Author: Baby Yit Lone
-

လက်အောက် ငယ်သားများကို အကာ အကွယ်ပေးမှုများဖြင့် နာမည်ပျက် အပုတ်နံ့လှိုင်ထွက်လာ
ညိုစော ဝန်ကြီးချုပ်ဖြစ်ပြီး ၄ လကျော်အကြာ လာဘ်ပေးလာဘ်ယူမှုများ၊ နီးစပ်သူများကို လုပ် ငန်း နှင့်လိုင်စင်ချထားပေးမှုများ၊ အလွဲ သုံးစားလုပ်နေသော လက်အောက် ငယ်သားများကို အကာ အကွယ်ပေးမှုများဖြင့် နာမည်ပျက် အပုတ်နံ့လှိုင်ထွက်လာ ဗိုလ်ချုပ်ကြီးဟောင်း ညိုစောမှာ ဝန်ကြီးချုပ်ဖြစ်ပြီး ၄ လကျော်အကြာ လာဘ်လာဘ်ယူမှုများ၊ နီးစပ်သော အသိုင်းအ၀ိုင်းကို လုပ်ငန်းလုပ်ခွင့်နှင့် လိုင်စင်ချထားပေးမှုများ၊ အလွဲသုံးစား လုပ်နေသော လက်အောက်ငယ်များကို အကာအကွယ်ပေးမှုများဖြင့် နာမည်ပျက် အပုတ်နံ့လှိုင်ထွက်လာသော်လည်း တစ်စုံတစ်ရာ အရေးယူမှု မရှိသေးကြောင်း နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်က ပြောဆိုသည်။ ယခုနှစ်၊ ဇူလိုင်လ ၃၁ ရက်နေ့ စစ်ကောင်စီကို ဖျက်သိမ်းပြီးနောက် မင်းအောင်လှိုင်က ညိုစောကို နိုင်ငံတော်ဝန်ကြီးချုပ် ရာထူး တာဝန်ပေး အပ်ပြီး နိုင်ငံ၏ အရေးပါသော ဘဏ္ဍာရေးကော်မရှင်ဒုတိယဥက္ကဋ္ဌ၊ နိုင်ငံခြားသုံးငွေ ကြီးကြပ်မှု…
-

ရန်ကုန်လေထုညစ်ညမ်းမှု ကျန်းမာရေးထိခိုက်မည့်အဆင့်ရောက်လာ
ရန်ကုန်မြို့မှာလေထုညစ်ညမ်းတာဟာ ဒီရက်ပိုင်းမှာ ကျန်းမာရေးကို ထိခိုက်စေတဲ့ အနီရောင်အဆင့်အထိ ရောက်ရှိလာပြီး အိန္ဒိယနိုင်ငံက မွမ်ဘိုင်း၊ ထိုင်းနိုင်ငံက ဘန်ကောက်မြို့တို့ထက် ပိုပြီးဆိုးရွားနေပါတယ်။ လေထုအရည်အသွေးတိုင်းတာ ထုတ်ပြန်ပေးနေတဲ့ ဆွစ်ဇာလန်အခြေစိုက် ဝက်ဘ်ဆိုက်တခုဖြစ်တဲ့ IQAir ရဲ့ ဒီဇင်ဘာ ၂ ရက် ည ၇ နာရီခွဲအချိန် ထုတ်ပြန်ချက်အရ ရန်ကုန်ရဲ့ လေထုအရည်အသွေးဟာ ခံနိုင်ရည်နည်းပါးသူတွေအတွက် ထိခိုက်နိုင်တဲ့အဆင့်ဖြစ်တယ်လို့ ဆိုပါတယ်။ IQAir ဟာ ကမ္ဘာ့နိုင်ငံတွေရဲ့ လေထုအရည်အသွေးကို အချိန်နဲ့တပြေးညီ တိုင်းတာဖော်ပြနေတာဖြစ်ပြီး ရန်ကုန်အတွက်ကတော့ ရန်ကုန်မှာရှိတဲ့ ထိုင်းသံရုံးအပါအဝင် နေရာ ၇ ခုမှာရှိတဲ့ လေထုအရည်အသွေး တိုင်းတာစက်တွေရဲ့ အချက်အလက်တွေကို ရယူထားတာဖြစ်ပါတယ်။ ဒီဇင်ဘာ ၂ ရက်အတွက် လေထုညစ်ညမ်းမှု ပျမ်းမျှအညွှန်းကိန်းက US AQI အရ ၁၂၈ ဖြစ်ပြီး…
-

ဥရောပနှင့် စစ်ခင်းရန် အသင့်ရှိဟု ပူတင် ကြုံးဝါး
အမေရိကန်အစိုးရရဲ့ ငြိမ်းချမ်းရေးကြိုးပမ်းမှုကို ဟန့်တားနေတဲ့ ဥရောပနဲ့ စစ်ခင်းဖို့ အသင့်ရှိတယ်လို့ ရုရှားသမ္မတ ဗလာဒီမာပူတင်က ဒီဇင်ဘာ ၂ ရက်နေ့မှာ ကြုံးဝါးလိုက်ပါတယ်။ သမ္မတ ဒေါ်နယ်ထရမ့်ပ်ရဲ့ ကိုယ်စားလှယ်တွေဖြစ်တဲ့ စတိဗ်ဝစ်ကော့ဖ်နဲ့ ဂျရက်ကုရှ်နာ တို့ဟာ မော်စကိုမှာ ၅ နာရီကြာ ဆွေးနွေးခဲ့ကြပေမဲ့ တိုးတက်မှု မရှိခဲ့ပါဘူး။ ဆွေးနွေးပွဲဟာ အပြုသဘောဆောင်ပေမဲ့ ယူကရိန်းအကျပ်အတည်း ပြေလည်ဖို့ နီးစပ်မလာသေးသလို လုပ်စရာတွေ အများကြီး ကျန်နေသေးတယ်လို့ ကရင်မလင် အကြံပေး ယူရီအူရှာကော့ဗ်က ပြောပါတယ်။ အထူးသဖြင့် နယ်မြေထိန်းချုပ်မှုမျဉ်း သတ်မှတ်ရေးလို အဓိကအချက်တွေမှာ နှစ်ဖက် သဘောတူညီမှု မရနိုင်ခဲ့ကြပါဘူး။ ဆွေးနွေးပွဲမတိုင်ခင်မှာ ပူတင်က ဥရောပဟာ အမေရိကန်အစိုးရရဲ့ ငြိမ်းချမ်းရေးအစီအစဉ်ကို ကာဆီးနေပြီး “စစ်ဖြစ်ချင်တဲ့ဘက်” မှာ ရပ်တည်နေတယ်လို့ စွပ်စွဲခဲ့ပါတယ်။ “ရုရှားက ဥရောပနဲ့…
-

Now You See Me: Now You Don’t
Now You See Me: Now You Don’t (2025) Now You See Me ရုပ်ရှင် သုံးကားမြောက်လည်း HDrip ထွက်လာလို့ တင်ပေးထားလိုက်ပါပြီ။ မူလ မြင်းသည်တော်လေးဦးနဲ့ မော်ဂန်ဖရီးမန်းကြီး ပြန်ပါလာပါတယ်။ Mark တစ်ယောက်တော့ မပါပါဘူး။ နောက်ပြီးတော့ မျိုးဆက်သစ်လေးယောက်နဲ့ ပေါင်းပြီး The Eye အတွက် စစ်ဆင်ရေးတစ်ခုလုပ်ပေးတဲ့ဇာတ်လမ်းမျိုးဖြစ်လို့ လူစုံတက်စုံပါပဲ။ ဗီလိန်အနေနဲ့လည်း မင်းသမီးကြီး Rosamund Pike ပါ ပါဝင်ထားပါတယ်။ ဇာတ်လမ်းအကျဉ်း မြင်းသည်တော်လေးဦးဟာ အဖွဲ့ကွဲပြီးနောက် တစ်ယောက်နဲ့တစ်ယောက်ပါ မတည့်ကြတော့ဘဲ ကိုယ့်ဘဝနဲ့ကိုယ် ဖြတ်သန်းနေကြပါပြီ။ အဲဒီအချိန်မှာပဲ သူတို့အယောင်ဆောင်ပြီး သူတို့လုပ်ခဲ့သလို မသမာသူတွေကို မျက်လှည့်နဲ့ ဆုံးမမဲ့ လူငယ်လေးတွေ ပေါ်ပေါက်လာခဲ့ပါတယ်။ အဲဒီလူငယ်လေးတွေကို အက်လက်စ်က…
-

ရဲသွေးနီနီ
မြန်မာတစ်နိုင်ငံလုံး သူ့ကျွန်ဘဝ ရောက်ရှိပြီး ဖက်စစ်ဂျပန်များ တောရောမြို့ပါ ခြေရှုပ်နေချိန်တွင် ရွာတစ်ရွာ၌ ” နောင် နောင် နောင် နောင် ” ဂျပန် အလိုတော်ရိ သူကြီးအိမ်မှ လူစု အုန်းမောင်းသံ ကြားရသဖြင့် တစ်ရွာလုံး သူကြီးအိမ်သို့ အပြေးအလွှား ရောက်လာခဲ့သည်။ ဂျပန်ကို ကြောက်ရတာက တစ်မျိုး၊ သူကြီးနှင့် သူကြီးသား အပေါင်းအပါများအား ကြောက်ရတာက တစ်ဖုံကြောင့် ရွာသူရွာသားအားလုံး ဘာပြဿနာ ဖြစ်ပြန်ပြီလည်းဟု စိုးရိမ်နေကြသည်။ ” ကဲဟေ့၊ ဒီက သခင်ကြီးက ပြောတယ်။ ဒီရွာမှာ ဖက်စစ်တော်လှန်ရေးလုပ်ဖို့ ကြိုးစားနေတဲ့ သစ္စာဖောက်တွေ ရှိတယ်တဲ့။ အဲ့ဒါ ဘယ်သူတွေလဲ။ ကိုယ့်ဟာကို ဝန်ခံရင် သက်သာမယ်နော။ ငါတို့ စုံစမ်းပြီးမှ သိရတယ်ဆိုရင် တစ်မိသားစုလုံး ပြာကျပြီ…