📢 Join Our Telegram Community

Get the latest updates directly on Telegram.

✈️ Join Telegram

ဒီနေ့ နိုင်ငံတကာမှာ ဖြစ်ပျက်ခဲ့တဲ့ အဓိက သတင်းကြီးတွေနဲ့ ပတ်သက်ပြီး...

သတင်းအပြည့်အစုံ ဆက်လက်ဖတ်ရှုရန်
သတင်းထူး / ကြော်ငြာ
📰

ဆက်လက်ဖတ်ရှုရန် သတင်းအပြည့်အစုံ

သတင်းအသစ်များနှင့် ဗီဒီယိုများကို ဆက်လက်ကြည့်ရှုရန် အောက်ပါခလုတ်ကို နှိပ်ပါခင်ဗျာ

နှိပ်ပြီး ကြည့်ရန်

Moonlit Winter

Moonlit Winter (2019)

ဒီတစ်ခါမှာတော့ ဆောင်းရာသီမနက်ခင်း အေးအေးလေးနဲ့ လိုက်ဖက်မဲ့ ဇာတ်ကားလေးကို တင်ဆက်ပေးလိုက်ပါတယ်။

Moonlit Winter ကတော့ The World of the Married ထဲက မင်းသမီးကြီး Kim Hee Ae၊ Nakamura Yuko နဲ့ Kim So Hye တို့ ဦးဆောင်ပါဝင်ပြီး 2020-2021 ရုပ်ရှင်ဆုပေးပွဲတွေမှာ ဆုတွေ ပတ်သိမ်းခဲ့တဲ့ ဇာတ်ကားလေးပဲ ဖြစ်ပါတယ်။

ဇာတ်လမ်းကတော့…

အထီးကျန်ဆန်တဲ့ တစ်ခုလပ်အမျိုးသမီး ယွန်းဟီးရဲ့အကြောင်းနဲ့ ဂျပန်နိုင်ငံ Otaru ဆိုတဲ့ မြို့လေးမှာ တိတ်တိတ်ဆိတ်ဆိတ် ရှင်သန်နေတဲ့ ဂျွန် ဆိုတဲ့ အမျိုးသမီး အကြောင်း ဆိုပြီး တစ်ပြိုင်တည်းဖော်ပြထားတာကို တွေ့ရပါတယ်။

တစ်ရက်မှာတော့ ဂျွန် ဆိုတဲ့ ကိုးရီးယား-ဂျပန် ကပြားအမျိုးသမီးဆီကနေ ယွန်းဟီး ဆီကို ရေးထားတဲ့စာတစ်စောင်ကို ယွန်းဟီးရဲ့ သမီးဖြစ်သူ ဆယ်ဘုံးက တွေ့သွားပါတော့တယ်။

ဒီလိုနဲ့ပဲ ဆယ်ဘုံးဟာ အမေဖြစ်သူကို ဆင်ခြေအမျိုးမျိုးပြပြီး Otaru မြို့လေးဆီ ခေါ်သွားရင်း .. ဂျွန်ဆိုတဲ့ အမျိုးသမီးအကြောင်းကိုလည်း စုံစမ်းဖို့ ကြိုးပမ်းခဲ့ပါတယ်။

နောက်ဆုံးမှာ ဆယ်ဘုံး သိလိုက်ရတာကတော့ ဂျွန်ဟာ တခြားမဟုတ်ဘဲ သူမ မိခင် ယွန်းဟီးရဲ့ ငယ်ချစ်ဦး ဖြစ်နေခဲ့တာပါပဲ။

ဒီအမျိုးသမီးနှစ်ယောက်ရဲ့ ချစ်ခြင်းကို ဆယ်ဘုံး ဘယ်လိုအဆုံးအဖြတ်ပေးမှာလဲ။

သူတို့နှစ်ယောက် ပြန်တွေ့အောင် ကြံဆောင်ပေးဦးမှာလား။

လွန်ခဲ့တဲ့ နှစ် ၂၀ တုန်းကရော ဂျွန် နဲ့ ယွန်းဟီးတို့ကြားမှာ ဘာတွေဖြစ်ခဲ့တာလဲ။

ဒီရုပ်ရှင်မှာဆိုရင်တော့ ချစ်ခြင်းတွေ မှန်ကန်ခဲ့ပေမဲ့ ခေတ်ကာလမှား၊ ပတ်ဝန်းကျင်မှားခဲ့ရတဲ့သူ နှစ်ယောက်ရဲ့ မဆုံသောလမ်းကို ရင်နင့်စွာနဲ့ ကြည့်ရှုခံစားရမှာပဲ ဖြစ်ပါတယ်။

လူကြီးဇာတ်ကား ကြိုက်သူများအတွက်

👇🏻👇🏻👇🏻


Comments

Leave a Reply

Your email address will not be published. Required fields are marked *

လူကြီးဇာတ်ကား စိတ်ဝင်စားသူများသာနှိပ်ရန်