Author: Baby Yit Lone
-

AA နှင့်တိုက်ပွဲတွင် သေဆုံးသွားသည့် ဗိုလ်မှူးဝေယံလင်းကို စစ်ကောင်စီက သီဟသူရဘွဲ့ ချီးမြှင့်
ပဲခူးတိုင်း ပန်းတောင်းမြို့နယ်က ပွိုင့်-၆၆၆ စခန်းအနီးမှာ အာရက္ခတပ်တော် (AA) ရဲ့ ချေမှုန်းခံရပြီး သေဆုံးသွားတဲ့ စစ်ကောင်စီတပ်ရဲ့ ဗိုလ်မှူးဝေယံလင်းကို စစ်ကောင်စီက အမြင့်ဆုံးဆုတခုဖြစ်တဲ့ သီဟသူရဘွဲ့ကို ချီးမြှင့်လိုက်တယ်လို့ လွတ်လပ်ရေးနေ့ ဇန်နဝါရီ ၄ ရက်မှာ ကြေညာခဲ့ပါတယ်။ စစ်ကောင်စီက သီဟသူရဘွဲ့ ပေးအပ်ခဲ့တဲ့ ဗိုလ်မှူး ဝေယံလင်းဟာ ပန်းတောင်းမြို့နယ်က ပွိုင့်-၆၆၆ စခန်းကုန်းကို ဒီဇင်ဘာ ၂၂ ရက်က အင်အားဖြည့်တင်းဖို့ သွားရောက်ကြတာမှာ AA ရဲ့ တိုက်ခိုက်ခံရပြီး သေဆုံးသွားခဲ့တာလို့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။ ဗိုလ်မှူးဝေယံလင်းဟာ စစ်တက္ကသိုလ် အပတ်စဉ် ၅၃ ဆင်းဖြစ်ပြီး ရန်ကုန်တိုင်းစစ်ဌာနချုပ်နဲ့ လွိုင်ကော်အခြေစိုက် ဒေသစစ်ဆင်ရေးဌာနချုပ်တို့မှာ စစ်ဦးစီးအရာရှိ- G3 တာဝန် ထမ်းဆောင်ဖူးသူဖြစ်တယ်လို့ စစ်တပ်အသိုက်အဝန်းက ပြောကြပါတယ်။ ပွိုင့်-၆၆၆ စခန်းကုန်းကို…
-

စစ်တွေတွင် စစ်ကားတစ်စီးကို AA က ဒရုန်းဖြင့်တိုက်ခိုက်၍ ရဲသုံးဦး ပွဲချင်းပြီးသေဆုံးသွားဟုဆို
ရခိုင်ပြည်၊ စစ်တွေမြို့နယ်တွင် ကင်းလှည့်နေသည့် စစ်ကော်မရှင်တပ်၏ စစ်ကားသုံးစီးအနက် တစ်စီးသည် အာရက္ခတပ်တော်(AA)က ဒရုန်းဖြင့်ပစ်ခတ်မှုကြောင့် ထိမှန်၍ ရဲသုံးဦး ပွဲချင်းပြီးသေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူအချို့ရှိခဲ့ကြောင်း သတင်းရရှိသည်။ စစ်တွေမြို့ပြင်ကျေးရွာအနှံ့အပြားတွင် စစ်ကော်မရှင်တပ်၏ စစ်ကားများသည် ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက သိန်းတန်ကျေးရွာဘက်ကို ကင်းလှည့်နေစဉ် AA က ဒရုန်းဖြင့်တိုက်ခိုက်ခဲ့ရာ တစ်စီးထိမှန်သွားခဲ့သည်ဟု သိရသည်။ ထိမှန်သွားသည့်ကားပေါ်တွင်ပါလာသည့် ရဲသုံးဦးပွဲချင်းပြီးသေဆုံးပြီး စစ်ကော်မရှင်တပ်ဖွဲ့ဝင်များနှင့် ရဲအချို့ထိခိုက်ဒဏ်ရာရရှိသွားသည်ဟု စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောသည်။ “ကင်းလှည့်တဲ့ကားပေါ်မှာက ရဲရော၊ စစ်သားရောအမြဲပါတယ်။ မြို့ပြင်ကရွာတွေဖက်ကိုလှည့်။ အဓိက AA ထိန်းချုပ်ထားတဲ့ ပုဏ္ဏားကျွန်းနဲ့နီးစပ်တဲ့နေရာတွေကို အများလှည့်တာပေါ့။ အဲဒီမှာ AA ဖက်က ဒရုန်းနဲ့ပစ်လိုက်တာ။ ရဲသုံးယောက်သေတယ်။ ဒဏ်ရာလည်း ရတယ်။ သိရတာက သိန်းတန်ဖက်ကို ကင်းလှည့်တာလို့ကြားတယ်။ စစ်သားတွေလည်း ထိခိုက်ဒဏ်ရာရတယ်”ဟု ပြောသည်။ ယင်းသို့ AA…
-

တော်လှန်ရေးအဖွဲ့များ စုစည်းပြီး စစ်အင်အားကြီးထွားအောင် ဆက်လုပ်မည်ဟု KIO ဥက္ကဋ္ဌပြော
ဘုံရန်သူတူ၊ စနစ်တူတဲ့ တော်လှန်ရေးအဖွဲ့တွေ အားလုံးနဲ့ အင်အားစုစည်းပြီး စုစည်းစစ်အင်အား အရှိန်အဟုန်ကြီး ဖြစ်ပေါ်လာအောင် ဆက်လက်လုပ်ဆောင်သွားမယ်လို့ ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) ဥက္ကဋ္ဌက ၂၀၂၅ ခုနှစ် နှစ်သစ်ကူးမိန့်ခွန်းမှာ ပြောကြားလိုက်ပါတယ်။ ၂၀၂၅ ခုနှစ်အတွင်း စစ်ရေးအခြေအနေအရ ဒေသတချို့ကို အနိုင်ရ သိမ်းပိုက်နိုင်ခဲ့ပေမဲ့ စစ်ကောင်စီဘက်က အင်အားသုံး တန်ပြန်ထိုးစစ်တွေ ဆက်တိုက်လုပ်လာတာကြောင့် ခုခံကာကွယ်စစ်တွေကို အဓိက ဆင်နွှဲခဲ့ရတယ်လို့ ဆိုပါတယ်။ ဒီတိုက်ပွဲတွေကြောင့် တော်လှန်ရေးရဲဘော်တွေ၊ မဟာမိတ်တပ်ဖွဲ့တွေ၊ ပြည်သူတွေဘက်ကလည်း ထိခိုက်သေဆုံးမှုနဲ့ အသက်ပေး စတေးမှုတွေ ရှိခဲ့ရတယ်လို့ ဆိုပါတယ်။ စစ်ကောင်စီတပ်က စစ်ရေးပစ်မှတ်မဟုတ်တဲ့ ပြည်သူ့နေအိမ်တွေ၊ ဆေးရုံတွေ၊ စာသင်ကျောင်းတွေကို လက်နက်ကြီး၊ ဒရုန်း၊ လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်လုပ်နေပြီး ဒေသခံပြည်သူတွေ အများအပြား သေဆုံးနေရတယ်လို့လည်း KIO ခေါင်းဆောင်က ပြောပါတယ်။ ဒါ့အပြင်…
-

ကမ္ဘာနှင့် ရင်ပေါင်တန်းနိုင်သည့် စစ်တပ်ဖြစ်ရန် ကြိုးစားနေဟု စစ်ခေါင်းဆောင် ပြော
တိုင်းစစ်ဌာနချုပ် အပါအဝင် တပ်ရင်း၊ တပ်ဖွဲ့တွေ အများကြီး သိမ်းဆည်းခံထားရပေမဲ့ စစ်ကောင်စီတပ်ကို ကမ္ဘာနဲ့ ရင်ပေါင်တန်းနိုင်တဲ့ စစ်တပ်ဖြစ်အောင် ကြိုးစားနေတယ်လို့ အာဏာသိမ်း စစ်ခေါင်းဆောင်က ပြောပါတယ်။ ဇန်နဝါရီ ၄ ရက် မနေ့ နေ့လယ်က နေပြည်တော်ရှိ ဇေယျာသီရိဗိမာန်မှာ ပြုလုပ်တဲ့ စွမ်းရည်သတ္တိဆိုင်ရာ ဂုဏ်ထူးဆောင်တံဆိပ်တွေ ပေးအပ်ပွဲမှာ ပြောဆိုခဲ့တာ ဖြစ်ပါတယ်။ စစ်ခေါင်းဆောင်က “ကမ္ဘာ့နိုင်ငံရေးဇာတ်ခုံပေါ်တွင် Balance of Power ဟုခေါ်သည့် အင်အားချိန်ခွင်လျှာ ပျက်ယွင်းခြင်း၊ ဗိုလ်ကျစိုးမိုးခြင်း၊ အင်အားပြိုင်ဆိုင်မှု ကိစ္စရပ်များနှင့် ရုပ်သေးအစိုးရဖြစ်စေရေး ကြိုးစားမှုများ များပြားလျက်ရှိသည်ကို တွေ့ရသဖြင့် သမားရိုးကျစစ်ပွဲများ ဆင်နွှဲနိုင်ရေးနှင့် ကမ္ဘာ့နိုင်ငံရေးဇာတ်ခုံပေါ်တွင် အသုံးချခံမဖြစ်စေရေးအတွက် မိမိတို့စစ်တပ်ကို တိုက်ရည်ခိုက်ရည် ပြည့်ဝပြီး ကမ္ဘာနဲ့ ရင်ပေါင်တန်းနိုင်သည့် Standard Army ဖြစ်အောင် တည်ဆောက်နေတယ်”…
-

ပဲခူး-ရခိုင်အစပ် AA နှင့်ဖြစ်ပွားသည့် တိုက်ပွဲအတွင်း ဗိုလ်မှူးတစ်ဦးအပါအဝင် စစ်သားဒါဇင်နဲ့ချီပြီးသေဆုံ
ပဲခူးတိုင်း-ရခိုင်ပြည်အစပ် ပန်းတောင်း- တောင်ကုတ် ကားလမ်းပေါ်ရှိ လေလာတောင်နှင့် ၆၆၆ ပွိုင့်စခန်းကုန်းတိုက်ပွဲအတွင်းဗိုလ်မှူးတစ်ဦးအပါအဝင် စစ်သားဒါဇင်နှင့် ချီပြီးသေဆုံးသွားကာ အများအပြားကိုလည်း အာရက္ခတပ်တော်(AA) က ဖမ်းဆီးမိထားကြောင်း သတင်းရရှိသည်။ မြေပြင်ဒေသခံစစ်ရေးသတင်းရင်းမြစ်တစ်ဦးက “သေတာကတော့ပုံနေတယ်။ အဲ့ဒီအထဲမှာ ဗိုလ်မှူးအဆင့်တစ်ဦးပါတယ်။ သူတို့ကအခုတပ်မ တံဆိပ်တွေကိုသိပ်မတပ်ဘူး။ ယူနီဖောင်းတွေမှာဘယ်တပ်ရင်းကလဲတော့အတိကျမပြောနိုင်ပေမယ့် ဗိုလ်မှူးပါတယ်ဆိုတာမှန်တယ်။ အနည်းဆုံးတော့စစ်သားက ၅၀ နဲ့ ၆၀ ဝန်းကျင်သေတယ်။ အလောင်းတွေကပြန့်ကြဲနေတယ်”ဟု ပြောသည်။ အဆိုပါ ဗိုလ်မှူးအပါအဝင် စစ်သားများသည် ဇန်နဝါရီ ၃ ရက်နှင့် ၄ ရက်နေ့အတွင်း AA ဦးဆောင်သည့် မဟာမိတ်တပ်များနှင့် ဖြစ်ပွားခဲ့သည့် တိုက်ပွဲများအတွင်း သေဆုံးသွားခဲ့သူများဖြစ်ကြသည်ဟု ဆိုသည်။ ၎င်းအပြင်ထွက်ပြေးသွားသည့် အကြမ်းဖက်စစ်တပ်၏တပ်ဖွဲ့ဝင်အများအပြားကိုလည်းဖမ်းဆီးရမိထားကြောင်း သိရသည်။ “ဖမ်းမိတာတွေတော်တော်များနေပြီ။ ဒါပေမယ့်တပ်တော်က မထုတ်ပြန်သေးတော့ အတိကျပြောဖို့ခက်တယ်။ အခုစစ်ပွဲတွေမှာစစ်တပ်က ပြည်သူ့စစ်အင်အားလည်းတအားသုံးထားတယ်။ လူငယ် အသက်၂၀ကျော်ဝန်းကျင်တွေကများတယ်။…