Párvulos: Children of the Apocalypse (2024)

ဆယ်လ်ဗဒေါ၊ အိုလီဗာနဲ့ဘင်ဂျမင်တို့ဟာ မိဘမဲ့ညီအစ်ကိုသုံးယောက်ဖြစ်ပြီးဖုတ်ကောင်ကပ်ဘေးကြောင့် ပျက်စီးသွားရတဲ့ကမ္ဘာမှာ ကိုယ့်ဝမ်းကိုယ်ကျောင်းရှင်သန်နေရတဲ့ ကလေးသုံးယောက်ဖြစ်ပါတယ်။
သူတို့နေထိုင်ရာအိမ်ကြီးက လူသူမနီးတဲ့တောအုပ်ထဲမှာရှိတဲ့အတွက် ပြင်ပအန္တရာယ်တွေကနေ ကင်းသင့်သလောက်ကင်းပေမယ့် ဝမ်းရေးအတွက်အစာရှာထွက်ရချိန်တွေမှာတော့အပြင်လောကမှာရှိတဲ့ ဖုတ်ကောင်တွေ၊အသက်ရှင်ကျန်ရစ်သူတွေကိုလိုက်သုတ်သင်နေတဲ့ ဘာသာရေးအစွန်းရောက်ဂိုဏ်းဝင်တွေကိုလည်းသတိထားရပါသေးတယ်။
အဲ့ဒါတွေအပြင် သူတို့ရဲ့မြေအောက်ခန်းမှာ ကြောက်စရာလျှို့ဝှက်ချက်တစ်ခုကိုလည်းထိန်းသိမ်းထားသေးပြီး ဒီအိမ်ကနေ ရေကြည်ရာမြက်နုရာကို စွန့်ခွာထွက်မသွားနိုင်တာ အဲ့ဒါကလည်း အကြောင်းရင်းတစ်ခုအနေနဲ့ပါရှိနေပါတယ်။
တင်ဆက်ပုံ၊ဇာတ်လမ်းဇာတ်ကွက်၊အရောင်တွေကအစ ထူးခြားလှပတဲ့ လက်ရာမြောက်ဇာတ်ကားတစ်ကားအဖြစ်ရှုစားကြရမှာပါ။ ဒါ့အပြင် ကမ္ဘာပျက်သွားတာကို ပုံဖော်ထားတဲ့စိတ်ကူးကလည်းအတော်ဆန်းသစ်ပြီးစိတ်ဝင်စားစရာကောင်းတဲ့အယူအဆတစ်ခုဖြစ်တာကိုတွေ့မြင်ကြရပါလိမ့်မယ်။
(တစ်ခုရှိတာကတော့ စိတ်မသက်မသာဖြစ်စရာ၊ မသတီစရာ၊ မြင်ကွင်းတွေလည်းအများကြီးပါဝင်တဲ့အတွက် စိတ်ခိုင်မှကြည့်ကြစေလိုပါတယ်။)



Leave a Reply