It Was Just an Accident

It Was Just an Accident

It Was Just an Accident (2025)

ဒီနှစ် Palme d’Or ရခဲ့တဲ့ ရုပ်ရှင်ဖြစ်သလို အော်စကာမှာ Best International Feature Film ရနိုင်ခြေရှိတဲ့ အီရန်ရုပ်ရှင်ပါ။ It Was Just an Accidentရဲ့ ဒါရိုက်တာ Jafar Panahiကို ရင်းနီးတဲ့လူတွေလည်း ရင်းနီးပြီးသားပဲ။ ပုံမှန်လည်း ရိုက်နေသလို လက်ရှိအီရန်ရုပ်ရှင်ရဲ့ အထင်ကရတစ်ယောက်လည်း ဟုတ်တယ်။

ရှော့ဖလင်တွေရိုက်နေရာကနေ ဂုရုကြီး Abbas Kiarostami ရုပ်ရှင်တွေကို သိပ်ကြိုက်ကြောင်းပြောရင်း Abbasဆီက အလုပ်တောင်းရာကနေ Through the Olive Treesမှာ လက်ထောက်ဒါရိုက်တာလုပ်ရင်း ဒါရိုက်တာဘဝစခဲ့တဲ့သူလို့ပြောရမယ်။ အဲဒီကနေ အခုထိ ခပ်စိပ်စိပ် ပုံမှန်ရိုက်နေပြီး feature film ၁၁ကားရိုက်ထားပြီးပြီ။ Cannesမှာ အီရန်ကား Palme d’Or ရတာက ၉၇တုန်းက သူ့ဆရာAbbasရဲ့ Taste of Cherry ဆိုတော့ နှစ်၃၀ကြာပြီးမှ နာမည်ကျော်လှတဲ့ အီရန်ကားတွေအနေနဲ့Palme d’Orထပ်ရတယ်ပြောရမယ်။

ဇာတ်လမ်းကတော့ မပြောတာ ပိုကောင်းမယ်လို့ ထင်တယ်။ ကားနာမည်ကိုကြည့်ရင် ကားတိုက်မှုဖြစ်တဲ့ကားလိုလို။ ပိုစတာကို ကြည့်ရင် မင်္ဂလာဆောင်သွားရင် ကားမတော်တဆမှုဖြစ်ပြီး တိုင်ပတ်နေကြသလိုလို ထင်ရတယ်ကိုး။ ဒီတော့ ဒီတိုင်းသာကြည့်လိုက်ရင် ပိုအရသာရှိလိမ့်မယ်။ ရယ်ရမလို ငိုမရလို အဖြစ်တွေနဲ့ အဆုံးထိကို ဆွဲခေါ်နိုင်တဲ့ ဇာတ်ပဲ။ အရသာပျက်မှာစိုးလို့ ဇာတ်လမ်းကိုတော့ မပြောတော့ပါဘူး။

ဒီကားက Cannesက ဆုရနေကျ ပုံမှန်ကားတွေလို ပရိသတ်ရွေးတဲ့ ကားမျိုးတော့မဟုတ်ဘူး။ ပြောရရင် Parasiteတုန်းကလို ပရိသတ်မရွေးတဲ့ကားမျိုး တစ်ကြော့ပြန်လာတယ်ပြောရမယ်။ Palme d’Or လည်းရထားသလို ပရိသတ်မရွေးတဲ့ကားဆိုတော့ ရုပ်ရှင်ကြည့်တဲ့လူဆို ကြည့်သင့်တယ်လို့ ပြောရမှာပဲ။

အချစ်စာပေများဖတ်ရန်

မြန်မာစာတန်းထိုးဇာတ်ကားများကြည့်ရန်


Leave a Reply

Your email address will not be published. Required fields are marked *