Author: Baby Yit Lone
-

ဧရာဝတီတိုင်း၊ သာပေါင်းမြို့နယ်၊ ရေကြည်မြို့နယ်နှင့် လေးမျက်နှာမြို့နယ်တို့တွင် တိုက်ပွဲဖြစ်ပွားနေပြီး စစ်တပ်ကအကျအဆုံးအထိအခိုက်များနေ
“ရက်ပေါင်း ၃၀ရက်(သို့မဟုတ်) ၄၅ရက်သင်တန်းပေးပြီး ရှေ့တန်းသို့ပို့နေသဖြင့် လူသစ်များကျဆုံးမှုများနေဟုဆို” ဧရာဝတီတိုင်း၊ သာပေါင်းမြို့နယ်၊ရေကြည်မြို့နယ်နှင့် လေးမျက်နှာမြို့နယ်တို့တွင် တိုက်ပွဲများ ဆက်လက်ပြီး ပြင်းထန်စွာ ဖြစ်ပွားနေပြီး စစ်မှုထမ်းများကို ရက်ပေါင်း ၃၀ ရက် (သို့မဟုတ်) ၄၅ ရက် သင်တန်းပေးပြီး ရှေ့တန်းသို့ ပို့နေသဖြင့် လူသစ်များ ပိုပြီးကျဆုံးမှုများနေသည်ဟု သတင်းရရှိသည်။ အထူးသတင်းတပ်ဖွဲ့- ပုသိမ်၏ နိုဝင်ဘာ ၁၈ ရက်နေ့ထုတ်ပြန်ချက်ထဲတွင် အနောက်တောင်တိုင်းစစ်ဌာချုပ် (နတခ) တွင် ဒဏ်ရာရတပ်သားအလွန်များပြားနေသဖြင့် ရန်ကုန်မြို့၊ မင်္ဂလာဒုံစစ်ဆေးရုံသို့ပို့ဆောင်နေရသည်ဟု ရေးသားဖော်ပြထားသည်။ “ဧရာဝတီတိုင်း၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၊ ရေကြည်မြို့နယ်နှင့် လေးမျက်နှာမြို့နယ်တို့တွင် အကြမ်းဖက် စစ်ကောင်စီနှင့် AA မဟာမိတ်, PDF များ ထိတွေ့တိုက်ပွဲများ နေ့စဉ်အမျှဖြစ်ပေါ်နေပြီး နတခမှ ဒဏ်ရာရတပ်သား အလွန်များပြားနေကာ မဆရ(၄) ဆေးရုံတွင်…
-

Jason X
Jason X (2001) လူအများစုခေါ်တဲ့ လူသတ်ကားဆိုတဲ့ Slasher လောကထဲမှာ Top 5 ပြောပါဆိုရင် မဖြစ်မနေ Jason ကြီးက ပါကိုပါနေပါလိမ့်မယ်။ လူကောင်ကအကြီးကြီး မျက်နှာမှာ ဟော်ကီမျက်နှာဖုံးနဲ့ ဓားတစ်လက်ကိုင်ပြီး တွေ့ရာသချိုင်းဓားမဆိုင်း လိုက်ရွှိုင်းတဲ့ Friday the 13th ကောင်ကြီးပေါ့ဗျာ။ သူနဲ့ ပတ်သက်ပြီး ဇာတ်ကားတွေထွက်ထားတာဆိုရင်လည်း စုစုပေါင်း ၁၂ ကားလောက်တောင်ရှိတဲ့ထိ အောင်မြင်သူကြီးပေါ့။ ဒီလိုအောင်မြင်လို့လည်း သူက တခြားနာမည်ကျော်လူသတ်သမားကြီးဖြစ်တဲ့ (Nightmare on Elm Street) က Freddy နဲ့တောင် (Freddy vs Jason) ဆိုပြီး တစ်ကားတည်း အတူတူအပြိုင်နွဲလိုက်ပါသေးတယ်။ ဒီတော့ မသိတဲ့လူတွေအတွက် သူ့သမိုင်းကြောင်းလေး အတိုချုံးပြောရမယ်ဆို ခရစ္စတယ်လိတ်ခ်စခန်းမှာ ရုပ်ဆိုးပန်းဆိုးကောင်လေးတစ်ယောက်က တခြားကလေးတွေအနိုင်ကျင့်တာခံရ ရေကန်ထဲရေနစ်သေသွားပြီး…
-

Jabang Mayit
Jabang Mayit (2025) The Portrait of Nightmare The Portrait of Nightmare ဆိုတဲ့ဇာတ်ကားလေးကတော့ အင်ဒိုနီးရှာဒဏ္ဍာရီလာ ကိုယ်ဝန်သည်တွေရဲ့ ဗိုက်ထဲကကလေးတွေကို စားသုံးတဲ့ တီဟမ်ကိုသတ်ဖို့ကြိုးစားတာလေးကို ရိုက်ကူးထားတဲ့ Horror ဇာတ်ကားလေးတစ်ကားဖြစ်ပါတယ်။ ဇာတ်လမ်းအကျဥ်း အဓမ္မပြုကျင့်ခံရပြီး ကိုယ်ဝန်ရခဲ့တဲ့ ဟူဂျန်ဆိုတဲ့တစ်ယောက်ဟာ သူ့ကလေးကိုထူးဆန်းစွာ ဆုံးရှုံးလိုက်ရပြီးနောက် သူ့ကိုအဲ့ဒီအရိပ်ဆိုးကခြောက်လန့်နေပါတယ်။ သူ့ကိုအိပ်မက်ထဲမှာ အမြဲတွေ့နေရတဲ့ ဘာယုဆိုတဲ့ ပန်းချီတစ်ဦးနဲ့တွေခဲ့နဲ့ တွေ့ဆုံခဲ့ပြီး သူတို့နှစ်ဦးဟာ အိပ်မက်ကမ္ဘာမှာ ဆက်နွှယ်နေကြောင်းသိရှိလာပါတော့တယ်။ အဲ့ဒီလိုနဲ့ သူတို့နှစ်ယောက်လဲ သူတို့ကိုအိပ်မက်ထဲမှာ ခြောက်လှန့်နေတဲ့ နတ်ဆိုးတစ်ကောင်ကို ဖယ်ရှားဖို့ကြိုးစားပြီး သူတို့နှစ်ဦးဆက်နွှယ်နေရတဲ့အကြောင်းအရင်းကရော ဘာဖြစ်မလဲဆိုတာ ဆက်လက်ကြည့်ရှုခံစားလိုက်ပါဗျာ။
-

Daddy’s Home 2
Daddy’s Home 2 (2017) ပရိသတ်ကြီးရေ၊ ပထမကား Daddy’s Home မှာ အဖေနဲ့ ပထွေးတို့ရဲ့ ပြိုင်ဆိုင်မှုတွေကို ကြည့်ပြီး ရယ်မောခဲ့ရပြီးတဲ့နောက် ဒီ Daddy’s Home 2 (2017) မှာတော့ ဟာသအရှိန်ကို ပိုမိုမြှင့်တင်ဖို့အတွက် အဖိုးနှစ်ယောက် ထပ်တိုးလာတာကို တွေ့ရမှာပဲ ဖြစ်ပါတယ်။ Will Ferrell နဲ့ Mark Wahlberg တို့အပြင်၊ ရုပ်ရှင်လောကရဲ့ ထိပ်တန်းမင်းသားကြီးနှစ်လက်ဖြစ်တဲ့ Mel Gibson နဲ့ John Lithgow တို့ ပါဝင်လာတဲ့အတွက် ဒီကားဟာ ပိုပြီး ပျော်စရာ ကောင်းလာပါတယ်။ ဇာတ်လမ်း အကျဉ်းချုပ် ပထမကားရဲ့ အဆုံးမှာ Brad (Will Ferrell) နဲ့ Dusty (Mark…
-

Blood and Ties
Blood and Ties (2013) ဒီတစ်ခါမှာတော့ ဝါရင့်သရုပ်ဆောင် မင်းသားကြီး Kim Gab Soo နဲ့ အားလုံးချစ်ကြတဲ့ မင်းသမီး Son Ye Jin တို့ ပါဝင်သရုပ်ဆောင်ထားတဲ့ Blood and Ties ဆိုတဲ့ လျှို့ဝှက်ဆန်းကြယ် ဇာတ်လမ်းလေးတစ်ပုဒ်နဲ့ မိတ်ဆက်ပေးချင်ပါတယ် .. ဇာတ်လမ်းအကျဉ်း ဂျောင်ဒါအွန်း (Son Ye Jin) ဟာ ဖခင်ဖြစ်သူ ဂျောင်ဆွန်းမန်(Kim Gab Soo) နဲ့အတူ ဘဝကို ပျော်ပျော်ရွှင်ရွှင် နေထိုင်နေပါတယ်။ ဂျောင်းဆွန်းမန်ဟာ သမီးကို သည်းသည်းလှုပ်ချစ်တဲ့ အဖေတစ်ယောက်ဖြစ်ပြီး သမီးအတွက် အရာရာကို ပေးဆပ်ခဲ့တဲ့သူလည်း ဖြစ်ပါတယ်။ ဒီလို အေးချမ်းနေတဲ့ သူတို့ ဘဝလေးမှာ တစ်နေ့မှာတော့ အလှည့်အပြောင်းတွေ ဖြစ်လာခဲ့ပါတယ်။…