Author: Baby Yit Lone

  • Bare Hands

    Bare Hands

    Mani nude… လက်ဗလာတဲ့။ လက်ဗလာနဲ့ သူသေကိုယ်သေတိုက်ပွဲတွေကို ကြည့်ရှုရမယ့် အီတလီအတိုက်အခိုက်ဇာတ်ကြမ်းရုပ်ရှင်ကို တင်ဆက်ပေးလိုက်ပါတယ်။ သူဌေးသားလူ့ပေါ်ကြော့ ဒေးဗစ်တစ်ယောက် မွေးနေ့ပါတီကနေ ခဏထွက်အလာပြန်ပေးဆွဲခံလိုက်ရတယ်။ သူသတိရလာတဲ့အချိန်မှာတော့ ထရပ်ကားတစ်စီးရဲ့ ပိန်းပိန်းပိတ်မှောင်နေတဲ့နောက်ခန်းမှာ လူတစ်ယောက်နဲ့အတူ အပိတ်ခံထားရတယ်။ သူ့အသက်ရှင်သန်ဖို့အရေး အသည်းအသန်ရုန်းကန်ရင်း တစ်ဖက်လူကို အနိုင်ယူနိုင်ခဲ့တယ်။ ဒီမှာပဲ သူ့ဘ၀တစ်ဆစ်ချိုး ပြောင်းသွားတော့တာပဲ။ အရင်ဘ၀ဆိုတာ ဘာမှန်းမသိတော့တဲ့ထိအသေအကြေတိုက်ပွဲတွေမှာ ရုန်းကန်နေရင်းနဲ့ သာမန်ဘ၀တစ်ခု ပြန်ရဖို့ ကြိုးစားပုံကိုခံစားကြည့်ရှုကြရမှာပါ။

  • ကျားဖြန့်တစ်ယောက်၏ ဖွင့်ဟဝန်ခံချက်

    ကျားဖြန့်တစ်ယောက်၏ ဖွင့်ဟဝန်ခံချက်

    အောက်ပါရေးသားချက်များကို ဝတ္တုဟုမှတ်ယူလိုက မှတ်ယူနိုင်ပြီး၊ သတင်းဆောင်းပါးဟုမှတ်ယူလိုကမှတ်ယူနိုင်ပါသည်။ သတင်းရင်းမြစ်ကိုငဲ့ညှာရသဖြင့် နာမည်နှင့်တည်နေရာကို အတိအကျမဖော်ပြနိုင်ခြင်းကိုသည်းခံပေးပါရန်။ ဆရာရေ နေကောင်းရဲ့လား၊ ကျွန်တော်သတိတရစာရေးလိုက်ပါတယ်။ စာရိုက်ရတာလည်းမလွယ်ဘူးဆရာရဲ့ ၊ အုပ်စုခေါင်းဆောင်တွေလစ်တုန်း ရေးရတာ၊သူတို့အနားရောက်လာရင် ဆရာ့ကို ကျွန်တော် အစ်ကိုလို့ခေါ်မယ်နော်၊ အစ်ကိုက ဘာအလုပ်လုပ်တာလဲ ဆူရှီးလား၊ Uber taxi မောင်းတာလား၊ US ရောက်တာဘယ်လောက်ကြာပြီလဲ ဘာညာပေါ့၊ ညီမ အစ်ကို့ကိုအရမ်းခင်ပါတယ်ဘာညာပေါ့ဆရာရယ်။ကျွန်တော်တို့ဘဝကလည်း ယောက်ျားကမိန်းမယောင်ဆောင်နေရတာဆရာရယ်၊ဒါကိုဆရာလည်းသိပါတယ်၊သိလို့မှ ဟိုတစ်ခါ မြတ်နိုး ဆိုပြီးအယောင်ဆောင်ထားတဲ့ကောင်ကိုဆရာက ယောက်ျားလေးမှန်းသိနေတာပေါ့။အဲ့ဒိအဖွဲ့နဲ့ကျွန်တော်တို့ကမတူပါဘူး၊သပ်သပ်စီပါ။ ကျွန်တော်တို့က လူတစ်ယောက်ကို အနည်းဆုံး ဖေ့စ်ဘွတ် ၊အကောင့် ဆယ်ခုလောက်စီရှိတယ်ဆရာရဲ့၊ အင်းလေ အားလုံးမိန်းမနာမည်တွေနဲ့ချည်းပေါ့ ၊ တွေးမိတွေးရာနာမည်တွေလျှောက်မှည့်ရတာပဲဆရာရေ။တင်ထားတဲ့မိန်းကလေးဓာတ်ပုံတွေလား၊ US မှာရောက်နေတဲ့ Instagram ကမြန်မာမတွေဓာတ်ပုံကိုဒေါင်းလုပ်ဆွဲ ပြီးယူထားတာပဲဆရာရေ၊ အထူးသဖြင့် နိုင်ငံခြားမှာ နေတဲ့သူတွေရဲ့ပုံပေါ့ ၊ လှရမယ် ချောရမယ်၊ချမ်းသာ နေတဲ့ပုံပေါက်ရမယ်၊အဲ့လိုကောင်မလေးတွေပုံကို…

  • Burner

    Burner

    Burner (2025) ဒီတစ်ခေါက်မှာတော့ အက်ရှင်ကားကောင်းတွေနဲ့ စိတ်လှုပ်ရှားစရာ ဇာတ်လမ်းတွေကို နှစ်သက်သူတွေအတွက် Hollywood ရဲ့ ဇာတ်ရှိန်အမြင့်ဆုံး Action Thriller ဇာတ်ကားကြီးဖြစ်တဲ့ “Burner” နဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဒီဇာတ်ကားဟာ ပထမဆုံး စက္ကန့်ကတည်းက စပြီး ပရိသတ်ကို ဆွဲဆောင်ထားနိုင်ပြီး နောက်ဆုံး မိနစ်အထိ ထိုင်ရာမထကြည့်ချင်အောင် ဆွဲဆောင်နိုင်မှာပါ။ ဇာတ်လိုက်မင်းသမီးဖြစ်တဲ့ Kiki ဟာ အကျဉ်းထောင်ကနေ လွတ်မြောက်လာပြီးနောက် ဆယ်ကျော်သက် သမီးလေး နဲ့ ပြန်လည်ပေါင်းစည်းနေထိုင်ခဲ့ပါတယ်။ သူမဘဝသစ်ကို စတင်ဖို့ ကြိုးစားနေချိန်မှာပဲ အကြမ်းဖက်တဲ့၊ မူးယစ်ဆေးဝါးရောင်းဝယ်တဲ့ သူမရဲ့ ခင်ပွန်းဟောင်း ပြန်ပေါ်လာခဲ့ပါတယ်။ ခင်ပွန်းဟောင်းရဲ့ ပြဿနာပေးမှုတွေဟာ Kiki ကို အကျဉ်းထောင်ဆီ ပြန်ပို့နိုင်တဲ့ အန္တရာယ်ကြီးတဲ့ အခြေအနေတွေကို ဖန်တီးလာပါတယ်။ ဒါကြောင့် Kiki ဟာ…

  • Muthal Pakkam

    Muthal Pakkam

    Mudhal Pakkam (2025) “မျက်နှာဖုံး” ကွယ်လွန်သွားပြီဖြစ်တဲ့ နာမည်ကျော်မှုခင်း၀တ္တုဆရာ အဖေဖြစ်သူရဲ့ အတ္ထုပ္ပတ္တိကို ဂျာနယ်တိုက်တစ်ခုက အပတ်စဉ်ဆောင်းပါးအဖြစ် ထုတ်ဝေချင်တာကြောင့် အဖေဖြစ်သူရဲ့အကြောင်း ဂဃဏနသိရဖိုအရေး သားဖြစ်သူ ပရာဘာကို ဂျာနယ်တိုက်ရှိရာ ချန်နိုင်းမြိုဆီ ဖိတ်ကြားခဲ့ပါတယ်။ ချန်နိုင်းမြိုကြီးကို ရောက်ရှိချိန်မှာတော့ နာမည်ကျော်ဆောင်းပါးရှင် ဆွာသီနဲ့တွေ့ပြီး ချန်နိုင်းမှာ တည်းခိုရင်း အဖေဖြစ်သူအကြောင်းကို သေချာပြောပြနေခဲ့တာပေါ့။ တစ်ရက် တည်းနေတဲ့အခန်းဆီအပြန် ခါးပိုက်နှိုက်တစ်ယောက် အမွှေကောင်းမှုကြောင့် ပရာဘာ ရဲဖမ်းတာခံလိုက်ရပါတယ်။ ရဲကားပေါ်မှာရှိနေတုန်း လမ်းဘေးမှာ ဆိုင်ကယ်လဲနေတဲ့လူတစ်ယောက်တွေ့လို့ စခန်းမှူးဆင်းကြည့်ချိန်မှာပဲ ဆိုင်ကယ်လဲနေတဲ့သူက သေဆုံးနေခဲ့ပါတယ်။ အဖေဖြစ်သူခြေရာနင်းတဲ့သူမို ဆိုင်ကယ်လဲပြီး သေဆုံးနေတဲ့လူက မတော်တဆမှုကြောင့်ဟုတ်ဘဲ လူသတ်မှုဆိုတာကို ပရာဘာ ရှင်းပြလိုက်မိရာက ရှင်းမလိုနဲ့ ရှုပ်လာတဲ့ ဒီအမှုအခင်းမှာ ပရာဘာတစ်ယောက် ရေဆုံးမြေဆုံးလိုက်ပါဖြေရှင်းရပါတော့တယ်။

  • Kishkindhapuri

    Kishkindhapuri (2025) (သရဲခြောက်တဲ့စံအိမ်ကြီး) အသည်းစွဲ မင်းသားချောလေး Bellamkonda Sai Sreenivas ပါဝင်ထားတဲ့ ရုံကားလေးတစ်ကား တင်ဆက်ပေးထားပါတယ် Box office အနေနဲ့ ၂၂ ကုဋေ ပြန်လည်ရရှိထားပြီး ပုံမှန်ကားတွေနဲ့မတူဘဲ တစ်မျိုးကြည့်ကောင်းနေတာကြောင့် လူပြောများနေတဲ့ကားကောင်းလေးလို့လည်း ညွှန်းလို့ရပါသေးတယ် စစချင်းမှာကတော့ အဖွဲ့တစ်ဖွဲ့က စူဗာနာမာယာဆိုတဲ့ စံအိမ်အိုကြီးထဲမှာ ဒုစရိုက်မှု လုပ်နေကြပါတယ် အစမှာကို သရဲမရဲ့ လက်စွမ်းကြောင့် သွေးသံရဲရဲနဲ့ အသက်ရှင်ကျန်သူမရှိ ဇာတ်သိမ်းသွားခဲ့ရှာတယ် ဒီအိမ်ကြီးကို စူးစမ်းလေ့လာတဲ့အနေနဲ့ရောက်လာမဲ့အဖွဲ့ကတော့ ရာဂေ့ဗ်တို့ စုံတွဲပေါ့ သူတို့ရဲ့စီးပွားရေးကိုတော့ Ghost Walking Tour လို့အမည်ပေးထားပြီး သရဲခြောက်တယ်ဆိုတဲ့အိမ်တွေဆီ ခရီးသားတွေစုပြီး လိုက်ပြတာမျိုးပါ သရဲကတော့ သူ့လူ ကိုယ့်ဘက်သား အကြံအဖန်တွေပေါ့ ဒါပေမဲ့ ဒီစံအိမ်ကိုမှ ခရီးသွားတွေကို လိုက်ပြရမဲ့အကြောင်းဖန်လာခဲ့ရာမှာတော့ သရဲအတုနဲ့ အစစ်တွေကြား…