Author: Baby Yit Lone

  • No Other Choice

    No Other Choice

    No Other Choice (2025) ဒီတစ်ခေါက်မှာတော့ ပရိသတ်ကြီးတို့ စောင့်မျှော်နေကြတဲ့ IMDb 7.9/10 အထိ ရရှိထားပြီး ရုပ်ရှင်ဆုပေးပွဲတွေမှာလည်း ဆုပေါင်းများစွာကို သိမ်းယူနေတဲ့ ရုပ်ရှင်ကားကောင်းလေး ထွက်ရှိလို့လာပါပြီ။ Donald E. Westlake ရဲ့ နာမည်ကြီး Mystery, Thriller ဝတ္ထုဖြစ်တဲ့ “The Ax” ဝတ္ထုကိုအခြေခံရိုက်ထားတဲ့ ဒီကားလေးကိုတော့ Old Boy၊ The Handmaiden စတဲ့ နာမည်ကြီးလက်ရာများကို ဖန်တီးခဲ့တဲ့ ဒါရိုက်တာ Park Chan Wook က ရိုက်ကူးထားပြီး Cast တွေအနေနဲ့လည်း ထိပ်တန်းသရုပ်ဆောင်များဖြစ်ကြတဲ့ Lee Byung-Hun၊ Son Ye-Jin၊ Cha Seung-Won တို့အပြင် Park Hee-Soon၊ Lee Sung-Min၊…

  • Run

    Run

    Run (2025) ဒါရိုက်တာ Uwe Boll ရိုက်ကူးထားတဲ့ Run (2025) ဟာ လက်ရှိကမ္ဘာကြီးရဲ့ အကြီးမားဆုံးသော လူမှုရေး ပြဿနာတစ်ရပ်ဖြစ်တဲ့ ရွှေ့ပြောင်းအခြေချသူများ အရေးအခင်းကို တိုက်ရိုက်ပုံဖော်ထားတဲ့ သည်းထိတ်ရင်ဖို ဇာတ်ကားဖြစ်ပါတယ်။ ဇာတ်လမ်းအစမှာ မြေထဲပင်လယ်ကို အသက်စွန့်ပြီး ဖြတ်သန်းလာခဲ့ကြတဲ့ အာဖရိကမှ ရွှေ့ပြောင်းလာသူများ အဖွဲ့တစ်ဖွဲ့ဟာ အီတလီကမ်းခြေမြို့ငယ်လေး တစ်ခုဆီကို ရုတ်တရက် ရောက်ရှိလာခဲ့ပါတယ်။ သူတို့ရဲ့ အသက်ရှင်ရပ်တည်ရေးအတွက် ရုန်းကန်ရမယ့် ခရီးသစ်ဟာ စတင်ခဲ့ပါပြီ။ ဒီရွှေ့ပြောင်းလာမှုကြောင့် အပန်းဖြေနေတဲ့ ဧည့်သည်တွေနဲ့ သာမန်ဒေသခံတွေရဲ့ ငြိမ်းချမ်းနေတဲ့ဘဝတွေဟာ ချက်ချင်းဆိုသလို စိန်ခေါ်မှုများနဲ့ ရှုပ်ထွေးမှုတွေထဲကို ကျရောက်သွားပါတယ်။ ရုပ်ရှင်ဟာ ဒိအခြေအနေကို ကိုင်တွယ်ဖို့ ကြိုးစားနေရတဲ့ ရဲအရာရှိ‌တွေ၊ ကြီးမားလှတဲ့ ဗျူရိုကရေစီ ယန္တရားကြီးရဲ့ အချည်းနှီးဖြစ်မှုတွေ အစိုးရစနစ်ထဲက အဂတိလိုက်စားမှု‌တွေနဲ့ ရွှေ့ပြောင်းသူတွေကို…

  • နှစ်(၂၀၀)ကျော် ထောင်ဒဏ်ချမှတ်ခံထားရတဲ့ UG ရဲဘော်ကို PDF နဲ့ ပကဖတွေ ရုပ်ရှင်ဆန်ဆန်တိုက်ခိုက်ကယ်ထုတ်

    နှစ်(၂၀၀)ကျော် ထောင်ဒဏ်ချမှတ်ခံထားရတဲ့ UG ရဲဘော်ကို PDF နဲ့ ပကဖတွေ ရုပ်ရှင်ဆန်ဆန်တိုက်ခိုက်ကယ်ထုတ်

    မကွေးတိုင်း၊ ချောက်မြို့မှာ စစ်ကောင်စီအဓိကထောက်တိုင်ချောက်မြို့စည်ပင်သာယာရေးကော်မတီဥက္ကဌ(မြို့တော်ဝန်) ပစ်ခတ်ရှင်းလင်းမှုနဲ့ အဖမ်းခံရပြီး ထောင်ဒဏ် နှစ်(၂၃၀)ကျော် ချမှတ်ခံထားရတဲ့ မြို့ပြပြောက်ကျားရဲဘော်ကို ထောင်ပို့ဆောင်စဉ်မှာ PDF၊ ပကဖနဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေက ရုပ်ရှင်ဆန်ဆန်ကြားဖြတ်တိုက်ခိုက်ပြီး ကယ်ထုတ်နိုင်ခဲ့ပါတယ်။ ချောက်မြို့နယ်ပကဖ လက်ရုံးစစ်ကြောင်း- Chauk Guerrilla Force က ရဲဘော်နက်ရှိုင်း (ခ) မိုးညိုကို နိုဝင်ဘာ ၁၉ ရက် မနက်ပိုင်းမှာ ကယ်ထုတ်နိုင်ခဲ့တာပါ။ ” ရုပ်ရှင်ဆန်ဆန်ပဲ။ ရဲစခန်းကနေ ထောင်ကို ပို့မယ့်သတင်းရလို့ တောထဲမှာ ၄ရက်တိတိစောင့်ပြီးမှာ ကြားဖြတ်တိုက်ခိုက်ခဲ့တာ”လို့ ဒီဖြစ်စဉ်ကိုသိတဲ့ တော်လှန်ရေးရဲဘော်တစ်ဦးက ပြောပါတယ်။ ရဲဘော်မိုးညိုဟာ ပြီးခဲ့တဲ့ ၂၀၂၂ မှာ ချောက်မြို့စည်ပင်သာယာရေးကော်မတီဥက္ကဌ(မြို့တော်ဝန်) ဦးသန့်ဇင်ဦးကို ပစ်ခတ်ရှင်းလင်းခဲ့တဲ့အမှုနဲ့ ဖမ်းဆီးခံခဲ့ရတာဖြစ်ပါတယ်။ စစ်ကောင်စီက ပုဒ်မမျိုးစုံတပ်ခဲ့ပြီး ထောင်ဒဏ် နှစ်ပေါင်း၁၇၀ တစ်ကြိမ်၊ ၆၇ နှစ်တစ်ကြိမ်ချထားပြီး…

  • အနုသယ သင်္ကြန်

    အနုသယ သင်္ကြန်

    အခန်း ( ၁ ) ♪ ♫♪ ♫ အဖြူက တစ်မျိုး အနီက တစ်မျိုး ♪ ♫♪ ♫ ♪ ♫♪ ♫ ရေစိုပျိုမေတွေရယ် …အလှကတိုး ♪ ♫♪ ♫ ♪ ♫♪ ♫ ဒီမဏ္ဍပ်က အလှဆုံး ♪ ♫♪ ♫ ♪ ♫♪ ♫ ဘယ်သူလဲ ပြောကြပါဦး ♪ ♫♪ ♫ ကိုသံချောင်းနဲ့ အောင်စိုးက လက်ခုပ်တွေတီးလို့ ကျုပ်ကလည်း သီချင်းသံနဲ့ စည်းချက်ကျကျလေး ဒွန့်နေတာဗျို့။ အသက်သာ (၃၀) ကျော်လာတာ အနုပညာပိုးက မသေးဘူးဗျ။ ဗေဒင်သွားမေးတာမှ ပိုက်ဆံကုန်နေဦးမယ်။ အရပ်ထဲ မောင်ခြိမ့်ဆို ကလေးလူကြီး…

  • မြန်မာပြည်သူများ၏ ဒီမိုကရေစီလှုပ်ရှားမှုများကို ပံ့ပိုးရန် အမေရိကန်လွှတ်တော်အမတ် ၄ ဦးက သမ္မတထရမ့်အစိုးရထံသို့ တောင်းဆို

    မြန်မာပြည်သူများ၏ ဒီမိုကရေစီလှုပ်ရှားမှုများကို ပံ့ပိုးရန် အမေရိကန်လွှတ်တော်အမတ် ၄ ဦးက သမ္မတထရမ့်အစိုးရထံသို့ တောင်းဆို

    မြန်မာစစ်တပ်၏ အယောင်ပြ ရွေးကောက်ပွဲကို ရှုတ်ချရန်၊ မြန်မာ့အရေး အထူးကိုယ်စားလှယ်ခန့်အပ်ရန်နှင့် မြန်မာပြည်သူများ၏ ဒီမိုကရေစီလှုပ်ရှားမှုများကို ပံ့ပိုးရန် အမေရိကန်လွှတ်တော်အမတ် ၄ ဦးက သမ္မတထရမ့်အစိုးရထံသို့ တောင်းဆို မြန်မာစစ်တပ်၏ ရွေးကောက်ပွဲကို ရှုတ်ချရန်၊ မြန်မာ့အရေးအတွက် အမေရိကန် အထူးကိုယ်စားလှယ်ခန့်အပ်ရန်နှင့် မြန်မာ့ဒီမိုကရေစီလှုပ်ရှားမှုများကို ပံ့ပိုးရန် အမေရိကန်လွှတ်တော်အမတ် ၄ ဦးက သမ္မတထရမ့်အစိုးရထံသို့ တောင်းဆိုလိုက်သည်။ နိုဝင်ဘာလ ၂၀ ရက်နေ့ အမေရိကန်အောက်လွှတ်တော် နိုင်ငံခြားရေးရာ အရှေ့အာရှနှင့် ပစိဖိတ် ဆပ်ကော်မတီ၏ အဆင့်မြင့်အဖွဲ့ဝင် (Ranking Member) နှင့် ဥက္ကဋ္ဌများဖြစ်ကြသော လွှတ်တော်အမတ် ဒေါက်တာ Ami Bera (ဒီမိုကရက်-ကယ်လီဖိုးနီးယား) ၊ လွှတ်တော်အမတ်Young Kim (ရီပတ်ဘလစ်ကန်-ကယ်လီဖိုးနီးယား)၊ တောင်အာရှနှင့် အလယ်အာရှ ဆပ်ကော်မတီ၏ အဆင့်မြင့်အဖွဲ့ဝင်နှင့် ဥက္ကဋ္ဌများဖြစ်ကြသော လွှတ်တော်ကိုယ်စားလှယ်…