Jeritan Malam (2019)

ရေဇာဟာ ငယ်ဘ၀စိတ်ဒဏ်ရာတစ်ခုကြောင့် သဘာ၀လွန်နာမ်လောက၊ စုန်းကဝေ အောက်လမ်းအတတ်တွေဟာလုံး၀မရှိဘူးဆိုတဲ့ အယူတစ်ခုကိုစွဲစွဲမြဲမြဲခံယူကျင့်သုံးလာတဲ့ပညာတတ်လူငယ်တစ်ယောက်။
ကျောင်းပြီးလို့အလုပ်ဝင်တဲ့အချိန်မှာတော့အရှေ့ဂျာဗားကိုရွှေ့ပြောင်းခဲ့ရပြီး အလုပ်ကပေးတဲ့ အိမ်အိုကြီးတစ်လုံးမှာပြောင်းနေရတယ်။
အဲ့ဒီမှာ ကုမ္ပဏီရဲ့မူလဝန်ထမ်းတွေဖြစ်ကြတဲ့အင်ဒရာ၊ မင်တော် ဒီကင်တို့နဲ့ရင်းနှီးလာခဲ့တယ်။
အဲ့ဒီကိုရောက်ပြီးမကြာခင်မှာပဲ သူသိလာရတာက သူနေတဲ့အိမ်မှာ မကျွတ်မလွတ်သူတွေရှိပြီး သူတို့ထဲက တစ်ယောက်ယောက်အယောင်ဆောင်ပြီး စနောက်တာမျိုး ညဘက်တွေမှာအော်သံတစ်ခုကြားရတာမျိုးရှိတယ်ဆိုတာပါပဲ။
ဒါပေမယ့် သူရောက်လာတဲ့အချိန်မှာတော့ အဲ့ဒီအခြောက်အလှန့်တွေဟာ တစ်စထက်တစ်စပိုမိုကြမ်းတမ်းလာခဲ့ပြီး မြို့ကလိုက်လာတဲ့သူ့ချစ်သူမိန်းကလေးကိုပါ သူ့ကိုရင်မဆိုင်ရဲလောက်တဲ့အထိ အစွမ်းပြလိုက်ချိန်မှာတော့ သူ့ရဲ့အယုံအကြည်မဲ့မှုတွေဟာ ဒေါသအဖြစ်ပြောင်းလဲသွားခဲ့ပြီးဒီအိမ်မှာရှိနေတဲ့ စွမ်းအားကြီးဝိဉာဉ်တွေကိုစိန်ခေါ်ဖို့အထိဖြစ်လာပါတော့တယ်။
အဲ့ဒီဆုံးဖြတ်ချက်ရဲ့ အကျိုးသက်ရောက်မှုဟာ ဘယ်လမ်းကိုရောက်မလဲ?
အွန်လိုင်းပေါ်မှာနာမည်ကြီးရာကနေ စာအုပ်အဖြစ်ထုတ်ဝေခဲ့တဲ့အထိ ပေါက်သွားခဲ့တဲ့ ဖြစ်ရပ်မှန်ဇာတ်လမ်း(Kisah Nyata) ကိုအခြေခံထားတာပါ။
ဒီကပရိသတ်တွေကြားမှာရေပန်းစားခဲ့တဲ့ The 3rd eyes, The hunted hotel, Sumala အစရှိတဲ့ဟော်ရာကားတွေရဲ့ဖန်တီးရှင် Rocky Soraya ရဲ့လက်ရာဖြစ်ပြီး CGI တွေကိုအားမကိုးပဲ Practical Effects တွေကိုသုံးခဲ့တာကြောင့် သူ့ခေတ်သူ့အခါက ဟော်ရာကားတွေထဲမှာ ကုန်ကျစရိတ်အများဆုံးလို့ဆိုခဲ့ပါတယ်။
ဇာတ်လမ်းအနေအထားကလည်းသမားရိုးကျကားတွေနဲ့ကွဲထွက်နေပြီးအရှေ့တိုင်းနိုင်ငံအတော်များများရဲ့အယူအဆတွေနဲ့တိုက်ဆိုင်ပြီးလက်တွေ့ကျတဲ့အတွက်ကျောချမ်းလောက်အောင်ကြောက်စရာကောင်းတဲ့ ဇာတ်ကားတစ်ကားပါပဲ။



Leave a Reply