Author: Baby Yit Lone

  • ရန်ကုန်မြို့ကြီးကိုတော့ တောသီးတွေဖျက်ဆီးပလိုက်ကြပီ

    ရန်ကုန်မြို့ကြီးကိုတော့ တောသီးတွေဖျက်ဆီးပလိုက်ကြပီ

    တစ်ခါမှမကြားဖူးတဲ့ဇာတ်လမ်းများ ရုပ်ရှင်လာကြည့်တာ Canter ကို ပုတ်ပြတ် ငှားလာတာတဲ့ Canter ကားနံပါတ် ကို စစ်လိုက်တော့ တစ်စီးက လှိုင်သာယာ က စက်ရုံတစ်ရုံကို ၀န်ထမ်း အကြိုအပို့လုပ်တဲ့ကား နောက်တစ်စီးက ထောက်ကြန့်မရောက်ခင် CP ကြက်စာ စက်ရုံက ကြက်စာတင်တဲ့ကား လူမစည်စည်အောင်လုပ်ပြတယ် ဇာတ်ညွှန်းကတော့ ဒီဇာတ်ညွှန်းပဲ လှိုင်သာယာကနေမိသားစုလိုက်ရုပ်ရှင်လာကြည့်တာပဲ Taxi CNG ကားလေး ငှားလာပြီးကြည့်မှာပေါ့ စက်ရုံတစ်ရုံလုံးက ၀န်ထမ်းတွေ စက်ရုံက ကားကြီးနဲ့လာတာကို 🌚 အထဲကရုပ်ရှင်သွားမကြည့်ခင်တင် သူတို့ရဲ့ ဉာဏ်ရည်နဲ့အခြေအနေကို မြင်နေရ ရန်ကုန်မြို့ကြီးကိုတော့ တောသီးတွေဖျက်ဆီးပလိုက်ကြပီ

  • ခမရ ၂၀၂ ယာယီတပ်ရင်းမှူး  ဗိုလ်မှူး သူရိန်အောင်ကို စစ်တပ်က ပြန်လည် ဖမ်းဆီး

    ခမရ ၂၀၂ ယာယီတပ်ရင်းမှူး ဗိုလ်မှူး သူရိန်အောင်ကို စစ်တပ်က ပြန်လည် ဖမ်းဆီး

    ဘားအံတွင် တပ်ပိုင်ဂိတ်ဖွင့်၍ ဆက်ကြေး၊ ဂိတ်ကြေးတောင်းခံနေသော ခမရ ၂၀၂ ယာယီတပ်ရင်းမှူး ဗိုလ်မှူး သူရိန်အောင်ကို စစ်တပ်က ပြန်လည် ဖမ်းဆီး၊ ရာထူးမှထုတ်ပယ်ခံရပြီး စစ်ဆေးမှုများဆက်တိုက်လုပ် ကရင်ပြည်နယ်၊ ဘားအံမြို့နယ်တွင် တပ်ပိုင်ဂိတ်ဖွင့်၍ ခရီးသွားပြည်သူများနှင့် ကုန်ကားများထံမှ ဆက်ကြေး၊ ဂိတ်ကြေးတောင်းခံနေသော ခမရ ၂၀၂ ယာယီတပ်ရင်းမှူး ဗိုလ်မှူး သူရိန်အောင်ကို စစ်တပ်က ပြန်လည် ဖမ်းဆီးလိုက်ကြောင်း တပ်သတင်းရင်းမြစ်က ပြောဆိုသည်။ ဒီဇင်ဘာလ ၂၄ ရက်နေ့ ဘားအံမြို့(တောင်ကလေး) အခြေစိုက် ခမရ ၂၀၂ မှ ယာယီတပ်ရင်းမှူး ဗိုလ်မှူး သူရိန်အောင်ကို စစ်တပ်က ပြန်လည်ဖမ်းဆီးသွားခဲ့ခြင်းဖြစ်ပြီး ဖမ်းဆီးမှုမှာ တပ်ပိုင်ဂိတ်ဖွင့်၍ ကုန် ကားများကို ဆက်ကြေးကောက်လွှတ်ပေးမှု၊ တရားမဝင်ကုန်သွယ်မှုများကို လာဘ်ငွေ ခွင့်ပြုမှု ၊ ခရီးသွားပြည်သူများထံမှ အသွားအပြန်…

  • နေပြည်တော်၊ တပ်ကုန်းမြို့နယ်တွင် စစ်တပ်စစ်ကြောင်း ခေတ္တစခန်းချနေစဉ် ဝင်ရောက်တိုက်ခိုက်

    နေပြည်တော်၊ တပ်ကုန်းမြို့နယ်တွင် စစ်တပ်စစ်ကြောင်း ခေတ္တစခန်းချနေစဉ် ဝင်ရောက်တိုက်ခိုက်

    နေပြည်တော်၊ တပ်ကုန်းမြို့နယ်တွင် စစ်တပ်စစ်ကြောင်း ခေတ္တစခန်းချနေစဉ် ဝင်ရောက်တိုက်ခိုက်မှု စစ်သား ၃ ဦး သေဆုံးဟုဆို နေပြည်တော်၊ တပ်ကုန်းမြို့နယ်၊ သဲချောင်းကျေးရွာအနီး၌ စစ်တပ်စစ်ကြောင်း ခေတ္တစခန်းချနေစဉ် ပြောက်ကျားပစ်ခတ်တိုက် ခိုက်ခဲ့ရာ စစ်သား ၃ ဦးသေဆုံးသွားကြောင်း PDF Tatkon တပ်ရင်း ၈၀၃ တပ်ခွဲမှူး ရဲဘော် ကောင်းဘွိုင်က ပြောကြားသည်။ ဒီဇင်ဘာလ ၂၅ ရက်နေ့ ညနေ ၃ နာရီခန့်အချိန် စစ်ကော်မရှင်၏ အတုအယောင်ရွေးကောက်ပွဲအား အကာ အကွယ် ပေးရန်အတွက် စစ်ကော်မရှင်တပ်သား ၂၀ ခန့်က နေပြည်တော်၊ တပ်ကုန်းမြို့နယ်၊ သဲ ချောင်း ကျေးရွာဘက်သို့ စစ်ကြောင်းထိုးဝင်ရောက်လာခဲ့ပြီး သဲချောင်းကျေးရွာသို့ မရောက်မီ ခေတ္တ စခန်းချနေခဲ့ကြောင်း သိရသည်။ ထိုသို့ ခေတ္တစခန်းချနေချိန် တော်လှန်ရေးတပ်ဖွဲ့ဝင်များက…

  • Baahubali (1+2+3)

    Baahubali (1+2+3)

    Baahubali: The Epic (2025) ဘာဟုဘာလီရုပ်ရှင်တွေရဲ့ ခမ်းနားတဲ့တင်ဆက်မှုကိုတမ်းတနေတဲ့ အိန္ဒိယရုပ်ရှင် ပရိသတ်တွေအာသာပြေစေမဲ့ The Epicဗားရှင်းကို တင်ဆက်ပေးလိုက်ပါတယ်။ မူရင်းတလေဂူးအသံမရသေးတာမို့ ဟင်ဒီအသံနဲ့ပဲကြည့်လို့ရဦးမှာပါ။ အရင်ဆုံးပြောရရင် ဒီဘာဟုဘာလီရုပ်ရှင်က ဇာတ်လမ်းအသစ်မဟုတ်ဘဲ အရင်ထွက်ခဲ့တဲ့ ရုပ်ရှင်နှစ်ကားကို ပိုကောင်းတဲ့ နည်းပညာတွေ၊ (Deleted Scenes)ဖြတ်ထုတ်ထားခဲ့တဲ့ ဇာတ်ဝင်ခန်းတွေ၊ပိုခမ်းနားတဲ့ Visual Effects(VFX)တွေ၊ ပိုကောင်းမွန်တဲ့ နောက်ခံတေးဂီတ တေးသီချင်းတွေနဲ့အတူပေါင်းစပ်ပြီး ပိုပြည့်စုံအောင် ပြန်လည်တင်ဆက်ထားတဲ့ Remastered Special Editionသဘောမျိုးပါပဲ။ဒါရိုက်တာရာဂျာမူလီက ဘာဟုဘာလီရဲ့ ဇာတ်လမ်းအသစ်ကိုရိုက်ကူးမယ်လို့ တရားဝင်ကြေညာတာ မတွေ့ရသေးပါဘူး။ ရုပ်ရှင်ကတော့ အားလုံးသိကြတဲ့အတိုင်း မဟေ့ရှ်မာတီပြည်ကြီးက ထီးနန်းလုပွဲကြီးလို့ဆိုရမှာပဲ။ သားတော်ဘာဟုဘာလီရဲ့ မိမိဇစ်မြစ်ကို ပြန်ရှာဖွေရင်း၂၅နှစ်တိုင်အကျဉ်းချခံထားရတဲ့မိခင်ဖြစ်သူကိုကယ်တင်ပြီး ထီးနန်းကိုပြန်ယူပုံနဲ့ ဖခင်ဖြစ်သူဘာဟုဘာလီရဲ့အတိတ်ဇာတ်ကြောင်း ပြန်လည်တင်ဆက်ထားပုံတို့ကိုပေါင်းစည်းထားတာမို့သုံးနာရီကျော်ကြာ တ၀ကြီးခံစားကြည့်ရှုကြပါဦး။ Baahubali 1 – The Beginning (2015) Baahubali…

  • မြစ်လက်တက်ပေမဲ့ရေစီးကြမ်းထဲ ပွဲကြမ်းခဲ့တဲ့ “တီတီတာရာ”

    မြစ်လက်တက်ပေမဲ့ရေစီးကြမ်းထဲ ပွဲကြမ်းခဲ့တဲ့ “တီတီတာရာ”

    မြစ်လက်တက်ပေမဲ့ရေစီးကြမ်းတယ် အထူးပြသပွဲမှာ ရန်တွေ အကြီးအကျယ် ဖြစ်ခဲ့ရတဲ့အဓိက ပြဿနာက?? ” ဝတ်ကောင်းစားလှတွေနဲ့စရိုက်ကျတယ် ဆိုပြီး Sel ကြတာပေါ့ ။ နိုင်ငံတော်သီချင်းမဖွင့်ခင်တည်းက ကို ရန်ဖြစ်နေခဲ့တာပါ၊ ဖွင့်လိုက်တာလည်းအာရုံမထားမိဘူး။ ကျွန်မကစွာတယ်၊ စရိုက်ကျတာမျိုးမဟုတ်ဘူး။ ဖိတ်စာတွေနဲ့အများကြီးလာကြတယ်၊ ကိုယ့်ခုံနံပါတ် ကိုပဲ ဖယ်ခိုင်းတာလေ၊ အကုန်လုံး နာမည်တပ်ထားပြီးသားပါ။ ခုံနံပါတ်ပြဆိုပြီးပြောတော့ မပြနိုင်ဘူး။ ကျွန်မက လှလှလေးဝတ်ထားတော့ရန်မဖြစ်ချင်ဘူး၊ ကျွန်မရဲ့ ကလေးသရုပ်ဆောင်လေးတွေ နောက်မှာ ဝန်းရံပါလာတဲ့လူတွေကလည်း နောက်မှာအကုန် တိုးလို့တန်းလန်းဖြစ်နေတော့ကိုယ်မှမပြောရင်မရတော့လို့ အဲဒီလိုတွေ ဖြစ်ကုန်တော့တာပါ.။ နင့်ကိုရိုက်မယ် တင်မယ်ဆိုပြီးရိုက်သွားတာသိပေမဲ့ အဲဒီလောက်အထိ Sel ခံရမယ်ထင်မထားဘူး.”>>ဆိုတဲ့ ..တီတီတာရာ ..။