Author: Baby Yit Lone

  • Groom & Two Brides

    Groom & Two Brides

    Groom & Two Brides (2025) Netflix ကနေ အချစ်၊ အလိမ်အညာနဲ့ အရှုပ်အထွေးတွေကြားက ရယ်စရာဇာတ်လမ်းတစ်ပုဒ်ဖြစ်တဲ့ “Groom & Two Brides” ထွက်ရှိလာပါပြီ။ ဇာတ်လမ်းရဲ့အဓိကဇာတ်ကောင် အာဒမ်ဟာ တစ်ချိန်က သူ့ဘဝရဲ့အချစ်ဦးဆာမာကို ရုပ်ရှင်ဆန်ဆန်လက်ထပ်ခွင့်တောင်းခဲ့ပေမဲ့ ကမ္ဘာပတ်ချင်သေးတယ်ဆိုတဲ့အကြောင်းပြချက်နဲ့ အငြင်းခံခဲ့ရသူပါ။ သုံးနှစ်ကြာပြီးနောက်မှာတော့ အာဒမ်ဟာ အသည်းကွဲကောင်လေးဘဝကနေ မိန်းကလေးတွေအကြောင်းကျွမ်းကျင်သူ ‘Player’ တစ်ယောက်အဖြစ် ပြောင်းလဲခဲ့ပြီး “သံယောဇဉ်မတွယ်မိစေနဲ့” ဆိုတဲ့ စည်းကမ်းချက် နံပါတ်တစ်ကို လက်ကိုင်ထားခဲ့ပါတယ်။ ဒါပေမဲ့ သူ့ဘဝဟာ သူ့ရဲ့ သူဌေးကြီး မစ္စတာဂျာဘီယာ (Mr. Jabber) က ကုမ္ပဏီမှာ ရှယ်ယာရှင်အဖြစ် ကမ်းလှမ်းလာချိန်မှာ တစ်ဆစ်ချိုးပြောင်းလဲသွားပါတယ်။ တစ်ခုတည်းသော သဘောတူညီချက်ကတော့ သူဌေးရဲ့သမီး ယာစမင်းကို လက်ထပ်ရမှာပါ။ အာဒမ်အတွက်တော့ ယာစမင်းဆိုတာ ငယ်ငယ်က…

  • Time

    Time

    Time (2006) (18+ဇာတ်ဝင်ခန်းများပါဝင်သောကြောင့် မိသားစုနှင့်အတူ ကြည့်ရှုရန် မသင့်တော်ပါ) ဒီတစ်ခါမှာတော့ “Along with the Gods” ရုပ်ရှင်ထဲမှ မင်းသား Ha Jung-woo နဲ့ မင်းသမီး Sung Hyun-ah, မင်းသမီး Park Ji Yeon တို့ပါဝင်ထားတဲ့ Romance/Thriller ရုပ်ရှင်ဇာတ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းကတော့ ဆယ်ဟီး (Park Ji Yeon) ဟာ အရမ်းသဝန်တိုတတ်သူဖြစ်ပြီး သူမနဲ့ ချစ်သူသက်တမ်း ၂နှစ်ရှိပြီဖြစ်တဲ့ ချစ်သူကောင်လေး ဂျီအူ (Ha Jung-woo) က သူမရဲ့လက်ရှိမျက်နှာနဲ့ ပုံစံကို ငြီးငွေ့ပြီး ထားသွားခဲ့မှာကို အမြဲစိုးရိမ်ပူပန်နေသူလည်းဖြစ်ပါတယ်။ ဒီလိုနဲ့ တစ်နေ့မှာ သူမဟာ ချစ်သူကောင်လေးကို ဘာတစ်ခွန်းမှမပြောဘဲ ရုတ်တရက် ပျောက်ကွယ်သွားပြီး သူမရဲ့မျက်နှာကို…

  • Love+War

    Love+War

    Love+War (2025) “Love+War” ဆိုတဲ့ကားက၂၀၂၅ ခုနှစ်မှာထွက်ရှိခဲ့တဲ့ မှတ်တမ်းရုပ်ရှင်အမျိုးအစားဖြစ်ပြီး နာမည်ကျော် “Free Solo” ရုပ်ရှင်ကို ရိုက်ကူးခဲ့သော ဒါရိုက်တာများဖြစ်သည့် Elizabeth Chai Vasarhelyi နှင့် Jimmy Chin တို့ရဲ့ လက်ရာဖြစ်ပါတယ်။ ဒီကားမှာတော့ Pulitzer ဆုရှင် စစ်သတင်းဓာတ်ပုံဆရာမ Lynsey Addario ရဲ့ ဘဝနှင့် အလုပ်အကြောင်းကို မှတ်တမ်းတင်ရိုက်ကူးထားပါတယ်။ ဒီမှတ်တမ်းရုပ်ရှင်မှာတော့ အဓိကအားဖြင့် ယူကရိန်းအပေါ်ပူတင်ရဲ့ရက်စက်လှတဲ့ လုပ်ရပ်တွေ၊ အီရတ်နိုင်ငံမှာတာလီဘန် တွေအမျိုးသမီးတွေကိုနှိပ်စက်ဖိနှိပ်မှုကြောင့် ကိုယ့်ကိုကိုယ်မီးရှို့သတ်သေမှုတွေ၊ အမေရိကန်စစ်သားတွေ ထောင်နဲ့ချီ အီရတ်မှာ အသက်ပေးဆပ်ရပုံတွေ၊ တောင်ဆူဒန်မှာကျန်းမာရေး စောင့်ရှောက်မှုမလုံလောက်မှုတွေကြောင့် ကိုယ်ဝန်ဆောင်အမျိုးသမီးတွေနှစ်စဥ်သိန်းနဲ့ချီသေဆုံးရပုံတွေ၊ လစ်ဗျားနိုင်ငံက စစ်အာဏာရှင် Muhammad Gaddafiတို့ရဲ့ နိုင်ငံအတွင်း ပြည်တွင်းစစ်တွေအကြောင်းကို တကယ့်စစ်မြေပြင်က ရုပ်ရှင်မှတ်တမ်းတွေနဲ့ ကြည့်ရှုရမှာဖြစ်ပါတယ်။ ဇာတ်လမ်းအကျဥ်း Love+War…

  • It Was Just an Accident

    It Was Just an Accident

    It Was Just an Accident (2025) ဒီနှစ် Palme d’Or ရခဲ့တဲ့ ရုပ်ရှင်ဖြစ်သလို အော်စကာမှာ Best International Feature Film ရနိုင်ခြေရှိတဲ့ အီရန်ရုပ်ရှင်ပါ။ It Was Just an Accidentရဲ့ ဒါရိုက်တာ Jafar Panahiကို ရင်းနီးတဲ့လူတွေလည်း ရင်းနီးပြီးသားပဲ။ ပုံမှန်လည်း ရိုက်နေသလို လက်ရှိအီရန်ရုပ်ရှင်ရဲ့ အထင်ကရတစ်ယောက်လည်း ဟုတ်တယ်။ ရှော့ဖလင်တွေရိုက်နေရာကနေ ဂုရုကြီး Abbas Kiarostami ရုပ်ရှင်တွေကို သိပ်ကြိုက်ကြောင်းပြောရင်း Abbasဆီက အလုပ်တောင်းရာကနေ Through the Olive Treesမှာ လက်ထောက်ဒါရိုက်တာလုပ်ရင်း ဒါရိုက်တာဘဝစခဲ့တဲ့သူလို့ပြောရမယ်။ အဲဒီကနေ အခုထိ ခပ်စိပ်စိပ် ပုံမှန်ရိုက်နေပြီး feature film ၁၁ကားရိုက်ထားပြီးပြီ။ Cannesမှာ…

  • The Thing with Feathers

    The Thing with Feathers

    The Thing with Feathers (2025) မင်းသားကြီး Benedict Cumberbatch ရဲ့ ဆိုက်ကိုဒရာမာ ရုပ်ရှင်အသစ်ပါ။ သင်္ကေတသရုပ်ဖော်ကားမျိုးပါပဲ။ ဇနီးသည် ရုတ်တရက် ဆုံးပါးသွားပြီးနောက် ကျန်ရစ်ခဲ့တဲ့ ဖခင်တစ်ယောက်နဲ့ သူ့ရဲ့ သားငယ်နှစ်ယောက်တို့ရဲ့ ဝမ်းနည်းပူဆွေးမှု ခရီးကြမ်းကို ပုံဖော်ရိုက်ကူးထားတဲ့ ဇာတ်ကားကောင်း တစ်ကားပါပဲ။ ဇာတ်လမ်းအကျဉ်းကတော့ ဖခင်ဖြစ်သူဟာ ဇနီးသည်မရှိတော့တဲ့နောက် စိတ်ဒဏ်ရာတွေနဲ့ ရုန်းကန်နေရချိန်မှာ “ကျီးကန်း” တစ်ကောင် အိမ်ထဲကို ရောက်လာခဲ့ပါတယ်။ ဒီကျီးကန်းဟာ သာမန်ငှက်တစ်ကောင် မဟုတ်ဘဲ မိသားစုရဲ့ ဝမ်းနည်းပူဆွေးမှု၊ ဒေါသနဲ့ နာကျင်မှုတွေကို ကုစားပေးဖို့ ရောက်လာတဲ့ သင်္ကေတတစ်ခုသဖွယ် ဖြစ်နေပါတယ်။ သူက ဖခင်ဖြစ်သူကို မလိုအပ်တော့တဲ့အချိန်ထိ နေပေးမယ်လို့ ကတိပေးပြီး မိသားစုကို ပုံစံမျိုးစုံနဲ့ ကူညီပေးသွားပါတဲ့အကြောင်းကို နိမိတ်ပြသဘောမျိုးနဲ့ တင်ဆက်ထားတာပါ။ ကျီးကန်းဇာတ်ကောင်ရဲ့…