Author: Baby Yit Lone
-

ပြည်တွင်းမှ နာမည်ကြီးစလော့ဂိမ်းဒိုင်အချို့ အဖမ်းခံရ၊ အေးဂျင့်အများစု အကောင့်ဖျက်ပြေး
စလော့ဂိမ်းများကြောင့် လူမှုဘဝထိခိုက်ရသည့် ကိစ္စများအပေါ် ဝေဖန်မှုများ များပြားလာပြီးနောက် ပြည်တွင်းရှိ နာမည်ကြီး စလော့ဂိမ်းဒိုင်ကြီးအချို့ အဖမ်းခံရပြီး လက်လီရောင်းသည့် အေးဂျင့်အများစု လူမှုကွန်ယက်အကောင့်များ ဖျက်ခြင်း၊ Deactivate လုပ်ခြင်းများ ပြုလုပ်ထားကြကြောင်း အွန်လိုင်းလောင်းကစားအေးဂျင့် အသိုင်းအဝိုင်းမှ သိရသည်။ ရန်ကုန်မြို့၊ မင်္ဂလာဒုံမြို့နယ်ရှိ The Secret Villa Private Resort တွင် တည်းခိုနေသည့် စလော့ဂိမ်းဒိုင်တစ်ဦးမှ လူမှုကွန်ယက်တွင် တည်းခိုရာနေရာတင်ပြီး တိုက်ရိုက် (Live) လွှင့်ရာမှတစ်ဆင့် ၎င်းတည်းခိုသည့် Resort ကို အောက်တိုဘာလ ၁၅ ရက် ညပိုင်းက ဝင်ရောက်ဖမ်းဆီးသွားခြင်း ဖြစ်ကြောင်း နီးစပ်သူတစ်ဦးက ပြောသည်။ “သူတို့က နေရာအတိအကျနဲ့ Live လွှင့်တာမှာ အဖမ်းခံလိုက်ရတာ။ သူနဲ့ဆက်စပ်ပြီး ကျန်တဲ့သူတွေ အဖမ်းခံရတာပေါ့။ သူတို့အုပ်စုကလူတွေ။ အခုတော့…
-

Párvulos: Children of the Apocalypse
Párvulos: Children of the Apocalypse (2024) ဆယ်လ်ဗဒေါ၊ အိုလီဗာနဲ့ဘင်ဂျမင်တို့ဟာ မိဘမဲ့ညီအစ်ကိုသုံးယောက်ဖြစ်ပြီးဖုတ်ကောင်ကပ်ဘေးကြောင့် ပျက်စီးသွားရတဲ့ကမ္ဘာမှာ ကိုယ့်ဝမ်းကိုယ်ကျောင်းရှင်သန်နေရတဲ့ ကလေးသုံးယောက်ဖြစ်ပါတယ်။ သူတို့နေထိုင်ရာအိမ်ကြီးက လူသူမနီးတဲ့တောအုပ်ထဲမှာရှိတဲ့အတွက် ပြင်ပအန္တရာယ်တွေကနေ ကင်းသင့်သလောက်ကင်းပေမယ့် ဝမ်းရေးအတွက်အစာရှာထွက်ရချိန်တွေမှာတော့အပြင်လောကမှာရှိတဲ့ ဖုတ်ကောင်တွေ၊အသက်ရှင်ကျန်ရစ်သူတွေကိုလိုက်သုတ်သင်နေတဲ့ ဘာသာရေးအစွန်းရောက်ဂိုဏ်းဝင်တွေကိုလည်းသတိထားရပါသေးတယ်။ အဲ့ဒါတွေအပြင် သူတို့ရဲ့မြေအောက်ခန်းမှာ ကြောက်စရာလျှို့ဝှက်ချက်တစ်ခုကိုလည်းထိန်းသိမ်းထားသေးပြီး ဒီအိမ်ကနေ ရေကြည်ရာမြက်နုရာကို စွန့်ခွာထွက်မသွားနိုင်တာ အဲ့ဒါကလည်း အကြောင်းရင်းတစ်ခုအနေနဲ့ပါရှိနေပါတယ်။ တင်ဆက်ပုံ၊ဇာတ်လမ်းဇာတ်ကွက်၊အရောင်တွေကအစ ထူးခြားလှပတဲ့ လက်ရာမြောက်ဇာတ်ကားတစ်ကားအဖြစ်ရှုစားကြရမှာပါ။ ဒါ့အပြင် ကမ္ဘာပျက်သွားတာကို ပုံဖော်ထားတဲ့စိတ်ကူးကလည်းအတော်ဆန်းသစ်ပြီးစိတ်ဝင်စားစရာကောင်းတဲ့အယူအဆတစ်ခုဖြစ်တာကိုတွေ့မြင်ကြရပါလိမ့်မယ်။ (တစ်ခုရှိတာကတော့ စိတ်မသက်မသာဖြစ်စရာ၊ မသတီစရာ၊ မြင်ကွင်းတွေလည်းအများကြီးပါဝင်တဲ့အတွက် စိတ်ခိုင်မှကြည့်ကြစေလိုပါတယ်။)
-

ရန်ကုန်က လင်မယားနှစ်ယောက် မြစ်ကြီးနား ပြည့်တန်ဆာခန်း၌ ရောင်းစားခံရ
ရန်ကုန်က လင်မယားနှစ်ဦးကို မြစ်ကြီးနားမြို့ရှိ အသိတစ်ဦးက လမ်းစာရိတ်ပေးခေါ်ခဲ့ပြီး ပြည့်တန်ဆာခန်း၌ ရောင်းစားမှုဖြစ်ခဲ့ ရန်ကုန်က လူငယ်ဇနီးမောင်နှံနှစ်ဦးကို မြစ်ကြီးနားမြို့ရှိ အသိတစ်ဦးက အလုပ်ပေးမည်ဟုဆိုကာ လှမ်းခေါ်ခဲ့ပြီး ပြည့်တန်ဆာခန်းတစ်ခု၌ ရောင်းစားခဲ့ကြောင်း သိရသည်။ ရန်ကုန်တွင် အလုပ်ရှာရခက်သည့်အကြောင်းပြောဆိုမိရာမှ မြစ်ကြီးနားမြို့သို့ တက်လာပါက ကုန်ကားပေးမောင်းမည်ဟုဆိုကာ အောက်တိုဘာလ ၄ ရက်နေ့၌ လမ်းစာရိတ်ပို့ပေးပြီး ခေါ်ခဲ့ခြင်းဖြစ်ကြောင်း ဖြစ်စဉ်သိရှိသူတစ်ဦးက ပြောသည်။ “အလုပ်ရှာပေးမယ်ပြောပြီး ကားခပို့ပေးလိုက်တယ်။ အစက ကားမောင်းခိုင်းမယ်၊ ကောင်းရောင်း ကောင်းဝယ်လုပ်စားလို့ ရတယ်ဆိုပြီးပြောလို့ တက်လာတာ၊ ဒီရောက်တော့ သေချာတော့ မသိဘူး၊ ရွှေညောင်ပင်လို့ ပြောတယ်။ အဲ့ကပြည့်တန်ဆာခန်းတစ်ခုမှာ ရောင်းစားသွားတယ်။ ပြီးတော့ ပစ္စည်းတွေ၊ ဖုန်းတွေအကုန်သိမ်းပြီး မိန်းမကို ပြည့်တန်ဆာလုပ်ခိုင်းတယ်။ မလုပ်ချင်ရင် ပိုက်ဆံသိန်း ၂၀ ပေးရမယ်ဆိုပြီး အခန်းထဲပိတ်ထားတာ ဘယ်မှထွက်လို့ မရဘူး”ဟု…
-

မြင်းခြံခရိုင် ပကဖ အချုပ်ခန်းကနေ အချုပ်သား ၃၀ နီးပါး လက်နက်တွေယူ ထွက်ပြေး
၈ ဦးကို Zero အဖွဲ့ ဖမ်းမိ မန္တလေးတိုင်း၊ မြင်းခြံခရိုင်ပကဖရဲ့ အချုပ်ခန်းကနေ အချုပ်သား ၃၀နီးပါးက လက်နက်တချို့ယူကာ ထွက်ပြေးမှုဖြစ်ပွားခဲ့ပြီး ၈ ဦးကို ပြန်လည်ဖမ်းဆီးရမိထားကြောင်း သတင်းရရှိပါတယ်။ မနေ့က အောက်တိုဘာ ၁၆ရက်မှာ မြင်းခြံခရိုင်ပကဖရဲ့အချုပ်ခန်းက အချုပ်သား ၃၀ခန့်ဟာ သေနတ်တွေယူကာ ထွက်ပြေးသွားကြောင်း မြင်းခြံလူထုလှုပ်ရှားမှုကော်မတီက အသိပေးပါတယ်။ အဲဒီထွက်ပြေးအချုပ်သားတွေထဲက အမျိုးသား ၇ဦးနဲ့ အမျိုးသမီး ၁ဦး စုစုပေါင်း ၈ဦးကို AK ၁လက်၊ အတို ၁လက်၊ ကာဘိုင် ၁လက်၊ ဓါးအရှည် ၁ချောင်းစတဲ့ လက်နက်တွေနဲ့အတူ ပြန်လည်ဖမ်းဆီးရမိထားတယ်လို့ Zero ပြောက်ကျားတပ်ဖွဲ့ခေါင်းဆောင် ကိုသက်ကြီးက ပြောပါတယ်။ “ဘယ်လို အချုပ်သားတွေဆိုတာ ကျနော်မသိပါဘူး။ဖမ်းပြီးတခါတည်း သက်ဆိုက်ရာအပ်လိုက်တာပါ”လို့ ကိုသက်ကြီးက ပြောပါတယ်။ ဖြစ်စဥ်နဲ့ပတ်သက်ပြီး မြင်းခြံခရိုင်ပကဖကို…
-

စီးကရက်ကို တန်းစီဝယ်ယူကာ အမြတ်တင်ပြန်ရောင်းကြသည့်အခြေအနေမျိုး ရန်ကုန်တွင်ဖြစ်လာ
လူကြိုက်များသည့် စီးကရက်များကို အကန့်အသတ်ဖြင့်ရောင်းလာသဖြင့် တန်းစီဝယ်ယူကာအမြတ်ဖြင့် ပြန်ရောင်းကြသည်အခြေအနေမျိုးအထိ ဖြစ်နေကြောင်း ရန်ကုန်အခြေစိုက်စျေးကွက်များအတွင်းမှ သိရသည်။ မူလက စျေးကွက်ဝယ်လိုအားထက်ပိုသော အခြေအနေမျိုးဖြင့် ဖြန့်ချိခဲ့သော်လည်း နောက်ပိုင်းတွင် မီနီမတ်များနှင့် Convenience Store များတွင် စျေးနှုန်းတစ်မျိုး၊ အရက်ဘီယာ အေးဂျင့်ဆိုင်များတွင် စျေးနှုန်းတစ်မျိုးစသည်ဖြင့် ဖြန့်ချိလာခဲ့ကြောင်း၊ စျေးကွက်အတွင်းတွင် မီနီမတ်နှင့် Convenience Store များတွင် ရောင်းချသော စျေးနှုန်းက ပြင်ပစျေးကွက်တွင် ရောင်းချသောစျေးနှုန်းတို့မှာ ထက်ဝက်နီးပါးကွာခြားခြင်းများရှိလာခဲ့သည်။ “ပုံမှန်ဆိုရင်တော့ ဝယ်လိုအားလည်းကောင်းတဲ့အခြေအနေကို ပေါပေါများများထုတ်မှာပဲ၊ ဒါပေမယ့် အခုက ပစ္စည်းရှားသလိုလို ပြတ်လပ်နေသလိုလိုလုပ်ပြီး အကန့်အသတ်နဲ့ ထုတ်ရောင်းတာက စျေးကွက်ကို ကစားနေတဲ့ အခြေအနေမျိုးလို့ မြင်မိတယ်”ဟုလည်း ရန်ကုန်မြို့ခံတစ်ဦးက ပြောသည်။ ထိုမီနီမတ်များနှင့် Convenience Store များတွင်လည်း ရောင်းချသည့် စျေးနှုန်းများမှာ ယခင်ထက် တရိပ်ရိပ်မြင့်တက်ကာ…