Author: Baby Yit Lone
-

မိုင်းနောင်တွင် ပြည်သူ့စစ်၏ ကျားဖြန့်များကို စစ်တပ်က အဖမ်းပြသော်လည်း များစွာကျန်နေသေး
ရှမ်းပြည်တောင်ပိုင်း၊ မိုင်းနောင်မြို့နယ်အတွင်းရှိ ကျားဖြန့်များကို စစ်ကောင်စီတပ်များက ဖမ်းဆီးခဲ့ရာ တရုတ်နိုင်ငံသား ၂၆ ဦး အပါအဝင် နိုင်ငံသား ၈ ဦးနှင့် စုစုပေါင်း ၃၄ ဦး ကိုလက်နက်ခဲယမ်းများ၊ လုပ်ငန်းသုံးပစ္စည်းများနှင့်အတူ ဖမ်းမိခဲ့ကြောင်း စစ်ကောင်စီ၏ သတင်းအရ သိရသည်။ ကျားဖြန့်များနှင့်အတူ MA-1 သေနတ် တစ်လက်၊ MA-13 သေနတ် တစ်လက်၊ AK-12 သေနတ် တစ်လက်၊ ကာဘိုင် သေနတ် တစ်လက်၊ WICHESTER 12 V သေနတ် တစ်လက်၊ ၉ မမကျည် ၁၀ တောင့်၊ 12 V ကျည် ၂တောင့်၊ ၉ မမကျည်အိမ် ၁ ခု၊ AK ကျည်အိမ် ၁ ခုနှင့်…
-

အာဏာသိမ်းပြီးနောက်ပိုင်း ကျားဖြန့်စင်တာ ပိုများလာဟု စစ်ကောင်စီဝန်ခံ
၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ကရင်ပြည်နယ်နဲ့ ထိုင်းနယ်စပ်မှာ ကျားဖြန့်ခေါ် အွန်လိုင်း ငွေလိမ်ဂိုဏ်းတွေ အခြေစိုက်တဲ့ နေရာတွေ ပိုများလာတယ်လို့ စစ်ကောင်စီရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကပြောပါတယ်။ အဲဒီလို ပိုများလာတဲ့အကြောင်းကို ဒီကနေ့ထုတ် စစ်တပ်လက်အောက်ခံသတင်းစာတွေမှာ ဂြိုဟ်တု ဓာတ်ပုံနဲ့ ဖော်ပြထားပါတယ်။ ဒါအပြင် အဲဒီအဆောက်အအုံတွေ တိုချဲ့ဆောက်လုပ်နေကတည်းက သူတို့သိရှိခဲ့ကြောင်းလည်း သတင်းစာတွေမှာ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါတယ်။ “၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ နောက်ပိုင်း နိုင်ငံရေးဖြစ်စဉ်တွေကြောင့် နိုင်ငံတော်ရဲ့ လုံခြုံရေးအခြေအနေတွေအပေါ် အခွင့်ကောင်းယူပြီး ဒီဒေသတွေမှာ တရားမဝင် အဆောက်အအုံတွေကို တိုးချဲ့ဆောက်လုပ်နေကြောင်း သိရှိခဲ့ရပါတယ်။” ဒါပေမဲ့ အဲဒီအဆောက်အအုံတွေ များလာတာဟာ ကရင်အမျိုးသားအစည်းအရုံး (KNU) မှာပဲ တာဝန်ရှိပြီး စစ်တပ်အနေနဲ့ ငွေလိမ်ဂိုဏ်းတွေ နှိမ်နင်းဖို့ပဲ လုပ်နေတယ်လို့ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါတယ်။ နိုင်ငံတကာကတော့…
-

စစ်တပ်၏ ရွေးကောက်ပွဲကို ဥရောပသမဂ္ဂက အသိအမှတ်မပြုဘဲ ပယ်ချ
စစ်တပ်၏ ရွေးကောက်ပွဲကို ဥရောပသမဂ္ဂက အသိအမှတ်မပြုဘဲ ပယ်ချလိုက်ပြီး သမ္မတဦးဝင်းမြင့်၊ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသားအားလုံးကို လွှတ်ရန် တောင်းဆို အကြမ်းဖက်စစ်တပ်၏ ရွေးကောက်ပွဲကို ဥရောပသမဂ္ဂက အသိအမှတ်မပြုဘဲ ပယ်ချလိုက်ပြီး သမ္မတဦးဝင်းမြင့်၊ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေး အကျဉ်းသားအားလုံးကို လွှတ်ပေးရန် ဥရောပ ပါလီမန်က တောင်းဆိုလိုက်သည်။ စစ်တပ်က လာမည့် ဒီဇင်ဘာလ နှင့် ဇန်နဝါရီ အတွင်း တစ်ဖက်သတ် စီစဉ်ထားသည့် တရားမဝင် ရွေးကောက်ပွဲများကို ပယ်ချကြောင်း၊ ရှင်းလင်းသော ဒီမိုကရေစီ စံနှုန်းများနှင့် အခြေခံ လွတ်လပ်ခွင့်များ ကင်းမဲ့ခြင်း၊ မဲပေးရန် မဖြစ်နိုင်သော အခြေအနေများ၊ ဆက်လက်ဖြစ်ပွားနေသော နှိပ်စက်ဖိနှိပ်မှု၊ အစုလိုက်အပြုံလိုက် နေရာရွှေ့ပြောင်းခံရမှုနှင့် နိုင်ငံရေးဆိုင်ရာ ဆွေးနွေးမှုများ လုံးဝမရှိခြင်းတို့ကြောင့် စစ်အာဏာရှင်အဖွဲ့၏ လက်ရှိလုပ်ဆောင်မှုများမှာ တရားမဝင်ကြောင်း…
-

McVeigh
McVeigh (2024) ဒီဇာတ်လမ်းကတော့ တစ်ချိန်က ကမ္ဘာကျော်ခဲ့ပြီး အခုထိ သူ့ရဲ့ နောက်ဆက်တွဲဇာတ်လမ်းတွေပါ နာမည်ကျော်လာတဲ့ Games of Thrones ဇာတ်လမ်းတွဲထဲမှာ သီယွန်ဂရေးဂျိုင်း အနေနဲ့ ပါဝင်သရုပ်ဆောင်ခဲ့တဲ့ နာမည်ကြီး ဇာတ်ပို့မင်းသား အယ်လ်ဖီအယ်လန်ကနေ ဇာတ်ဆောင်အဖြစ်ပါဝင်သရုပ်ထားတဲ့ ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်း တင်မ်ဆိုတဲ့ စစ်သားဟောင်းတစ်ယောက်ဟာ စစ်ထဲကထွက်လာပြီးနောက်ပိုင်း ဘဝကြီးချွတ်ခြုံခဲ့ရသူဖြစ်ပါတယ်။ တစ်ချိန်တည်းမှာပဲ သူ့ရဲ့ ရဲဘော်တစ်ယောက်ဖြစ်ခဲ့တဲ့ တယ်ရီဆိုတဲ့သူဟာ လူမျိုးရေးခွဲခြားမှုကြောင့် လူသတ်ခဲ့ပြီး တစ်သက်တစ်ကျွန်းကျရင်း သေဒစ်ပေးခံရတဲ့သူဖြစ်သွားပါတယ်။ အဲဒီအချိန်မှာတုန်းက လူမျိုးရေးခွဲခြားတာတွေ လူမျိုးရေးအစွန်းရောက်တဲ့ မျိုးချစ်ဝါဒီတွေကရှိနေသေးတဲ့ မဆိုရင်မဆိုသလို အမေရိကားပြည်တွင်းမှာ ဗုံးခွဲမှုတွေ အသေခံတိုက်ပွဲတွေ ဖြစ်လေ့ရှိတာပါ။ ဒီလိုနဲ့တစ်နေ့မှာ စစ်သွေးကြွလာတဲ့တင်မ်ဟာ သေဒဏ်ပေးခံရတဲ့ သူ့ရဲဘော်ရဲ့ တရားစီရင်မှုနောက်ကွဲမှာရှိနေတဲ့ သူတွေလုပ်ကိုင်နေတဲ့ အစိုးရရုံးကိုပါ ဖောက်ခွဲဖို့ကြံရွယ်လာပါတော့တယ်။
-

Moonlit Winter
Moonlit Winter (2019) ဒီတစ်ခါမှာတော့ ဆောင်းရာသီမနက်ခင်း အေးအေးလေးနဲ့ လိုက်ဖက်မဲ့ ဇာတ်ကားလေးကို တင်ဆက်ပေးလိုက်ပါတယ်။ Moonlit Winter ကတော့ The World of the Married ထဲက မင်းသမီးကြီး Kim Hee Ae၊ Nakamura Yuko နဲ့ Kim So Hye တို့ ဦးဆောင်ပါဝင်ပြီး 2020-2021 ရုပ်ရှင်ဆုပေးပွဲတွေမှာ ဆုတွေ ပတ်သိမ်းခဲ့တဲ့ ဇာတ်ကားလေးပဲ ဖြစ်ပါတယ်။ ဇာတ်လမ်းကတော့… အထီးကျန်ဆန်တဲ့ တစ်ခုလပ်အမျိုးသမီး ယွန်းဟီးရဲ့အကြောင်းနဲ့ ဂျပန်နိုင်ငံ Otaru ဆိုတဲ့ မြို့လေးမှာ တိတ်တိတ်ဆိတ်ဆိတ် ရှင်သန်နေတဲ့ ဂျွန် ဆိုတဲ့ အမျိုးသမီး အကြောင်း ဆိုပြီး တစ်ပြိုင်တည်းဖော်ပြထားတာကို တွေ့ရပါတယ်။ တစ်ရက်မှာတော့ ဂျွန်…