Time (2006)

(18+ဇာတ်ဝင်ခန်းများပါဝင်သောကြောင့် မိသားစုနှင့်အတူ ကြည့်ရှုရန် မသင့်တော်ပါ)
ဒီတစ်ခါမှာတော့ “Along with the Gods” ရုပ်ရှင်ထဲမှ မင်းသား Ha Jung-woo နဲ့ မင်းသမီး Sung Hyun-ah, မင်းသမီး Park Ji Yeon တို့ပါဝင်ထားတဲ့ Romance/Thriller ရုပ်ရှင်ဇာတ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။
ဇာတ်လမ်းကတော့
ဆယ်ဟီး (Park Ji Yeon) ဟာ အရမ်းသဝန်တိုတတ်သူဖြစ်ပြီး သူမနဲ့ ချစ်သူသက်တမ်း ၂နှစ်ရှိပြီဖြစ်တဲ့ ချစ်သူကောင်လေး ဂျီအူ (Ha Jung-woo) က သူမရဲ့လက်ရှိမျက်နှာနဲ့ ပုံစံကို ငြီးငွေ့ပြီး ထားသွားခဲ့မှာကို အမြဲစိုးရိမ်ပူပန်နေသူလည်းဖြစ်ပါတယ်။
ဒီလိုနဲ့ တစ်နေ့မှာ သူမဟာ ချစ်သူကောင်လေးကို ဘာတစ်ခွန်းမှမပြောဘဲ ရုတ်တရက် ပျောက်ကွယ်သွားပြီး သူမရဲ့မျက်နှာကို ခွဲစိတ်ပြုပြင်မှု ပြုလုပ်ခဲ့ပါတော့တယ်။
၆လအကြာမှာ မျက်နှာအသစ်နဲ့ သူမရဲ့ကောင်လေးကို ပြန်လည်ချဉ်းကပ်ကာ ချစ်သူတွေထပ်ဖြစ်ခဲ့ပါတယ်။
ဒါကြောင့် ဒီမျက်နှာအသစ်ကရော သူမကို စိတ်လုံခြုံမှုပေးစွမ်းနိုင်ပါ့မလား….
ဂျီအူက ဒီဖြစ်ရပ်မှန်ကိုသိသွားတဲ့အချိန်မှာရော ဘာဆက်ဖြစ်သွားမလဲဆိုတာတွေကို ဇာတ်ကားထဲမှာပဲ ဆက်လက်ကြည့်ရှုပေးကြပါဦးနော်။



Leave a Reply