ယနေ့ညနေပိုင်းက ရန်ကုန်မြို့ မဟာဗန္ဓုလတံတားပေါ်ကနေ အမျိုးသမီးတစ်ဦး ခုန်ချသတ်သေခဲ့တယ်လို့ ရှင်သန်ရေးကူညီမှုအသင်းကနေ သိရပါတယ်။

ဖြစ်စဉ်မှာ နိုဝင်ဘာ ၂၁ ရက် ညနေ 17:52 နာရီအချိန်ခန့်က မဟာဗန္ဓုလတံတား၊ဒေါပုံဘက်အဆင်းမှ အမျိုးသမီးတစ်ဦး ရေထဲခုန်ချခဲ့ခြင်းဖြစ်တယ်လို့ဆိုပါတယ်။

အဆိုပါ အမျိုးသမီးကို ရှင်သန်ရေးကူညီမှုအသင်းမှ လူနာတင်ယာဥ် ၂ စီးဖြင့် သွားရောက်၍ ရေထဲမှ Dead Body ကိုဆယ်ရန် ငါးဖမ်းလှေအား အကူအညီတောင်း၍ ရေထဲမှ အမျိုးသမီးအလောင်းအား ဆယ်ယူခဲ့ရလို့ သိရပါတယ်။

အမျိုးသမီးရဲ့ Dead Body ကို ရန်ကုန်ဆေးရုံကြီးသို့ ရှင်သန်ရေးကူညီမှုအသင်းကားဖြင့် ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့လမှာလည်း မိမိကိုယ်ကိုအဆုံးစီရင်မှု ၅ မှုနဲ့အထက်ဖြစ်ပွားခဲ့ပြီး စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း မိမိကိုယ်ကိုအဆုံးစီရင်မှုပိုများလာတာပဲဖြစ်ပါတယ်။

AAMIJ

အချစ်စာပေများဖတ်ရန်

မြန်မာစာတန်းထိုးဇာတ်ကားများကြည့်ရန်


Leave a Reply

Your email address will not be published. Required fields are marked *