မကွေးတိုင်း၊ ငဖဲမြို့နယ်၊ နတ်ရေကန်ဗျူဟာအနီးတိုက်ပွဲတွင် စစ်ကော်မရှင်တပ်မှ အင်အား ၅၀၀ ခန့်ပြုန်းတီးသွားပြီဖြစ်ကြောင်း စစ်သတင်းရင်းမြစ်ထံမှ သိရသည်။

ယခု စက်တင်ဘာ ရက်ပိုင်းအတွင်း စစ်ကော်မရှင်၏ တပ်မနှစ်ခု တပ်အချိန်းအပြောင်းပြုလုပ်ထားပြီး ရိုးပေါ်နှင့် ပုသိမ်-မုံရွာလမ်းပေါ်တွင် စစ်ယာဉ်တန်းများ အတက်အဆင်းရှိကြောင်း သိရသည်။

စစ်ကော်မရှင်သည် ပြီးခဲ့သည့် ဇန်နဝါရီလက နတ်ရေကန်ဗျူဟာ ပတ်ဝန်းကျင်ကို စစ်အင်အား ၁၅၀၀ ခန့် ပို့ဆောင်ခဲ့ကြောင်း သိရသည်။

“တပ်မ ၉၉ရဲ့ ထိပ်တန်းလျှို့ဝှက်နဲ့ စာရွက်စာတမ်းပေးပို့ချက်တွေအရ အင်အား ၅၀၀ လောက် ပြန်းတီးသွားပြီ” ဟု CDM ဗိုလ်ကြီး ဇင်ယော်က ပြောသည်။

အဆိုပါ စစ်အင်အားများအနက် ၃၀၀ ခန့်ကို ငဖဲမြို့နယ်အတွင်း တပ်ဖျောက်ဖြန့်ကြဲ ပို့ဆောင်ထားပြီး ရရှိထားသည့်အချက်အလက်အရ နတ်ရေကန် စုပုံ ရိက္ခာစခန်းကို အင်အား ၇၀၀ စာသာ ရိက္ခာပို့ရကြောင်း သိရသည်။

စုပုံပေးပို့သည့် ရိက္ခာဆန်အိတ်များအရ ပဒါန်းလမ်းဆုံမှ ကမ္ဘာလုံးစခန်းအထိ အင်အား ၇၀၀ ဝန်းကျင်သာရှိတော့ပြီး ဆုံကုန်းအထိတပ်ဖြန့်ထားသည့် အင်အား ၃၀၀ နှင့်ပူးပေါင်းလျှင် အင်အား သုံးပုံတစ်ပုံ ပြုန်းတီးသွားပြီဖြစ်ကြောင်း သိရသည်။

လပိုင်းအတွင်း တပ်မ ၉၉ မှ တပ်ဖွဲ့ဝင်များ သေဆုံး၊ ဒဏ်ရာရ၊ အလံဖြူထောင်၊ ထွက်ပြေးနှင့် ထောင်ချခံရသူ အရေအတွက်မှာ အင်အား ၅၀၀ အောက်မလျော့ကြောင်း သတင်းရင်းမြစ်က ဆိုသည်။

တပ်အချိန်းအပြောင်းနှင့် ရိုးပေါ်မှပြန်ဆင်းလာသည့် တပ်မ ၉၉ တပ်ဖွဲ့သည်လည်း အင်အား ၇၀၀ ခန့်သာရှိကြောင်း သိရသည်။

ထို့အပြင် အာရက္ခတပ်တော် (AA) သည် တပ်မ ၉၉၊ အမှတ် ၉၉၂ နည်းဗျူဟာအဖွဲ့မှ နည်းဗျူဟာမှူး နှင့်အဖွဲ့ကို ဖမ်းဆီးရမိကြောင်း စက်တင်ဘာ ၅ ရက်နေ့တွင်ထုတ်ပြန်ထားသည်။

အချစ်စာပေများဖတ်ရန်

မြန်မာစာတန်းထိုးဇာတ်ကားများကြည့်ရန်


Leave a Reply

Your email address will not be published. Required fields are marked *