Author: Baby Yit Lone

  • စာမေးပွဲဖြေခွင့် ထုတ်ပေး၍ ခရိုင်ပညာ‌ရေးမှူးကို အရေးယူမည်

    စာမေးပွဲဖြေခွင့် ထုတ်ပေး၍ ခရိုင်ပညာ‌ရေးမှူးကို အရေးယူမည်

    ကျောင်းအပ်နှံစာရင်းတွင်မပါ၍ မူဝါဒအရ စာမေးပွဲဖြေဆိုခွင့်မရရှိသည့် “ထက်” ကိုယ်ပိုင်အထက်တန်းကျောင်းမှ ကျောင်းသား/သူ ၁၀၀ ကျော်အား ဖြေဆိုခွင့်ကတ်ပြားများထုတ်ပေးခဲ့သည့် ခရိုင်ပညာရေးမှူးကို နိုင်ငံဝန်ထမ်းဥပဒေဖြင့် စိစစ်ဆောင်ရွက်မည်ဖြစ်ကြောင်း စစ်ကော်မရှင်က သတင်းထုတ်ပြန်သည်။

    ဖေဖော်ဝါရီ ၂၃ ရက်ကစတင်ကျင်းပသည့် အတန်းဆုံးစာမေးပွဲတွင် စစ်ကိုင်းမြို့၊ နန်းတော်ရာရပ်ကွက်ရှိ “ထက်”ကိုယ်ပိုင် အထက်တန်းကျောင်းမှ Grade-5 ကျောင်းသား/သူ ၇၂ ဦးနှင့် Grade-9 ကျောင်းသား/သူ ၈၉ ဦး စုစုပေါင်း ၁၆၁ တို့သည် ဖြေဆိုခွင့်ကတ်များအား ဖေဖော်ဝါရီ ၂၂ ရက်၌ စစ်ကိုင်းခရိုင် ပညာရေးမှူးထံမှရရှိခဲ့သော်လည်း ပါဝင်ဖြေဆိုခွင့် မရခဲ့ခြင်း ဖြစ်သည်။

    အဆိုပါ ကျောင်းသား/သူ ၁၆၁ ဦးသည် ကျောင်းအပ်နှံစာရင်းတွင် ပါဝင်မှုမရှိခြင်း၊ တာဝန်ရှိသူများမှ ကျောင်းသို့ သွားရောက်စစ်ဆေးစဉ် အမှန်တကယ် ကျောင်းတက်ရောက်မှု မရှိခြင်းနှင့် အတန်းဆုံးနှင့် နှစ်ဝက်ဆုံး တတ်မြောက်မှု စစ်ဆေးခြင်း သုံးကြိမ်ဖြေဆိုထားသည့်အထောက်အထားများ မရှိခြင်းတို့ကြောင့် ဖြေဆိုခွင့်မရခြင်း ဖြစ်ကြောင်း စစ်ကော်မရှင်က ဆိုသည်။

    အထက်ပါအချက်များပြည့်စုံသည့် ထက် ကိုယ်ပိုင်အထက်တန်းကျောင်းမှ Grade-5 ကျောင်းသား/သူ ၄၀ ဦးနှင့် Grade -9 ကျောင်းသား/သူ ၄၀ ဦး စုစုပေါင်း ၈၀ ဦးအား နှစ်ဆုံးတတ်မြောက်မှုစစ်ဆေးခြင်း ဖြေဆိုခွင့်ပြုခဲ့ကြောင်းလည်း ပြောသည်။

    “ထက်”ကိုယ်ပိုင်အထက်တန်းကျောင်းသည် ကျောင်းလုပ်ငန်းများ စနစ်တကျ မဆောင်ရွက်ခြင်း၊ လချုပ်များ အပ်ဒိတ် တင်ပြနိုင်မှု မရှိခြင်း၊ ကျောင်းခေါ်ချိန်စာရင်းတွင် ကျောင်းသူ/သား ၁,၅၂၉ ဦး ရှိသော်လည်း အမှန်တကယ် တက်ရောက်သူ ၂၂၈ ဦးသာရှိကြောင်း တွေ့ရှိရသဖြင့် ပညာရေးဝန်ကြီးဌာန စီမံခန့်ခွဲမှုကော်မတီအစည်းအဝေး ဆုံးဖြတ်ချက်အရ နောက်နှစ် ၂၀၂၆-၂၀၂၇ ပညာသင်နှစ်မှစကာ ပိတ်သိမ်းရန် ဆုံးဖြတ်ထားသည့်ကျောင်း ဖြစ်သည်။

    လက်ရှိတွင် ကျောင်းသား/သူများ စာမေးပွဲဖြေဆိုခွင့် မရခြင်းအပေါ် ကျောင်းသူ/သားများ၊ မိဘများ၏ လက်မှတ်ဖြင့် ကိုယ်ပိုင်အထက်တန်း ကျောင်းအုပ်ကြီး ဦးခင်မောင်ရေးက ပညာရေးဝန်ကြီးဌာနကို အသနားခံစာ တင်ထားကြောင်း သိရသည်။

  • ဗိုလ်နဂါးကို နမခ ရှိ အဆင့်မြင့် ဆက်သွယ်ရေးတပ်တွင် စစ်ကြောရေးဝင်နေ

    ဗိုလ်နဂါးကို နမခ ရှိ အဆင့်မြင့် ဆက်သွယ်ရေးတပ်တွင် စစ်ကြောရေးဝင်နေ

    စစ်ကော်မရှင်တပ်နှင့် ပူးပေါင်းသွားသည့် ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် (BNRA) အဖွဲ့ခေါင်း ဆောင် ဗိုလ်နဂါး(ခေါ်)နိုင်လင်း ကို မုံရွာမြို့ရှိ အနောက်မြောက်တိုင်း စစ်ဌာနချုပ် (နမခ) အတွင်း၌ စစ်ကြောမေးမြန်းမှုများ ပြုလုပ်နေကြောင်း သိရသည်။

    ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၈ ရက်နေ့က ပုလဲမြို့နယ်၊ သေတ္တရာရွာမှတစ်ဆင့် စစ်ကော်မရှင်၏ ရဟတ်ယာဉ်နှစ်စင်းဖြင့် လိုက်ပါပူးပေါင်းသွားသည့် ဗိုလ်နဂါးကို စစ်ကော်မရှင်က နမခအတွင်းရှိ အမှတ် (၁၂) အဆင့်မြင့်ဆက်သွယ်ရေးတပ်ရင်း၌ ထိန်းသိမ်းကာ စစ်ကြောရေးဝင်နေခြင်းဖြစ်ကြောင်း တပ်သတင်းရင်းမြစ်တစ်ဦးထံမှ သိရသည်။

    ဗိုလ်နဂါးနှင့်အတူ လိုက်ပါသွားသည့် ၎င်း၏ နောက်လိုက်လူရင်းများကိုလည်း နေရာသီးခြားစီခွဲ၍ ထိန်းသိမ်းထားကြောင်း သိရသည်။

    ဗိုလ်နဂါးကို ပြည်သူ့စစ်ခေါင်းဆောင်အဖြစ် ခန့်အပ်မည်ဆိုသည့် သတင်းများ ထွက်ပေါ်နေသော်လည်း မြေပြင်အခြေအနေတွင်မူ တော်လှန်ရေးအင်အားစုများအပေါ် မမှန်သတင်းများဖြန့်ဝေကာ စိတ်ဓာတ် စစ်ဆင်ရေး လုပ်ဆောင်ရန်အတွက်သာ အသုံးချဖွယ်ရှိကြောင်း စစ်တပ်သတင်းရင်းမြစ်က ဆိုသည်။

    “သူ့ကို ပြည်သူ့စစ်ပြန်ခန့်ဖို့ကတော့ နည်းပါတယ်။ နဂိုကတည်းက သူက စစ်တိုက်တာထက် အလှူငွေကိစ္စတွေနဲ့ အပြောသန်တဲ့သူ ဖြစ်နေတော့ တော်လှန်ရေးမကောင်းကြောင်း၊ စစ်တပ်ကောင်း ကြောင်း တွေကို စိတ်ဓာတ်စစ်ဆင်ရေး လုပ်ခိုင်းဖို့ပဲ ရှိပါတယ်။ တိုက်ခိုက်ရေးသမားမဟုတ်ဘဲ အာသမားမို့ အာနဲ့ပဲ ပြန်တိုက်ခိုင်းလိမ့်မယ်လို့ မှန်းဆရတယ်”ဟု CDM ဗိုလ်ကြီးဇင်ယော်က ပြောသည်။

    ဗိုလ်နဂါးသည် BNRA တပ်ဖွဲ့အတွင်းရှိ လူသတ်မှု၊ မုဒိမ်းမှုများနှင့် ပတ်သက်၍ NUG က အရေးယူရန် ကြိုးပမ်းချိန်တွင် စတင်ပစ်ခတ်ခဲ့သဖြင့် တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

    ထိုသို့ပစ်ခတ်မှုများ စတင်ဖြစ်ပွားခဲ့သည့် ဖေဖော်ဝါရီ ၁၇ ရက် တိုက်ပွဲအပြီးနောက်တစ်ရက်တွင် ဗိုလ်နဂါးသည် ၎င်း၏ ဇနီးနှစ်ဦး၊ ကလေးငယ်များနှင့်အတူ အရေးကြီးသည့် ဘဏ္ဍာရေးမှူးအပါအဝင် ခေါင်းဆောင်ပိုင်းအချို့ကိုပါ ခေါ်ဆောင်ကာ စစ်ကော်မရှင်နှင့် ပူးပေါင်းသွားခဲ့ခြင်း ဖြစ်သည်။

    ဗိုလ်နဂါး ပူးပေါင်းသွားပြီးနောက် လက်ရှိတွင် စစ်ကော်မရှင်တပ်က ပုလဲနယ်အတွင်းသို့ စစ်ကြောင်း ထိုးခြင်းနှင့် လေကြောင်းတိုက်ခိုက်မှုများကို ပိုမိုလုပ်ဆောင်လာသည်။ ဗိုလ်နဂါး၏ BNRA တပ်ဖွဲ့ဝင်အချို့မှာ NUG နှင့် လာရောက်ပူးပေါင်းမှုများ ရှိသော်လည်း အချို့မှာ စစ်ကော်မရှင်ထံ လိုက်ပါသွားကြောင်း သိရသည်။

  • မြောင်းမြတွင် လယ်ကန်သင်းပေါက်ရာမှ ပေါ်လာသည့် ဘုရားဆင်းတုတော်ကို ဖူးမြော်သူ များပြား

    မြောင်းမြတွင် လယ်ကန်သင်းပေါက်ရာမှ ပေါ်လာသည့် ဘုရားဆင်းတုတော်ကို ဖူးမြော်သူ များပြား

    ဧရာဝတီတိုင်း၊ မြောင်းမြမြို့နယ်၊ ကျွန်းဒိတ်ကျေးရွာမှာ လယ်ကန်သင်းပေါက်ရာကနေ ဘုရားဆင်းတုတော်တဆူ ပေါ်ထွက်လာလို့ စိတ်ဝင်တစား ဖူးမြော်နေကြတဲ့သူတွေ များပြားနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

    MyaungMya PawTawMu BuddhaStatue 2

    ဖေဖော်ဝါရီလ ဒုတိယအပတ်ကစတင်ပြီး ကျွန်းဒိတ်ကျေးရွာက ဒေါ်သန်းအေးရဲ့ လယ်ကွက်ထဲကနေ လယ်ကန်သင်းပေါက်ရာက ဘုရားဆင်းတော်တဆူကို တွေ့ရှိတာကြောင့် ယာယီကျောင်းဆောင်လုပ်ကာ ဖူးမြော်နေကြတာလို့ သိရပါတယ်။

    ကျွန်းဒိတ်ရွာသားတယောက်က “လောလောဆယ် ယာယီစံကျောင်းနဲ့ ပူဇော်ထားတာ တွေ့ရတယ်။ အတိတ်နိမိတ်ကောင်းတယ်ဆိုပြီး ဒီအနီးအနားရွာတွေက တော်တော်များများ လာဖူးကြတယ်” လို့ ပြောပါတယ်။

    MyaungMya PawTawMu BuddhaStatue 4

    အဲဒီဘုရားဆင်းတုတော်ကို ပေါ်တော်မူစေတီလို့ ခေါ်ဆိုပြီး လာရောက်ဖူးမြော်ကြတဲ့အပြင် ဘုရားဆင်းတုတော် ပေါ်ပေါက်လာတဲ့ လယ်ကွက်အတွင်းက ရေတွေကိုလည်း အန္တရာယ်ကင်းစေတဲ့ ရေစင်တော်အဖြစ် ယုံကြည်မှုနဲ့ ရေသန့်ဘူးတွေနဲ့ အလုအယက် ခပ်ယူမှုတွေ ရှိနေတယ်လို့ သိရပါတယ်။

    အဲဒီဆင်းတုတော်ကို လာရောက်ဖူးမြော်သူတယောက်က “အတိတ်ကောင်း နိမိတ်ကောင်းပေါ့၊ ရောဂါအန္တရာယ် အသွယ်သွယ်ကနေ ကင်းဝေးဖို့ဆိုပြီး ဆင်းတုတော်ကို ဖော်ယူခဲ့လို့ ကျန်နေခဲ့တဲ့ အိုင်ခွက်ထဲက ရေတွေကို ခပ်ယူပြီး သောက်ကြ၊ လိမ်းကြ လုပ်နေကြတာ” လို့ ပြောပါတယ်။

    MyaungMya PawTawMu BuddhaStatue 3

    အဲဒီဘုရားဆင်းတုတော်ကို လာရောက်ဖူးမြော်သူတွေ အလွန်များပြားနေတဲ့အတွက် ဘုရားဖူးတွေ အခက်အခဲမဖြစ်စေဖို့ ကျေးရွာတာဝန်ရှိသူတွေနဲ့ ဘုန်းတော်ကြီးတွေက ကူညီစီစဉ်ပေးနေတယ်လို့ သိရပါတယ်။

    ၂၀၂၂ ခုနှစ်လောက်ကလည်း ဧရာဝတီတိုင်း၊ မော်လမြိုင်ကျွန်းမြို့နယ်၊ ကြခတ်ကျေးရွာဘက်မှာ လယ်ကွင်းထဲက ဘုရားဆင်းတုတော် အများအပြား ထွက်ပေါ်ခဲ့လို့ ဖူးမြော်သူတွေ အလွန်များပြားခဲ့ဖူးပါတယ်။

    မြောင်းမြမြို့နယ်တွင် လယ်ကန်သင်းပေါက်ရာမှ ဘုရားဆင်းတုတစ်ဆူ ပေါ်ပေါက်လာ၍ ပေါ်တော်မူဘုရား ဆိုပြီး လူအများဖြင့် စည်ကားလျက်ရှိ

    Mm News.xyz 2026 02 25 142744

    ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြမြို့နယ်၊ ကျွန်းဒိတ်ကျေးရွာရှိ ဒေါ်သန်းအေး၏ လယ်ကွင်းအတွင်းတွင် ရှေးဟောင်းပေါ်တော်မူ ဘုရား ဆင်းတုတစ်ဆူ ပေါ်လာခဲ့သည့်အတွက် ဒေသခံများနှင့် အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးပြည်သူများဖြင့် အထူးစည်ကားလျက်ရှိကြောင်း သိရှိရပါတယ်။

    ဘုရားဆင်းတု ပေါ်ထွက်လာသည့် နေရာကို စနစ်တကျ ကာရံထားပြီး သာသနာ့အလံများ စိုက်ထူကာ ပူဇော်ထားပါတယ်။ ဘုရားဖူးပြည်သူများမှာလည်း တစ်ခဲနက် လာရောက်ဖူးမြော်နေကြသဖြင့် နေရာတစ်ခုလုံး တိုးကြိတ်စည်ကားနေပါတယ်။ ဘုရားပွင့်သည့် လယ်ကွက်အတွင်းရှိ ရေများကိုလည်း ဘုရားဖူးများက ရေစင်တော်ကြီး အန္တရာယ်ကင်းသည်ဟု ယုံကြည်ကြကာ ရေသန့်ဗူးများဖြင့် အလုအယက် ခပ်ယူသိမ်းဆည်းနေကြကြောင်း တွေ့ရှိရပါတယ်။

    Mm News.xyz 2026 02 25 142816

    ဘာသာရေးအရ ကြည်ညိုခြင်းမှာ အပြစ်မရှိသော်လည်း လယ်ကွင်းအတွင်းမှ ရေများကို “အန္တရာယ်ကင်း” ဟုဆိုကာ သောက်သုံးခြင်းမှာ ပိုးသတ်ဆေးနဲ့ ဓာတ်မြေဩဇာများ ပေါင်းသတ်ဆေး ကင်းစင်ကြောင်း စစ်ဆေးထားခြင်း မရှိသဖြင့် ကျန်းမာရေးကို ထိခိုက်စေနိုင်တာကို သတိပေးဖို့လိုအပ်ပါတယ်။

    ဤကဲ့သို့ ထူးခြားစွာပေါ်လာခြင်းမှာ ဒေသအတွက်နိမိတ်ကောင်းတစ်ခုအဖြစ် ဒေသခံများက သတ်မှတ်နေကြပြီး၊ လာရောက်ဖူးမြော်သူများပြားသဖြင့် လုံခြုံရေးနှင့် စနစ်တကျရှိစေရန် သံဃာတော်များကပါ ဝိုင်းဝန်းကူညီပေးနေကြပါတယ်။ ဘုရားဖူးပြည်သူများအနေဖြင့်လည်း တိုးကြိတ်ဖူးမြော်ရာတွင် နေပူချိန် နဲ့ ဘေးအန္တရာယ်မဖြစ်စေရန် သတိပြုကြပါ။

    အခုလို မြင်တွေ့ရတဲ့အတွက် ‘သာဓု’ ခေါ်ရင်း ဒီပေါ်တော်မူဘုရားရဲ့ ဉာဏ်တော်အမြင့်နဲ့ ဘယ်ခေတ်က လက်ရာဖြစ်နိုင်တယ်ဆိုတာမျိုး ဘယ်လိုပေါ်လာသလဲဆိုတာတွေကိုလည်း အသိသတိနဲ့ စဉ်းစားဆင်ခြင်တတ်ဖို့ တိုက်တွန်းနှိုးဆော်လိုက်ရပါတယ်။

  • ရန်ကုန်မြို့ လေထုညစ်ညမ်းမှု အနီရောင်အဆင့်တွင် တည်ရှိနေပြီး ကမ္ဘာ့အဆင့် ၅ သို့ ရောက်ရှိနေ

    ရန်ကုန်မြို့ လေထုညစ်ညမ်းမှု အနီရောင်အဆင့်တွင် တည်ရှိနေပြီး ကမ္ဘာ့အဆင့် ၅ သို့ ရောက်ရှိနေ

    ရန်ကုန်မြို့လေထုညစ်ညမ်းမှုက ကမ္ဘာ့အဆင့် ၂ နေရာမှာ ရှိနေတယ်လို့ world-air-quality index (AQI) ရဲ့ ဖေ ဖော်ဝါရီ ၂၃ ရက် ည ၈ နာရီအချိန် တိုင်းတာချက်အရ သိရပါတယ်။

    AQI ရဲ့ ဖော်ပြချက်အရ ရန်ကုန်မြို့ရဲ့ လေထုအရည်အသွေးအညွှန်းကိန်းက ၁၇၉ မှာ ရှိနေတယ်လို့ သိရပါတယ်။

    642722956 1232668765711004 4519718222768089432 N

    ရန်ကုန်မြို့ရဲ့ လေထုအရည်အသွေးဟာ ဒီကနေ့ ဖေဖော်ဝါရီ ၂၃ ရက် ည ၇နာရီက အဆင့် ၃ နေရာမှာ ရှိခဲ့ရာက နေ ည ၈ နာရီအချိန်မှာတော့ အနီရောင်အဆင့်ဖြစ်တဲ့ အဆင့် ၂ နေရာကို ရောက်ရှိလာတာဖြစ်ပါတယ်။

    လေထုအရည်အသွေးအညွှန်းကိန်း ၀ ကနေ ၅၀ အတွင်းဆိုရင် လေထုသန့်ရှင်းတယ်လို့ သတ်မှတ်ပြီး ၅၀ ကနေ ၁၀၀ အတွင်းဆိုရင် လေထုအသင့်အတင့် သန့်ရှင်းမှုရှိတယ်လို့ သတ်မှတ်ကာ၊ ၁၀၁ ကနေ ၁၅၀ အတွင်းဆိုရင် တော့ လေထုအသင့်အတင့် ညစ်ညမ်းမှုရှိတယ်လို့ သတ်မှတ်ထားတာဖြစ်ပါတယ်။

    642708631 1232668889044325 6164850465409326505 N

    ယခု ရက်ပိုင်း အတွင်း ရန်ကုန်မြို့၏ လေထုမှာ မြူဆိုင်းသည့်သဖွယ် မြင်ကွင်းမျိုးဖြစ်နေခြင်း ဖြစ်ပြီး IQAir ဝဘ်ဆိုက်တွင် ဖော်ပြထားသော အချက်အလက်အရ ယနေ့ (ဖေဖော်ဝါရီလ ၂၃ ရက်) တွင် 161 US AQI⁺ ရှိကာ ယင်းပမာဏမှာ ကျန်းမာရေးအတွက် မသင့်လျော်သောအဆင့်ဟု သတ်မှတ်ထားခြင်းပဲဖြစ်ပါတယ်။

    လေထုညစ်ညမ်းမှုမှာ လေထုထဲတွင် မီးခိုး၊ ဓာတ်ငွေ့တစ်မျိုးမျိုး၊ ဖုန်မှုန့်၊ မြူခိုး၊ အနံ့အသက်၊ ရေခိုးရေငွေ့များမှာ ရှိသင့်တဲ့ပမာဏထက် ပိုပြီးများပြားစွာရှိနေခြင်းကြောင့် လေထုအရည်အသွေး ကျဆင်းခြင်းဖြစ်ပါတယ်။

    641687061 1232668725711008 5410364098234092481 N

    လေထုအရည်အသွေးညွှန်းကိန်း (AQI) သုညမှ ၅၀ အတွင်းရှိပါက ကောင်းမွန်ပြီး ၅၀ မှ ၁၀၀ အကြားရှိပါက အလယ်အလတ်အဆင့်ရှိကာ ၁၀၁ မှ ၁၅၀ အကြားရှိပါက ထိခိုက်လွယ်သူများအတွက်လေထုမှာ ကောင်းမွန်မှုမရှိကြောင်းသိရပါတယ်။

    အလားတူ ၁၅၁ ကနေ ၂၀၀ အတွင်းဆိုရင် လေထုက ဆိုးဆိုးဝါးဝါး ညစ်ညမ်းမှုရှိတယ်လို့ သတ်မှတ်ထားပြီး ၂၀၁ ကနေ ၃၀၀ ဆိုရင် လေထုက ကျန်းမာရေးထိခိုက်အောင် ညစ်ညမ်းမှုရှိကာ၊ ၃၀၁ အထက်ဆိုရင်တော့ လေထုက အရေးပေါ် အခြေအနေအထိ ညစ်ညမ်းမှုရှိတယ်လို့ သတ်မှတ်ထားပါတယ်။

    641687060 1232668839044330 4388711556047332049 N

    လေထုညစ်ညမ်းမှုကြောင့် အပြင်သွားလာရင် အသက်ရှုရခက်ခဲပြီး ရင်ဘတ်အောင့်လာရင်၊ ချောင်းခြောက်တအား ဆိုးလာရင် ၊ ခေါင်းမူးခေါင်းကိုက်ဖြစ်လာရင် ၊ နှာခေါင်းထဲမှာ ရှတတခံစားချက်မျိုး ဆိုးဝါးစွာရလာရင် နီးစပ်ရာ ကျန်းမာရေးစောင့်ရှောက်မှုနေရာတွေမှာ ချက်ခြင်းကုသမှုခံယူဖို့ U- Report Myanmar က အသိပေး ထုတ်ပြန်ထားပါတယ်။

    အထူးသဖြင့် အသက်ကြီးသူတွေ၊ ကလေးငယ်တွေ၊ ကိုယ်ဝန်ဆောင်မိခင်တွေနဲ့ ရင်ကြပ်ရောဂါရှိသူတွေ ပိုပြီး သတိထားဖို့လိုအပ်တယ်လို့လည်း သတိပေးထုတ်ပြန်ထားပါတယ်။

    641644624 1232668635711017 7192464516967411241 N

    ပြီးခဲ့သည့် ဇန်နဝါရီလပိုင်းကလည်း ရန်ကုန်မြို့၏ လေထုအရည်အသွေးမှာ အနီရောင်အဆင့်တွင် ရှိခဲ့သည်။

    ရန်ကုန်မှာ လေထုညစ်ညမ်းမှု အလွန်ဆိုးရွားနေလို့ ကျန်းမာရေးအတွက် မဖြစ်မနေ လိုက်နာရမည့် အချက်များ (သတိပေးနှိုးဆော်ချက်)

    ဒီရက်ပိုင်း ရန်ကုန်မှာ နေရောင်ကောင်းကောင်းမမြင်ရဘဲ မိုးအုံ့သလိုလို ဖြစ်နေတာ သတိထားမိကြမှာပါ။ ဒါဟာ ရာသီဥတုကြောင့်မဟုတ်ဘဲ လေထုညစ်ညမ်းမှု (Air Pollution) မြင့်တက်နေတာကြောင့်ဖြစ်ပြီး AQI (Air Quality Index) 150 ကျော်အထိ ရှိနေပါတယ်။

    641534825 1232668675711013 266816453731003583 N

    ဒီလိုအချိန်မှာ ကျန်းမာရေးထိခိုက်မှုမရှိရလေအောင် ဒေါက်တာရတနာ မှ မျှဝေထားတဲ့ လိုက်နာသင့်သည့်အချက်များနှင့် ရှောင်ကြဉ်ရမည့်အချက်များကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။

    ✅ လုပ်ဆောင်သင့်သည့် အချက်များ (Do’s)

    🏠 အိမ်ထဲမှာပဲ နေပါ – အပြင်ထွက်ချိန်ကို တတ်နိုင်သမျှ လျှော့ချပါ။

    😷 Mask တပ်ပါ – မဖြစ်မနေ အပြင်ထွက်ရရင် Mask (N95 ဆို ပိုကောင်း) တပ်ဆင်ပါ။

    💧 ရေများများသောက်ပါ – ရေနွေး (သို့) အပူသောက်စရာလေးတွေက လည်ချောင်းကို သက်သာစေပြီး ခန္ဓာကိုယ်ကို အထောက်အကူပြုပါတယ်။

    🚪 လေလုံအောင်ထားပါ – အိမ်တံခါးနဲ့ ပြတင်းပေါက်တွေကို ပိတ်ထားပါ။ Air Purifier ရှိရင် ဖွင့်ထားပါ။ အိမ်မှာ ဖုန်မထအောင် သန့်ရှင်းရေးလုပ်ပါ။

    ❌ မလုပ်သင့်သောအရာများ (Don’ts)

    🏃‍♂️ Outdoor Exercise မလုပ်ပါနဲ့ – အပြင်ထွက် ပြေးတာ၊ စက်ဘီးစီးတာ၊ လမ်းလျှောက်တာမျိုး ခဏရပ်ထားပါ။

    🪟 ပြတင်းပေါက် မဖွင့်ပါနဲ့ – အပြင်က မီးခိုးငွေ့နဲ့ လေညစ်တွေ အိမ်ထဲဝင်လာနိုင်လို့ပါ။

    🚬 အိမ်တွင်း မီးခိုးထွက်တာ ရှောင်ပါ – ဆေးလိပ်သောက်တာ၊ အမွှေးတိုင်ထွန်းတာ၊ မီးသွေးမီးဖို သုံးတာမျိုး လုံးဝမလုပ်ပါနဲ့။

    ⚠️ အထူးဂရုစိုက်ရမည့်သူများ

    ကလေးငယ်များ၊ သက်ကြီးရွယ်အိုများ၊ ကိုယ်ဝန်ဆောင်မိခင်များနှင့် နှလုံး/အဆုတ် ရောဂါအခံရှိသူများ ပိုမိုသတိထားပါ။

    အကယ်၍ အသက်ရှူရခက်ခဲခြင်း၊ ရင်ဘတ်အောင့်ခြင်း၊ ချောင်းဆိုးမရပ်ခြင်းနှင့် မျက်စိယားယံခြင်းများ ဖြစ်ပေါ်လာပါက ဆရာဝန်နှင့် အမြန်ဆုံး ပြသဆွေးနွေးပါ။

    ဒေါက်တာရတနာ (M.B.,B.S – YGN, Diploma in Family Medicine)

    Mm News.xyz 2026 02 24 004837

    Mm News.xyz 2026 02 24 004951

    Mm News.xyz 2026 02 24 005002

    Mm News.xyz 2026 02 24 005011

    Mm News.xyz 2026 02 24 005020

    Mm News.xyz 2026 02 24 005032

  • ကျောက်ဖြူတွင် စစ်ကောင်စီတပ် တိုက်ခိုက်ခံရပြီး ၂၀ ကျော်သေဆုံး၊ အများအပြားထွက်ပြေး

    ကျောက်ဖြူတွင် စစ်ကောင်စီတပ် တိုက်ခိုက်ခံရပြီး ၂၀ ကျော်သေဆုံး၊ အများအပြားထွက်ပြေး

    ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်မှာ အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားတဲ့နေရာကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီစစ်ကြောင်း တိုက်ခိုက်ခံရလို့ ၂၀ ကျော် သေဆုံးပြီး ကျန်တဲ့တပ်ဖွဲ့ဝင်တွေ ဒဏ်ရာတွေနဲ့ ထွက်ပြေးသွားတယ်လို့ စစ်ရေးနီးစပ်သူက ပြောပါတယ်။

    ဖေဖော်ဝါရီ ၂၄ ရက် မနက်က အင်အား ၁၀၀ ဝန်းကျင်ပါ စစ်ကောင်စီစစ်ကြောင်းကို AA က အသင့်စောင့်တိုက်လိုက်တဲ့အတွက် တိုက်ပွဲအတွင်း အခုလိုသေဆုံးခဲ့ရတယ်လို့ ဒေသခံ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

    “မနက်ပိုင်း သိုင်းချောင်းပတ်ဝန်းကျင်ကို ထိုးစစ်ဆင် ဝင်လာတာပါ။ အဲဒါကို AA က အသင့်စောင့်တိုက်ခိုက်တာ ၂၀ ကျော် သေဆုံးသွားတယ်လို့ သိရတယ်။”

    စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ သေဆုံးသူနဲ့ လက်နက်ခဲယမ်းကို AA က သိမ်းဆည်းရမိပြီး ကျန်ရှိတဲ့ တပ်ဖွဲ့ဝင်တွေနဲ့ တိုက်ပွဲဖြစ်ကာ စစ်ကောင်စီတပ်က တပ်ဖွဲ့ဝင်တွေ ဒဏ်ရာတွေနဲ့ နောက်ဆုတ်ထွက်ပြေးသွားတယ်လို့ သူက ဆိုပါတယ်။

    “နှစ်ဖက်တိုက်ပွဲတော့ ပြင်းထန်ခဲ့တယ်။ စစ်ကောင်စီက နောက်ထပ် စစ်ကူစစ်ကြောင်း တက်ရတယ်။ ဒရုန်း၊ လက်နက်ကြီးပါ အကူပေးရတယ်။”

    စစ်ကောင်စီက သစ်ပုတ်တောင် ရေတပ်ဌာနချုပ်ပတ်ဝန်းကျင်၊ ဒိုးမတောင်ပတ်ဝန်းကျင်၊ သိုင်းချောင်းပတ်ဝန်းကျင်၊ မင်းပြင်ပတ်ဝန်းကျင်တို့ကို အဓိက တပ်နေရာ ယာယီစခန်းနဲ့ စစ်ကြောင်းတို့ နေရာယူထားပြီး အဲဒီစခန်းတွေကတဆင့် AA ထိန်းချုပ်နေရာတွေကို စစ်ကြောင်းထိုးတာ၊ ဒရုန်းနဲ့တိုက်တာ၊ လက်နက်ကြီးပစ်ခတ်တာတွေကို နေ့စဉ် ပြုလုပ်နေပါတယ်။

    အခုလို စစ်ကောင်စီက ယာယီ စစ်ရှောင်ဒေသခံတွေနေတဲ့ နေရာတွေကို ဒရုန်းနဲ့ တိုက်ခိုက်နေတဲ့အတွက် ဖေဖော်ဝါရီ ၂၄ ရက်ကလည်း ငအုပ်ကျေးရွာပတ်ဝန်းကျင်ရှိ ယာယီစစ်ရှောင်စခန်းက သက်ကြီးပိုင်း အမျိုးသား ၂ ယောက် ပြင်းထန်ဒဏ်ရာ ရရှိခဲ့ပါတယ်။

    ကျောက်ဖြူမှာ အာရက္ခတပ်တော် (AA) ဘက်က ထိုးစစ်ရပ်နားထားပေမဲ့ စစ်ကောင်စီစစ်ကြောင်းတွေ ထိုးစစ်လှုပ်ရှားမှု ရှိနေတဲ့အတွက် တိုက်ပွဲ မကြာခဏ ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။