Author: Baby Yit Lone
-

Look Away
Look Away (2018) မာရီယာဟာ ပြည့်စုံချမ်းသာတဲ့ မိဘတွေဆီကနေမွေးဖွားလာပေမယ့် လူတောမတိုးရဲသူ၊ ကိုယ့်ကိုယ်ကိုယုံကြည်စိတ်ချမှုတွေပျောက်ဆုံးနေပြီး၊ မိဘတွေနဲ့ရော ကျောင်းမှာပါ ဆက်ဆံရေးအဆင်မပြေတဲ့အထက်တန်းကျောင်းသူတစ်ဦးပါ။ တစ်နေ့တော့ အမြွှာနှစ်ဦးပုံနဲ့ ဆိုနိုဂရမ်တစ်ချပ်ကိုရှာတွေ့ခဲ့ပြီး သူတစ်ယောက်တည်းရေချိုးခန်းထဲမှာရှိနေချိန်မှာ မှန်ထဲက သူ့ပုံရိပ်ကသူ့ဟာသူလှုပ်ရှားလာပြီး သူနဲ့စကားပြောပါတော့တယ်။ အဲ့ဒီပုံရိပ်က သူ့ရဲ့ငယ်ဘ၀ဖြစ်စဉ်တွေ စိတ်ဒဏ်ရာတွေအားလုံးကိုသိထားရုံမကလက်ရှိကျောင်းတွင်းအနိုင်ကျင့်ခံရတဲ့ဖြစ်စဉ်တွေကိုပါ သိနေပြီး သူ့ကိုအပြင်ရောက်အောင်လုပ်ပေးနိုင်ရင် ဒါတွေအားလုံးကိုဖြေရှင်းပေးမယ့်အကြောင်းသူ့ကိုပြောလာပါတယ်။ ဒီလိုနဲ့သည်းခံနိုင်စွမ်းတွေကုန်ဆုံးသွားချိန်မှာတော့ မာရီယာတစ်ယောက် မှန်ထဲက သူ့နောက်တစ်ကိုယ်ကိုအပြင်ထွက်ခွင့်ပေးလိုက်မိပါတော့တယ်။ ဒါပေမယ့် သူမသိခဲ့တာက အဲ့ဒီလိုအပြင်ထွက်ခွင့်ပေးလိုက်တာဟာ သူနဲ့နေရာချင်းလဲသလိုဖြစ်သွားတဲ့အတွက် သူကတော့ မှန်နောက်ကိုရောက်သွားပြီး သူ့မိသားစု သူ့ပတ်ဝန်းကျင်မှာ ဒီကိုယ်ပွား မွှေသမျှကိုလက်ပိုက်ကြည့်ရတော့မယ့် အခြေအနေပါ။ (ဝတ်လစ်စလစ် အခန်းတချို့ပါသောကြောင့် မိသားစုနှင့်အတူ မကြည့်သင့်ပါကြောင်း အသိပေးအပ်ပါသည်။)
-
Gold In Fire
Gold In Fire (2025) စစ်ပွဲတွေနဲ့ ပြည်တွင်းပဋိပက္ခတွေ ဖြစ်နေချိန်မှာ ဖန်ဝမ်ရွှမ် ဆိုတဲ့ ခေါင်းဆောင်တစ်ဦးဟာ ရှီးဟွားဆွေ့ တိုက်ပွဲမှာ ရန်သူ့ဆီ ထွက်ပြေးပြီး သစ္စာဖောက်သွားခဲ့တယ်။ ဒီကိစ္စကြောင့် အမှတ် ၈ တပ် ကနေ ဝမ်ကျင်း ကို ဦးဆောင်ပြီး ဖန်ဝမ်ရွှမ်ကို ဖယ်ရှားပစ်ဖို့အတွက် အထူးလှုပ်ရှားမှုအဖွဲ့တစ်ဖွဲ့ကို ဖွဲ့စည်းဖို့ အမိန့်ပေးလိုက်တယ်။ ဖန်ဝမ်ရွှမ်က ဂျပန်အမျိုးသမီးတစ်ဦး ကို ခေါ်ပြီး သူ့ရဲ့ ဖန်မိသားစုရွာကို ပြန်လာတယ်။ အဲဒါကို အခွင့်ကောင်းယူပြီး၊ တခြား အဖွဲ့တစ်ဖွဲ့က အမှတ် ၈ တပ်ရဲ့ သစ္စာဖောက် နှိမ်နင်းရေးအဖွဲ့အယောင်ဆောင် ပြီး ရွာကို ဝင်စီး ဖန်ဝမ်ရွှမ်ကို သတ်ကာ မင်္ဂလာလက်ဆောင်တွေကို လုယူသွားခဲ့တယ်။ ဒါကြောင့် အပြစ်က အမှတ် ၈…
-

Haunted Mountains: The Yellow Taboo
Haunted Mountains: The Yellow Taboo (2025) ထိုင်ဝမ်မှာ ဒဏ္ဍာရီတစ်ခုရှိပါတယ်။ အဲဒါကတော့ တောင်တက်နေတဲ့အချိန် လမ်းပျောက်သွားတဲ့အခါ မိုးကာအင်္ကျီအဝါနဲ့ လူတစ်ယောက်ကို တွေ့လိမ့်မယ်။ သူကမြူခိုးတွေကြားမှာ လမ်းညွှန်ပြပြီးပျောက်သွားတတ်တယ်တဲ့။ ကျားမင်၊ ယွိရှင်း နဲ့အန်းဝေတို့ဟာ တက္ကသိုလ်တောင်တက်အဖွဲ့က သူငယ်ချင်းကောင်းတွေဖြစ်ကြပါတယ်။ တစ်ခေါက်မှာတော့ သူတို့(၃)ယောက်ဟာ တောင်တက်ရင်းလမ်းပျောက်သွားခဲ့ပါတယ်။ လမ်းတစ်လျှောက်အဝတ်စအဖြူတွေနဲ့ အမှတ်အသားလုပ်ခဲ့ပေမယ့် တစ်နေရာထဲကိုပဲ ပြန်ရောက်ရောက်သွားပြီး အဆုံးမရှိတဲ့ သံသရာတစ်ခုမှပိတ်မိနေသလိုပါပဲ။ အားလုံးစိတ်တွေရှုပ်ထွေးနေတဲ့အချိန်မှာပဲ မြူတွေကြားထဲမှာ မိုးကာအင်္ကျီအဝါနဲ့လူတစ်ယောက်ကို ဝေဝေဝါးဝါးမြင်လိုက်ရတာကြောင့် သူတို့(၃)ယောက်အတွက် မျှော်လင့်ချက်လေးတွေရှိလာခဲ့ပါတယ်။ ဒါပေမယ့် သူတို့မသိခဲ့တာက အဲဒီအချိန်မှာပဲ ထူးဆန်းတဲ့ဖြစ်ရပ်တွေဆက်တိုက်ဖြစ်လာပြီးတော့ တကယ့်အိပ်မက်ဆိုးက အဲဒီအချိန်မှပဲ စတင်တော့မှာဖြစ်ပါတယ်။
-

Jeritan Malam
Jeritan Malam (2019) ရေဇာဟာ ငယ်ဘ၀စိတ်ဒဏ်ရာတစ်ခုကြောင့် သဘာ၀လွန်နာမ်လောက၊ စုန်းကဝေ အောက်လမ်းအတတ်တွေဟာလုံး၀မရှိဘူးဆိုတဲ့ အယူတစ်ခုကိုစွဲစွဲမြဲမြဲခံယူကျင့်သုံးလာတဲ့ပညာတတ်လူငယ်တစ်ယောက်။ ကျောင်းပြီးလို့အလုပ်ဝင်တဲ့အချိန်မှာတော့အရှေ့ဂျာဗားကိုရွှေ့ပြောင်းခဲ့ရပြီး အလုပ်ကပေးတဲ့ အိမ်အိုကြီးတစ်လုံးမှာပြောင်းနေရတယ်။ အဲ့ဒီမှာ ကုမ္ပဏီရဲ့မူလဝန်ထမ်းတွေဖြစ်ကြတဲ့အင်ဒရာ၊ မင်တော် ဒီကင်တို့နဲ့ရင်းနှီးလာခဲ့တယ်။ အဲ့ဒီကိုရောက်ပြီးမကြာခင်မှာပဲ သူသိလာရတာက သူနေတဲ့အိမ်မှာ မကျွတ်မလွတ်သူတွေရှိပြီး သူတို့ထဲက တစ်ယောက်ယောက်အယောင်ဆောင်ပြီး စနောက်တာမျိုး ညဘက်တွေမှာအော်သံတစ်ခုကြားရတာမျိုးရှိတယ်ဆိုတာပါပဲ။ ဒါပေမယ့် သူရောက်လာတဲ့အချိန်မှာတော့ အဲ့ဒီအခြောက်အလှန့်တွေဟာ တစ်စထက်တစ်စပိုမိုကြမ်းတမ်းလာခဲ့ပြီး မြို့ကလိုက်လာတဲ့သူ့ချစ်သူမိန်းကလေးကိုပါ သူ့ကိုရင်မဆိုင်ရဲလောက်တဲ့အထိ အစွမ်းပြလိုက်ချိန်မှာတော့ သူ့ရဲ့အယုံအကြည်မဲ့မှုတွေဟာ ဒေါသအဖြစ်ပြောင်းလဲသွားခဲ့ပြီးဒီအိမ်မှာရှိနေတဲ့ စွမ်းအားကြီးဝိဉာဉ်တွေကိုစိန်ခေါ်ဖို့အထိဖြစ်လာပါတော့တယ်။ အဲ့ဒီဆုံးဖြတ်ချက်ရဲ့ အကျိုးသက်ရောက်မှုဟာ ဘယ်လမ်းကိုရောက်မလဲ? အွန်လိုင်းပေါ်မှာနာမည်ကြီးရာကနေ စာအုပ်အဖြစ်ထုတ်ဝေခဲ့တဲ့အထိ ပေါက်သွားခဲ့တဲ့ ဖြစ်ရပ်မှန်ဇာတ်လမ်း(Kisah Nyata) ကိုအခြေခံထားတာပါ။ ဒီကပရိသတ်တွေကြားမှာရေပန်းစားခဲ့တဲ့ The 3rd eyes, The hunted hotel, Sumala အစရှိတဲ့ဟော်ရာကားတွေရဲ့ဖန်တီးရှင် Rocky Soraya ရဲ့လက်ရာဖြစ်ပြီး…
-

Citizen Dog
Citizen Dog (2004) ဘဝမှာဆိုးရွားတဲ့အများကြီးရှိတယ် ဝမ်းနည်းစရာတွေလည်း အများကြီးပဲ တခါတလေကျတော့ ကိုယ့်မှာရှိတဲ့ကောင်းတဲ့ အရာတွေကို မမြင်နိုင်လောက်အောင် ဝိဇ္ဇာအမှောင်တွေလည်း ဖုံးနေတတ်တယ်။ ဒါပေမယ့်လည်း မင်းရဲ့ထမင်းကြော်ပန်းကန်ထဲက ပင်စိမ်းလေးတွေကို ဖယ်စားတာကိုလည်း ကိုယ်ချစ်တယ် မင်းပျော်တိုင်း ခြေထောက်လေး လှုပ်နေတာကိုလည်း ချစ်တယ် မင်းလုပ်သမျှအရာတိုင်းက ကိုယ့်အတွက်တော့ ပဉ္စလက်ဆန်နေခဲ့တာပဲ ဂျင်ရယ် ဒီစကားလေးတွေကတော့ 2004 ခုနှစ်က ထွက်ရှိခဲ့တဲ့ Citizen dog ဆိုတဲ့ ရုပ်ရှင်က ဇာတ်ဝင်စကားလေးတွေပါ။ ၂၀၀၄ ခုနှစ် ထိုင်းရုပ်ရှင်တွေ စတင်မြှင့်တင်နေချိန်တုန်းက မြေစမ်းခရမ်းပျိုးရိုက်ကူးခဲ့တဲ့ ဇာတ်လမ်းလေးတွေထဲမှာ ဒီကားလေးလည်း တကားအပါအဝင်ပေါ့။ ရုပ်ရှင်ရဲ့တင်ပြပုံဟာ တွေ့နေကျ ရုပ်ရှင်ပုံနဲ့ မတူဘဲ ရေဒီယိုကလာလေ့ရှိတဲ့ဇာတ်လမ်းပမာ နားဆင်စရာပုံစံလိုလို ပြဇာတ်ပုံစံလိုလို ချစ်စဖွယ်ရိုက်ကူးထားတဲ့ ဇာတ်လမ်းလေးပါ။ ဇာတ်လမ်းလေးကတော့ ရိုးရိုးလေးပါပဲ တောကတက်လာတဲ့ ယောင်လည်လည်ကောင်လေးတယောက်နဲ့…