Author: Baby Yit Lone

  • တောကျွဲအင်းမြို့ကို တော်လှန်ရေးတပ်များက တိုက်ခိုက်သိမ်းပိုက်

    တောကျွဲအင်းမြို့ကို တော်လှန်ရေးတပ်များက တိုက်ခိုက်သိမ်းပိုက်

    ရန်ကုန်-မန္တလေးလမ်းဟောင်းဘေးရှိ တောကျွဲအင်းမြို့ကို တော်လှန်ရေးတပ်များက တိုက်ခိုက်သိမ်းပိုက်ပြီး စစ်တပ်ဘက်မှ သေဆုံးမှုများပြား၊ စစ်သားအလောင်းများ လမ်းပေါ်တွင် ပြန့်ကျဲနေ ပဲခူးတိုင်း၊ ကျောက်တံခါးမြို့နယ်၊ ရန်ကုန်-မန္တလေးလမ်းဟောင်းဘေးရှိ တောကျွဲအင်းမြို့ကို တော် လှန်ရေးတပ်များက တိုက်ခိုက်သိမ်းပိုက်ပြီး စစ်တပ်ဘက်မှ သေဆုံးမှုများပြားကြောင်း ဒေသခံပြည်သူများနှင့် ပြည်သူ့ကာကွယ်ရေးတပ် မတော် သတင်းရင်းမြစ်က ပြောဆိုသည်။ ယနေ့ ဇန်နဝါရီလ ၉ ရက်နေ့ နံနက် ၃ နာရီဝန်းကျင်အချိန်မှစတင်၍ တောကျွဲအင်းမြို့ကို တော်လှန်ရေးတပ်များက ဝင်ရောက်ခိုက်သိမ်းပိုက်ခဲ့ပြီး စစ်စခန်းများကို ရရှိခဲ့ကြောင်း၊ တိုက်ပွဲ ပြင်းထန်လွန်းသဖြင့် စစ်တပ်က လေကြောင်းတိုက်ခိုက်မှုများ ဆက်တိုက်လုပ်ဆောင်နေကြောင်း သိရှိရသည်။ “မြို့ကို ခေတ္တ ထိန်းချုပ်ပြီး ဆောင်ရွက်စရာရှိတာဆောင်ရွက်တာပါ။ မကြာခင် သတင်းထုတ်ပြန်ပါမယ် ။ လောလောဆယ်အထိတော့ မြို့ကို ထိန်းထားဆဲပါ” ဟု ပြည်သူ့ကာကွယ်ရေးတပ်မတော်မှ တော်လှန်ရေး သတင်းရင်းမြစ်က…

  • လောင်းလုံးမြို့နယ်အတွင်း စစ်ကြောင်းထိုးနေသော စစ်တပ်ကို ရက်ပေါင်း ၅၀ ကြာ ပိတ်ဆို့ တိုက်ခိုက်

    လောင်းလုံးမြို့နယ်အတွင်း စစ်ကြောင်းထိုးနေသော စစ်တပ်ကို ရက်ပေါင်း ၅၀ ကြာ ပိတ်ဆို့ တိုက်ခိုက်

    လောင်းလုံးမြို့နယ်အတွင်း စစ်ကြောင်းထိုးနေသော စစ်တပ်ကို ရက်ပေါင်း ၅၀ ကြာ ပိတ်ဆို့ တိုက်ခိုက်မှု စရဖ မှ ဗိုလ်ကြီး ၁ ဦး အပါအဝင် စစ်သား ၃၀ ကျော် သေဆုံးဟုဆို၊ PDF ၃ ဦး ကျဆုံး တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်အတွင်း စစ်ကြောင်းထိုးနေသော အကြမ်းဖက် စစ်တပ်ကို ရက်ပေါင်း ၅၀ ကြာ ပိတ်ဆို့ တိုက်ခိုက်ရာ စရဖ မှ ဗိုလ်ကြီး ၁ ဦး အပါအဝင် စစ်သား ၃၀ ကျော် ထိခိုက်သေဆုံးမှုရှိကြောင်း ထားဝယ်ခရိုင် တပ်ပေါင်းစု ပြန်ကြားရေးတာဝန်ခံ ရဲဘော်ရှဲဒိုးက ပြောဆိုသည်။ ၂၀၂၅ ခုနှစ် နိုဝင်ဘာလ ၁၁ ရက်နေ့မှ ဒီဇင်ဘာလ ၂၈ ရက်နေ့ထိ…

  • တော်တော်ကဲတဲ့ မော်ဒယ်ဂဲလ်

    တော်တော်ကဲတဲ့ မော်ဒယ်ဂဲလ်

    နောင်လတ် ပါးစပ်ကြီး ခါးလည်ကို ဖြတ်နင်းခံလိုက်ရသော ကျော်စံကေး ပါးစပ်နှယ် ပြဲသွား၏။ “အားပါး …. အောက်စလွတ်နေတာကွ.. အဟီး” ထိန်ဝင်းနှင့် သန်းရှိန်တို့နှစ်ယောက် .. သံပတ်ပေးထားသော စက်ရုပ်များနှယ် လှုပ်စိလှုပ်စိ လမ်းလျှောက်နေရာမှ.. နဖားကြိုးအဆွဲခံလိုက်ရသလို.. တုံ့သွားသည်။ ချာကနဲ ခေါင်းနှစ်လုံးက နောင်လတ်ကြည့်ရာသို့ လိုက်ကြည့် ကြသည်။ ထိန်ဝင်းက .. ဟိုက်ကနဲ အော်၏။ သန်းရှိန်က မျက်ကြီးပြူးပြီး… ဂလုကနဲ တံတွေးမြိုချ၏။ “ပေါ်တင်ကြီး..” သုံးယောက်သား ..လမ်းမအလယ်မှာ တန်းစီရပ်နေမိကြသည်။ နှစ်ထပ် ပျဉ်ထောင်အိမ်ကလေးက သားနားသပ်ရပ်သည်..။ ပြူတင်းပေါက်များကို ကြည်ပြာရောင် ဇာလေးများ ချိန်ဆွဲထားသည်။ အိမ်ရှေ့နှင့် လူသွားလမ်းကလေး တစ်ခုမျှသာဝေးပြီး ခြံကကျဉ်းမြောင်းသည်။ ခေါင်းရင်းဘက်၌ ရေစင်တစ်ခု ရှိ၏။ ရေစင်အောက် ကြိမ်ကုလားထိုင်လေးပေါ်၌ လှပကျော့ရှင်း ပြေပြစ်…

  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    ရွေးကောက်ပွဲအပိုင်း(၁)အပြီး စစ်တပ်ထိပ်ပိုင်းရာထူးများ ဆက်တိုက်ပြောင်းလဲလျက်ရှိရာ အရေးပါသည့် လေကြောင်းရန်ကာကွယ်ရေးတပ်ဖွဲ့ အရာရှိချုပ်၊ စစ်ထောက်ချုပ်နှင့် စစ်ရေးချုပ်ရာထူးများအား စစ်ခေါင်းဆောင်လူရင်းများဖြင့် ပြောင်းလဲခန့်အပ်လိုက်ကြောင်း နေပြည်တော် စစ်ဘက်သတင်းရင်းမြစ်တဦးက ပြောသည်။ နေပြည်တော်တိုင်းမှူး ဗိုလ်ချုပ်စိုးမင်းအား ဒုဗိုလ်ချုပ်ကြီးအဆင့် ရာထူးတိုးပြီး လေကြောင်းရန် ကာကွယ်ရေးတပ်ဖွဲ့အရာရှိချုပ်အဖြစ် ခန့်အပ်ကာ စစ်ထောက်ချုပ်တာဝန် ထမ်းဆောင်နေသော ဒုဗိုလ်ချုပ်ကြီးဇော်ဟိန်း (DSA-38)ကို စစ်ရေးချုပ်အဖြစ် ပြောင်းလဲခန့်အပ်ကာ စစ်ထောက်ချုပ်နေရာတွင် မကြာသေးမီက ကယားပြည်နယ်ဝန်ကြီးချုပ်တာဝန်မှ စစ်ဘက်သို့ ပြန်ခေါ်ခဲ့သော ဒုဗိုလ်ချုပ်ကြီး ဇော်မျိုးတင်အား ခန့်အပ်လိုက်ကြောင်း သိရသည်။ ယခင် လေကြောင်းရန်ကာကွယ်ရေးတပ်ဖွဲ့ အရာရှိချုပ်တာဝန်ယူခဲ့သူ ဒုဗိုလ်ချုပ်ကြီးမျိုးမိုးအောင်အား စစ်ဘက်ရာထူးမှ အနားပေးကာ ရုရှားနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးအဖြစ် ပြောင်းလဲခန့်အပ်လိုက်သည်။ ၎င်းသည် ဒုဗိုလ်ချုပ်မှူးကြီးဟောင်း မောင်အေး၏ တူ ဖြစ်သည်။ လေကြောင်းရန်ကာကွယ်ရေးတပ်ဖွဲ့အရာရှိချုပ် ဖြစ်လာသူ ဗိုလ်ချုပ်စိုးမင်းသည် စစ်တက္ကသိုလ်အပတ်စဥ် ၃၉ ကျောင်းဆင်းတဦးဖြစ်ပြီး…

  • Baghban

    Baghban

    Baghban (2003) “ကိုယ်တို့ သားသမီးတွေ အိမ်မက်တွေကိုဖြည့်စည်းရင်းနဲ့ ကိုယ်တို့အိမ်မက်တွေနဲ့ ဝေးကွာခဲ့ရတယ်” သားသမီးတွေရဲ့ ခါးခါးသီးသီးငြင်းပယ်ခံရမှုအပေါ်မှာ ဖခင်တစ်ယောက်ရဲ့ တုန့်ပြန်တဲ့စကား။ မိဘဆိုသည်မှာ ဆင်းရဲသည်ဖြစ်စေ၊ ချမ်းသာသည်ဖြစ်စေ သားသမီးတွေကိုတော့ ပြည့်စုံအောင်ထားချင်တာ သဘာဝပါပဲ။ “အဖေ မဆာလို့မစားတော့ဘူး” “အမေ့အတွက်မချန်နဲ့တော့နော်၊ အမေစားခဲ့ပြီးပြီ” ချိုမြိန်တဲ့ မုသားတွေအောက်က မျက်ရည်စတွေကို သားသမီးတွေမြင်သည်ဖြစ်စေ၊ မမြင်သည်ဖြစ်စေ မိဘကတော့ အနစ်နာခံစမြဲပါ။ ဘယ်သူကလုပ်ခိုင်းလို့လဲဆိုတော့ ဘယ်သူမှ မလုပ်ခိုင်းပါဘူး။ အဖြေကတော့ မိဘဖြစ်နေလို့ပါပဲ။ သာမန် မိသားစုမိကြီးပြင်းလာတဲ့လူ၊ မပြည့်စုံတဲ့မိသားစုမှာ ကြီးပြင်းခဲ့ရသူတွေဆို ဒီလိုမျိုး ကိစ္စတွေကို အမြဲလိုလိုကြုံခဲ့ရပါလိမ့်မယ်။ ဒါတွေကိုငယ်စဉ်အခါတုန်းက မသိခဲ့ရပေမဲ့ အသက်အရွယ်တစ်ခုရလာတဲ့အချိန်မှာတော့ အားလုံးကိုနားလည်လာရပါတယ်။ ဒီလိုမျိုးနားလည်လာရတဲ့အချိန်မှာ မိဘတွေက အနားမှာရှိကောင်းလည်းရှိနေနိုင်တယ်။ ရှိချင်မှလည်းရှိလိမ့်မယ်။ အရာအားလုံးနောက်မကျသွားခင်တော့ မိဘဟာမိဘပဲဆိုတာ ဒီရုပ်ရှင်ကအကောင်းဆုံးချပြသွားပါတယ်။ ဇာတ်ညွှန်း မယ်လ်ဟိုတာ ဆိုတာ သာမန်လခစားဝန်ထမ်းတစ်ယောက်ပါ။…