Author: Baby Yit Lone
-

Republican Era Horror Records
Republican Era Horror Records (2026) နိုင်ငံခြားကနေ ပြန်လာတဲ့ စုံထောက်ကျော်ကျီချန်ဟာ ရဲစခန်းကို နာမည်စာရင်းပေးဖို့ သွားတဲ့လမ်းမှာပဲ လူသေအလောင်းတစ်ခုကို တွေ့ခဲ့ပါတယ်။ အလောင်းဟာ မျက်နှာဖျက်ဆီးခံထားရပြီး ဘယ်သူဘယ်ဝါမှန်းမသိရသလို အကြိမ်ကြိမ် နေရာရွှေ့ပြောင်းခံထားရတယ်ဆိုတာကို အသေးစိတ်ကအစ သတိထားမိတဲ့ ကျော်ကျီချန်တစ်ယောက် သတိထားမိခဲ့ပါတယ်။ ဒီအမှုကို စုံထောက်ကျန်းဟိန်၊ စုံထောက်ဝမ်ကျစ်ဝေတို့နဲ့အတူ စုံစမ်းစစ်ဆေးပြီးနောက် သေဆုံးသူက မာကွမ်ကျယ်ဆိုတာ သိခဲ့ရပါတယ်။ တရားခံကိုလည်း မာကွမ်ကျယ်ရဲ့ ဇနီး၊ အိမ်တော်ထိန်းနဲ့ အရင်းနှီးဆုံး သူငယ်ချင်းနှစ်ယောက်ဖြစ်တဲ့ ချန်ဆုနဲ့ ဝမ်မန်တို့ကို သံသယရှိသူအဖြစ် သတ်မှတ်ခဲ့ပါတယ်။ မထင်ထားဘဲ ချန်ဆုတစ်ယောက် ဂယောင်ချောက်ချားဖြစ်ပြီး အဆိပ်ခတ်ခံရပြီး သေဆုံးသွားတဲ့အခါ တရားခံက ဘယ်သူဖြစ်မလဲ? အခု သေဆုံးသူတွေက လွန်ခဲ့တဲ့ နှစ် ၂၀ က အမှုနဲ့ ဘယ်လိုပတ်သက်နေကြမလဲ ဆိုတာကို…
-

Shambhala
Aadi Shambhala (2025) လျှို့ဝှက်ဆန်းကြယ်သော ရှမ်ဘာလာ ၁၉၈၀ ပြည့်လွန်နှစ်ကာလတွေမှာ ရှမ်ဘာလာ လို့ခေါ်တဲ့ အေးချမ်းလှတဲ့ ကျေးရွာလေးတစ်ခုအနီးကို ဥက္ကာခဲတစ်ခု ပြုတ်ကျခဲ့ရာကနေ ဇာတ်လမ်းစတင်ခဲ့ပါတယ်။ အဲဒီနောက်ပိုင်း ရွာထဲမှာ ထူးဆန်းတဲ့ သေဆုံးမှုတွေနဲ့ စိတ်ခြောက်ခြားစရာ ဖြစ်ရပ်တွေ ဆက်တိုက်ဆိုသလို ဖြစ်ပွားလာပါတော့တယ်။ ရွာသားတွေကတော့ ဒါဟာ နတ်ဆိုးတွေရဲ့ လက်ချက်လို့ ယုံကြည်ပြီး ကြောက်လန့်နေကြပါတယ်။ ဒီအဖြစ်မှန်ကို စုံစမ်းဖို့အတွက် အစိုးရက သိပ္ပံပညာရှင် ဗစ်ကရမ် ကို စေလွှတ်လိုက်ပါတယ်။ ဗစ်ကရမ် ကတော့ နတ်တွေ သရဲတွေကို မယုံကြည်ဘဲ အရာရာကို သိပ္ပံနည်းကျ အဖြေရှာချင်သူပါ။ သူ ရွာကိုရောက်တဲ့အခါမှာတော့ ရွာရဲ့ ရှေးဟောင်းဒဏ္ဍာရီတွေ နတ်ဘုရားပုံပြင်တွေနဲ့ လက်တွေ့ဖြစ်ပျက်နေတဲ့ ကြောက်စရာကောင်းတဲ့ လူသတ်မှုတွေကြားထဲမှာ ပိတ်မိသွားပါတယ်။ သူရှာဖွေတွေ့ရှိမယ့် အဖြေက သိပ္ပံပညာလား…
-

Luck-Key
Luck-Key (2016) ဒီတစ်ခေါက်မှာတော့ ပရိသတ်ကြီးတို့အတွက် ၂၀၁၆ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ အက်ရှင်ဟာသကားကောင်းလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဒီကားလေးထဲမှာတော့ Exhumaထဲမှ Yoo Hae-jin, The Escape of the Sevenထဲမှ Lee Joon, The Glory ထဲမှ Lim Ji-yeonနဲ့ Jo Yoon-heeတို့ ပါဝင်သရုပ်ဆောင်ထားပါတယ်။ ဟျောင်းအု (Yoo Hae-jin)ဟာ ပိုက်ဆံချမ်းသာတဲ့ ကြေးစားလူသတ်သမားတစ်ဦးဖြစ်ပြီး အပ်လာတဲ့အလုပ်တိုင်းကို ၁၀၀%အောင်မြင်အောင်လုပ်နိုင်သူပါ။ ဂျယ်ဆောင်း (Lee Joon) ကတော့ အောင်မြင်တဲ့ သရုပ်ဆောင်ဖြစ်ဖို့ ကြိုးစားနေသူဖြစ်ပေမဲ့ အကြွေးပတ်လည်ဝိုင်းနေပြီး အိမ်ငှားခကိုတောင် မပေးနိုင်တဲ့အခြေအနေပါ။ အဲဒါကြောင့် ကိုယ့်ကိုယ်ကိုယ် သတ်သေဖို့ ဆုံးဖြတ်ခဲ့ပေမဲ့ မသေခင်မှာ နောက်ဆုံးအနေနဲ့ ကိုယ်လက်သန့်စင်ဖို့ အများသုံးရေချိုးခန်းကို ထွက်လာခဲ့ပါတယ်။ အဲဒီနေ့မှာပဲ ဟျောင်းအုကလည်း…
-

The Ride
The Ride (2025) ဘယ်ရီနဲ့လီယိုတို့ဟာ အကြောင်းအမျိုးမျိုးကြောင့် စိတ်အခြေအနေချင်း၊လူချင်း ဝေးကွာနေကြတဲ့သားအဖတွေဖြစ်ပြီး အခုချိန်မှာတော့ ဇနီး/မိခင် ဖြစ်သူရဲ့နောက်ဆုံးဆန္ဒကြောင့် အတူတူခရီးထွက်ကြရဖို့ဖြစ်လာခဲ့ပါတယ်။ ဖခင်တာဝန်၊ ခင်ပွန်းသည်တာဝန်မကျေခဲ့တဲ့ ဘယ်ရီအပေါ် လီယိုက ခပ်စိမ်းစိမ်းရှိနေခဲ့သလို သူ့အဖေ ဘာတွေလုပ်နေခဲ့လဲဆိုတာတွေအပေါ်ကိုလည်း စိတ်မဝင်စား၊မသိပါဘူး။ တကယ်တမ်းတော့ အကြောင်းသိလာတဲ့အချိန်ကလည်း ဒီခရီးစဉ်မှာဖြစ်ပြီး ဂိုဏ်းဂဏ အာဏာလုပွဲတွေကြားမှာ ဇယားရှုပ်ထားတဲ့ ဖခင်ဖြစ်သူ ဘယ်ရီ လက်ချက်ကြောင့် သူတို့သားအဖရဲ့ခရီးစဉ်ဟာ သေပြေးရှင်ပြေး ခရီးဖြစ်လာပါတော့တယ်။
-

Misteri Rumah Darah
Misteri Rumah Darah (2025) သွေးစွန်းစံအိမ်ကြီးရဲ့လျှို့ဝှက်ချက် Believe It Or Not ဆိုတာ သရဲခြောက်ပါတယ်ဆိုတဲ့ နေရာတွေကို လိုက်လံရိုက်ကူးတင်ဆက်နေတဲ့ နာမည်ကျော် Reality Show တစ်ခုဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် သွေးစွန်းစံအိမ် လို့အမည်ရတဲ့ Location တစ်ခုမှာတော့ ရိုက်ကူးရေးအဖွဲ့သားတွေ ရက်ရက်စက်စက် အသတ်ခံရခဲ့ပြီးတဲ့နောက်မှာ ရပ်နားခဲ့ရပါတယ်။ အခုချိန်မှာတော့ အဖွဲ့သားအသစ်တွေနဲ့အစီအစဉ်ကို ပြန်အသက်သွင်းဖို့ကြိုးစားချိန်မှာ ရိုက်ကူးရေးအဖွဲ့ထဲက လူဖီးယား ဆိုတဲ့ ကောင်မလေးဟာ တည်းဖြတ်ခန်းထဲမှာ သွေးစွန်းစံအိမ် episode ရဲ့တိတ်ခွေကိုမတော်တဆ ရှာတွေ့ခဲ့ရာကနေ ထူးခြားတဲ့ခြောက်လှန့်မှုတွေ တမလွန်က ဆက်သွယ်မှုတွေကိုပါ တောက်လျှောက်ခံစားရပါတော့တယ်။ သွေးစွန်းစံအိမ်ကြီးရဲ့လျှို့ဝှက်ချက်ဆိုတဲ့အတိုင်း လူဖီးယားဟာ ဒီအိမ်နဲ့ဘယ်လိုပတ်သက်ဆက်နွယ်မှုတွေရှိနေသလဲ? ဒီအိမ်ကြီးမှာဖြစ်ခဲ့တဲ့ ရက်စက်တဲ့လူသတ်မှုတွေရဲ့တရားခံဟာ ဘယ်သူလဲ? ဇာတ်လမ်းထဲမှာ အဖြေရှာရမယ့် လျှို့ဝှက်သည်းဖို့ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။