Author: Baby Yit Lone

  • Sirat

    Sirat

    Sirat (2025) ဒါရိုက်တာ Óliver Laxe ရိုက်ကူးထားတဲ့ Sirāt (2025) ရုပ်ရှင်ဟာ သဲကန္တာရထဲက စိတ်လှုပ်ရှားစရာကောင်းတဲ့ ခရီးစဉ်နဲ့ စိတ်ပိုင်းဆိုင်ရာ စမ်းသပ်မှုတွေကို ပေါင်းစပ်ထားတဲ့ ဇာတ်ကားကောင်းတစ်ကား ဖြစ်ပါတယ်။ ဇာတ်လမ်းရဲ့ အဓိက ဇာတ်ဆောင်ကတော့ ဖခင်ဖြစ်သူ လူဝစ် နဲ့ သူ့သားတို့နှစ်ယောက် ပျောက်ဆုံးသွားတဲ့ သမီးဖြစ်သူ မာ ကို ရှာဖွေဖို့အတွက် မော်ရိုကို နိုင်ငံတောင်ပိုင်းက လူသူအရောက်အပေါက်နည်းတဲ့ သဲကန္တာရထဲမှာ ပြုလုပ်နေတဲ့ Rave ပါတီပွဲ တစ်ခုဆီကို ရောက်ရှိလာပုံကနေ စပါတယ်။ လွန်ခဲ့တဲ့ လပေါင်းများစွာက ဒီလို အဆုံးမရှိတဲ့ ပါတီပွဲတွေမှာ ပျောက်ဆုံးသွားခဲ့တဲ့ သမီးကို ပြန်ရှာတွေ့ဖို့ဆိုတဲ့ မျှော်လင့်ချက်လေးနဲ့ ဖခင်နဲ့သားဟာ စည်းချက်ကျကျ မြည်ဟည်းနေတဲ့ တေးဂီတတွေကြားမှာ သမီးပုံပါတဲ့ လက်ကမ်းစာစောင်တွေကို လိုက်လံဝေငှနေခဲ့ကြပါတယ်။…

  • တောင်ငူမှာ အသက်မပြည့်သေးတဲ့ သမီးကို အဓမ္မပြုကျင့်ခဲ့တဲ့ ဖခင် ထောင်ဒဏ် နှစ် ၆၀ ကျ

    တောင်ငူမှာ အသက်မပြည့်သေးတဲ့ သမီးကို အဓမ္မပြုကျင့်ခဲ့တဲ့ ဖခင် ထောင်ဒဏ် နှစ် ၆၀ ကျ

    ပဲခူးတိုင်း ၊ တောင်ငူမြို့နယ်မှာ အသက် ၁၂ နှစ်အရွယ် သမီးကို အဓမ္မပြုကျင့်ခဲ့တဲ့ ဖခင်ဖြစ်သူကို တောင်ငူခရိုင်တရားရုံးက ထောင်ဒဏ် နှစ် ၆၀ ကျခံဖို့ အမိန့် ချမှတ်လိုက်တယ်လို့ သိရပါတယ်။ ဖခင်ဖြစ်သူ တရားခံ မောင်ခိုင် (ခ) ဇော်ခိုင် ဆိုသူကို ပြစ်မှုကျူးလွန်ကြောင်း ထင်ရှားတဲ့အတွက် တောင်ငူခရိုင် တရားရုံးက နိုဝင်ဘာ ၂၀ ရက်နေ့မှာ ရာဇသတ်ကြီးပုဒ်မ-၃၇၆ (၁)အရ အလုပ်ကြမ်း နဲ့ ထောင်ဒဏ် နှစ် ၆၀ ချမှတ်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။ ” ​တရားခံကို ကြီးလေးတဲ့ ပြစ်ဒဏ်ပေးနိုင်ဖို့ စွဲချက်နှစ်ခုတင်ခဲ့တော့ ၃၇၆ ပုဒ်မတခုကိုထဲကိုပဲ ပြစ်ဒဏ်တွေ ထပ်ထပ်ချလိုက်တာ လို့သိရတယ်။ အဲဒါကြောင့် ပုဒ်မက တခုတည်းနဲ့ ထောင်ဒဏ် နှစ်…

  • ရန်ကုန်တွင် ပါဝါအိတ်ဇောတပ် ယာဥ်များကို အရေးယူမည်

    ရန်ကုန်တွင် ပါဝါအိတ်ဇောတပ် ယာဥ်များကို အရေးယူမည်

    ပါဝါအိတ်ဇောတပ်တဲ့ ယာဥ်တွေနဲ့ တပ်ဆင်၊ ရောင်းချတဲ့ဆိုင်တွေကို ဒီဇင်ဘာလကစပြီး ဖမ်းဆီးအရေးယူသွားမယ်လို့ ရန်ကုန်တိုင်း စစ်ကောင်စီရဲ့ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေးကောင်စီက ကြေညာထားပါတယ်။ ရန်ကုန်တိုင်းအတွင်း အများပြည်သူသွားလာတဲ့ လမ်းများပေါ်မှာ ပါဝါ အိတ်ဇောတပ်ဆင်ထားတဲ့ အိမ်စီးကား၊ ပြိုင်ကားနဲ့ မော်တော်ဆိုင်ကယ် မောင်းနှင်အသုံးပြုတဲ့သူကို တလထက်မပိုတဲ့ ထောင်ဒဏ်ဖြစ်စေ၊ ကျပ်တသိန်းထက်မပိုသော ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးကိုဖြစ်စေ ချမှတ်အရေးယူမယ်လို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။ နောက်တကြိမ် ထပ်မံကျူးလွန်ရင် သုံးလထက်မပိုတဲ့ ထောင်ဒဏ်ဖြစ်စေ၊ ကျပ် ၃ သိန်းထက်မပိုတဲ့ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်သွားမယ်လို့လည်း ဆိုပါတယ်။ ဒါ့အပြင် ပါဝါအိတ်ဇောရောင်းချတဲ့ ဆိုင်တွေ၊ ပါဝါအိတ်ဇောတပ်ဆင်ပေးတဲ့ ဝပ်ရှော့တွေကိုလည်း သက်ဆိုင်ရာဌာနတွေရဲ့ ဥပဒေနဲ့ အရေးယူခံရမယ်လို့ ထည့်သွင်း အသိပေးထားပါတယ်။ အဲဒီလို ပါဝါအိတ်ဇောတပ်ယာဥ်တွေကို စစ်တပ်အရာရှိတွေ၊ စစ်တပ်နဲ့ ပတ်သက်ဆက်နွှယ်တဲ့…

  • စစ်တပ်လက်အောက်ခံ ဘဏ်များသို့ ပြန်လည်ပေးသွင်းခြင်းမရှိမှုဖြင့် လုပ်ငန်းရှင် ၈ ဦးကို ဖမ်းဆီး

    စစ်တပ်လက်အောက်ခံ ဘဏ်များသို့ ပြန်လည်ပေးသွင်းခြင်းမရှိမှုဖြင့် လုပ်ငန်းရှင် ၈ ဦးကို ဖမ်းဆီး

    ပို့ကုန်ရငွေ အမေရိကန်ဒေါ်လာ ၅၃ သန်းနီးပါး စစ်တပ်လက်အောက်ခံ ဘဏ်များသို့ ပြန်လည်ပေးသွင်းခြင်းမရှိမှုဖြင့် လုပ်ငန်းရှင် ၈ ဦးကို ဖမ်းဆီး လွတ်မြောက်နေသူ စီးပွားရေးသမား ရဲမင်းလွင်မှာ အေးနေဝင်း အပါအဝင် စစ်တပ်ဘက်တော်သားများနှင့်ရင်းနှီးသူဖြစ်ပြီး နွေဦးတော်လှန်ရေးကို ဝေဖန်ပုတ်ခတ်နေသူဖြစ် စစ်တပ်က ပို့ကုန်ရငွေ အမေရိကန်ဒေါ်လာ ၅၃ သန်းနီးပါး စစ်တပ်လက်အောက်ခံ ဘဏ်များသို့ ပြန်လည်ပေးသွင်းခြင်းမရှိ၍ ဟုဆိုကာ ပို့ကုန်တင်ပို့သူ လုပ်ငန်းရှင် ၈ ဦးကို ဖမ်းဆီးလိုက်ပြီး တချို့မှာ လွတ်မြောက်သွားကြောင်း စစ်တပ်က ယမန်နေ့ညပိုင်း သတင်းထုတ်ပြန်သည်။ ရန်ကုန်အခြေစိုက် Maha Nadi International Co.,Ltd. မှ ဒါရိုက်တာများဖြစ်သော ဦးရဲမင်းလွင်၊ ဒေါ်ကွန်သီ၊ ဒေါ်ဖြူဖြူဇင်၊ ဒေါ်မြင့်မြင့်လှိုင်နှင့် ဒေါ်ခင်စန်းသီတို့မှာ ၂၀၂၂ ခုနှစ်မှ ၂၀၂၄ ခုနှစ်အတွင်း ပြည်ပသို့…

  • ရန်ကုန်မြို့ မဟာဗန္ဓုလတံတားပေါ်မှ အမျိုးသမီးတစ်ဦး ခုန်ချ

    ရန်ကုန်မြို့ မဟာဗန္ဓုလတံတားပေါ်မှ အမျိုးသမီးတစ်ဦး ခုန်ချ

    ယနေ့ညနေပိုင်းက ရန်ကုန်မြို့ မဟာဗန္ဓုလတံတားပေါ်ကနေ အမျိုးသမီးတစ်ဦး ခုန်ချသတ်သေခဲ့တယ်လို့ ရှင်သန်ရေးကူညီမှုအသင်းကနေ သိရပါတယ်။ ဖြစ်စဉ်မှာ နိုဝင်ဘာ ၂၁ ရက် ညနေ 17:52 နာရီအချိန်ခန့်က မဟာဗန္ဓုလတံတား၊ဒေါပုံဘက်အဆင်းမှ အမျိုးသမီးတစ်ဦး ရေထဲခုန်ချခဲ့ခြင်းဖြစ်တယ်လို့ဆိုပါတယ်။ အဆိုပါ အမျိုးသမီးကို ရှင်သန်ရေးကူညီမှုအသင်းမှ လူနာတင်ယာဥ် ၂ စီးဖြင့် သွားရောက်၍ ရေထဲမှ Dead Body ကိုဆယ်ရန် ငါးဖမ်းလှေအား အကူအညီတောင်း၍ ရေထဲမှ အမျိုးသမီးအလောင်းအား ဆယ်ယူခဲ့ရလို့ သိရပါတယ်။ အမျိုးသမီးရဲ့ Dead Body ကို ရန်ကုန်ဆေးရုံကြီးသို့ ရှင်သန်ရေးကူညီမှုအသင်းကားဖြင့် ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့လမှာလည်း မိမိကိုယ်ကိုအဆုံးစီရင်မှု ၅ မှုနဲ့အထက်ဖြစ်ပွားခဲ့ပြီး စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း မိမိကိုယ်ကိုအဆုံးစီရင်မှုပိုများလာတာပဲဖြစ်ပါတယ်။ AAMIJ