သည်လည်း အင်အား ၇၀၀ ခန့်သာရှိကြောင်း သိရသည်။

    ထို့အပြင် အာရက္ခတပ်တော် (AA) သည် တပ်မ ၉၉၊ အမှတ် ၉၉၂ နည်းဗျူဟာအဖွဲ့မှ နည်းဗျူဟာမှူး နှင့်အဖွဲ့ကို ဖမ်းဆီးရမိကြောင်း စက်တင်ဘာ ၅ ရက်နေ့တွင်ထုတ်ပြန်ထားသည်။

  • ဗန်းမော်ကနေ ပြန်စုန်ဆင်းလာတဲ့ စစ်အုပ်စု သင်္ဘောတွေ ထီးချိုင့်နယ်ထဲ ရောက်ရှိ

    ဗန်းမော်ကနေ ပြန်စုန်ဆင်းလာတဲ့ စစ်အုပ်စု သင်္ဘောတွေ ထီးချိုင့်နယ်ထဲ ရောက်ရှိ

    မန္တလေးအထက် မတ္တရာမှာ မြစ်အတွင်းသွား မော်တော်တွေကို စစ်အုပ်စုက ပစ်ခတ်လို့ ပြည်သူ နှစ်ဦး သေဆုံး

    ကချင်ပြည်နယ် ဗန်းမော်မြို့ကနေ ဧရာဝတီမြစ်ကြောင်းအတိုင်း စုန်ဆင်းလာတဲ့ စစ်အုပ်စုရဲ့ ထောက်ပို့နဲ့ ခိုးရာပါ ပစ္စည်းသယ် သင်္ဘော ၁၂ စီးဟာ ထီးချိုင့်နယ်ထဲကို ရောက်ရှိနေပြီး မြစ်ကမ်းတလျောက် မြို့၊ရွာတွေမှာ နေထိုင်ကြတဲ့ ပြည်သူတွေ သတိပြုကြဖို့ ဒေသခံ တော်လှန်ရေး အင်အားစုတွေက တိုက်တွန်းထားပါတယ်။

    ပြီးခဲ့တဲ့ ဇူလိုင်လအတွင်း မန္တလေးမြို့ကနေ ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်သွားတဲ့ စစ်အုပ်စုရဲ့ စစ်သင်္ဘောတွေ အပါအဝင် ထောက်ပို့နဲ့ ခိုးရာပါ ပစ္စည်းသယ် ရေယာဉ်တွေဟာ စက်တင်ဘာ ၅ရက်မှာ ဗန်းမော်ကနေ အောက်ဘက်ကို ပြန်လည် စုန်ဆင်းသွားတာ ဖြစ်ပြီး သင်္ဘောတွေပေါ်မှာ ဗန်းမော်မြို့ပေါ်ကနေ ဖောက်ထွင်းခိုးယူထားတဲ့ ပြည်သူပိုင် ပစ္စည်းတွေကို တင်ယူသွားတာလို့ ဆိုပါတယ်။

    အဲ့ဒီ ရေယာဉ်တွေကို Y-12 လေယာဉ်၊ တိုက်လေယာဉ်တွေနဲ့ လုံခြုံရေး ယူပေးနေတယ်လို့ ဆိုပါတယ်။

    စက်တင်ဘာ ၆ ရက် မနေ့က ညပိုင်း စစ်ကိုင်းတိုင်း ကသာနယ် သံပုရာကျွန်းမှာ ညအိပ်ခဲ့တဲ့ အဲ့ဒီ စစ်အုပ်စုရဲ့ ထောက်ပို့နဲ့ ခိုးရာပါ ပစ္စည်းသယ် ရေယာဉ်တွေဟာ ဒီကနေ့ စက်တင်ဘာ ၇ရက် မနက် ၁၁နာရီလောက်မှာ ထီးချိုင့်နယ် ကျော်မှော်ရွာအနီး ရောက်ရှိနေပြီလို့ ထီးချိုင့်နယ် မြေပြင်ကင်းထောက် Tigyaing Revolution – TR က ဖော်ပြပါတယ်။

    လက်ရှိမှာ စစ်အုပ်စု သင်္ဘောတွေရဲ့ ရန်ကြောင့် ထီးချိုင့်နဲ့ ဆက်စပ်နေတဲ့ သပိတ်ကျင်းနယ် မြစ်ကမ်းဘေး မြို့၊ရွာတွေက ပြည်သူတွေ စစ်ဘေးရှောင်နေရတယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။

    တချိန်တည်းမှာပဲ ဒီကနေ့ စက်တင်ဘာ ၇ရက် မွန်းလွဲပိုင်း မန္တလေးမြို့ရဲ့ အထက်ဘက်၊ မတ္တရာနယ်အနောက်ခြမ်းမှာ မြစ်အတွင်း သွားလာနေတဲ့ မော်တော်တွေကို စစ်အုပ်စုက ရမ်းကားပစ်ခတ် သတ်ဖြတ်လို့ ပြည်သူ နှစ်ဦး သေဆုံးတယ်လို့ ဒေသခံ မြေပြင်ကင်းထောက် Wetlet Informational Network က ဖော်ပြပါတယ်။

    “မတ္တရာမြို့နယ် အနောက်ခြမ်း ရွာတန်းရှည်ရွာ၊ မိုးကြိုးရွာထဲတို့တွင် ရှိနေသော ခွေးများသည် မြစ်ကြောင်းတွင် မောင်းနှင်နေသော ပြည်သူမော်တော် အသေးနှစ်စီးအား လက်နက်ငယ်များဖြင့် ရမ်းသန်း ပစ်ခတ်ရာ မော်တော်အသေး တစ်စီးပေါ်ရှိ ပြည်သူ အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့ သေဆုံး” လို့ Wetlet Informational Network က ဆိုပါတယ်။

    စစ်အုပ်စုဟာ သင်္ဘောတွေ မန္တလေးကနေ စတင်ဆန်တက်ချိန်ကလည်း မတ္တရာနယ်က စတင်ပြီး ဗန်းမော်အထိ မြစ်ကမ်းတလျှောက် မြို့၊ရွာတွေကို လေကြောင်းဗုံးကြဲ၊ သင်္ဘောပေါ်ကနေ လက်နက်ကြီးတွေနဲ့ ရမ်းကား ပစ်ခတ်သတ်ဖြတ်ခဲ့ရာ နေအိမ်အများအပြား မီးလောင်ပျက်စီးသလို ဝက်လက်နယ် မြစ်ရိုးရှိ ကျေးရွာ သုံးရွာ ဗုံးကြဲခံရမှုမှာ ပြည်သူ ၂၀ ကျော် အစုလိုက်အပြုံလိုက် သေဆုံးခဲ့ပါတယ်။

    ပြီးခဲ့တဲ့ ဇူလိုင်လက မန္တလေးမြို့ကနေ ဧရာဝတီမြစ်ကြောင်းအတိုင်း ဗန်းမော်မြို့ဘက် ဆန်တက်တဲ့ စစ်အုပ်စုရဲ့ ထောက်ပို့နဲ့ ခိုးရာပါ ပစ္စည်းသယ် ရေယာဉ်တွေကို တော်လှန်ရေးတပ်တွေက တိုက်ခိုက်စဉ်/Photo – CJ