Author: Baby Yit Lone
-

Tom Boy လေးရဲ့ ဒါလင် ဖေဖေ
️အခန်း ( ၁ )️ ” ဂူးဂူး … သမီး အဆင်ပြေတယ်မလား …။ သမီးဒေါ်လေး ထားစန္ဒာလည်း … နေခဲ့မှာ …။ မောင်လေးရော … ကြည့်ထားလိုက်နော် ” ဦးကျော်မောင် တစ်ယောက် အလုပ်ကိစ္စနှင့် နေပြည်တော် ရုံးချုပ်သို့ သွားခါနီး စိတ်မချသလို မှာကြားနေသည်။ ” ကဲ … ကိုကျော် … လိုအပ်တာတွေ ထည့်ပြီးပါပြီ … သွားမယ်ဆို ရပြီနော် ” ထိုချိန် ဇနီးဖြစ်သူ ဒေါ်ကြည်ပြာဝင်း ကားနား ရောက်လာပြီး ခင်ပွန်းအား ပြောနေ၏။ ” အေးးး ကြည်ပြာရေ … သွားရုံပဲ …။ ဂူးလေးရေ … တာ့တာ ”…
-

မောတောင်မြို့ကို ပြန်တိုက်ဖို့ လေကြောင်းကစစ်ကူပို့တဲ့ စစ်သားအချို့လက်နက်ချအလင်းဝင်
မောတောင်မြို့က တော်လှန်ရေးတပ်တွေကိုပြန်တိုက်ခိုက်ဖို့ဆိုပြီးလေကြောင်းကနေအင်အားလာဖြည့်တဲ့ စစ်သားတွေထဲက အချို့ဟာ တော်လှန်ရေးအင်အားစုတွေထံ လက်နက်ချအလင်းဝင်ရောက်မှုတွေရှိနေတယ်လို့ သတင်းရရှိပါတယ်။ မောတောင်မြို့အနီးကသဲဖြူရွာကိုနိုဝင်ဘာလ ၁၅ ရက်မှာ စစ်တပ်က ရဟတ်ယာဉ်တွေ နဲ့ အင်အား ၂၀၀ ခန့်အထိ ပို့ခဲ့ပြီး အဲ့ဒီထဲကအချို့ဟာ တော်လှန်ရေးအင်အားစုတွေထံ ထွက်ပြေးလာတာလို့စုံစမ်းသိရပါတယ်။ သဲဖြူရွာမှာ စစ်တပ်က တပ်စွဲထားတာ ၁နှစ်နီးပါးကြာနေပြီဖြစ်ပြီး အဲဒီနေရာကို အင်အားဖြည့်နေတာလို့ မြေပြင်ကစစ်ရေးသတင်းရင်းမြစ်ကပြောပါတယ်။ “သဲဖြူက နယ်စပ်ကုန်သွယ်ရေးလမ်းမှာ ဆုံချက်နေရာဖြစ်တယ်။အဲ့ဒီကို အင်အားတွေဖြည့်ပြီး မောတောင်မြို့ထဲကိုလည်း လေကြောင်းကနေတိုက်ခိုက်တာတွေရှိနေပါတယ်”လို့ ၎င်းကပြောပါတယ်။ လက်နက်ချအလင်းဝင်လာတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်အရေအတွက်ကိုတော့ အသေးစိတ်မသိရသေးပါဘူး။ နိုဝင်ဘာ ၁၄ ရက်က မောတောင်မြို့ နဲ့ နယ်စပ်စခန်းသိမ်းတိုက်ပွဲအတွင်းမှာတော့စစ်သား ၄၀ ကျော်ဖမ်းမိခဲ့ပြီး ထပ်မံဖမ်းမိတဲ့သူတွေနဲ့ဆိုရင် ၅၀ နီးပါးရှိနေပြီလို့စုံစမ်းသိရပါတယ်။ တနင်္သာရီတိုင်းထဲက မောတောင်မြို့ဟာ ထိုင်း-မြန်မာနယ်စပ် ကုန်သွယ်ရေးမှာအရေးပါတဲ့မြို့ဖြစ်ပါတယ်။ မောတောင်ကစစ်တပ် ဗျူဟာစခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)၊…
-

The Time That Remains
The Time That Remains (2025) The Time That Remains ဆိုတဲ့ ဒီကားလေးက (၂၀၂၅) ခုနှစ်က ထွက်ရှိတဲ့ Dark Fantasy, Dark Romance အမျိုးအစားကားလေး ဖြစ်ပါတယ်။ ဒီဇာတ်လမ်းက စိတ်၀င်စားစရာကောင်းတဲ့ အမျိုးသမီးတစ်ဦးရဲ့အကြောင်းပါ။ သူဟာ သူ့ဘဝတစ်လျှောက်လုံး ဖြစ်ပျက်ခဲ့တဲ့ ကြေကွဲစရာ ကိစ္စတွေ၊ သေဆုံးမှုတွေ ဝန်းရံနေတဲ့ကြားထဲက နက်နဲတဲ့၊ အသက်အရွယ်မရွေးတဲ့ Ageless Lover တစ်ဦးနဲ့ ပတ်သက်ခဲ့တဲ့ သူ့ရဲ့ အချစ်ဇာတ်လမ်းဟောင်းကို ပြန်လည်အမှတ်ရနေတာ ဖြစ်ပါတယ်။ သူတို့နှစ်ဦးရဲ့ မှောင်မိုက်တဲ့ လျှို့ဝှက်ချက်နောက်ကို Inspector တစ်ဦးက ထပ်ချပ်မကွာ လိုက်နေပါသေးတယ်။ Main character က Nurse တစ်ယောက်ကို ပုံပြင်ပြန်ပြောပြတဲ့ပုံစံလေးနဲ့ ရိုက်ပြထားပါတယ်။ Dark…
-

Violent Ends
Violent Ends (2025) ဒီတစ်ခါမှာတော့ Crime Drama ကား ကောင်းကောင်းလေးတစ်ကားဖြစ်တဲ့ Violent Ends ဆိုတဲ့ကားလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ MC ကရိုးရိုးသားသား အေးအေးဆေးဆေး နေချင်တဲ့ လူတစ်ယောက်ပါ။ ဒါပေမဲ့ ကံဆိုးချင်တော့ သူ့မိသားစုက သာမန်မိသားစုမဟုတ်ဘဲ အကြမ်းဖက်မှုတွေ၊ ရာဇဝတ်မှုတွေနဲ့ပဲ အသက်ရှင်ရပ်တည်နေတဲ့ Crime Family ကြီးဖြစ်နေတာပါပဲ။ “အကြမ်းဖက်မှုဆိုတာ သူတို့ရဲ့ တစ်ခုတည်းသော အမွေအနှစ်” ဆိုတဲ့အတိုင်း ဒီလို အမွေဆိုးတွေရှိနေတဲ့ မိသားစုအသိုင်းအဝိုင်းကြားထဲမှာ ရိုးရိုးသားသားနေချင်တဲ့ လူတစ်ယောက် ဘယ်လိုရုန်းကန်မလဲ၊ မိသားစုရဲ့ သံသရာထဲကိုပဲ ပြန်ရောက်သွားမလားဆိုတာကို ရင်တမမနဲ့ ကြည့်ရမယ့်ကားပါ။ Ratings တွေအနေနဲ့ IMDb မှာ 6/10 နဲ့ Rotten Tomatoes မှာ 68% ရထားတဲ့အတွက် အရမ်းကြီး…
-

P
P (2005) ထိုင်းနိုင်ငံရဲ့ကျေးလက်တစ်ခုမှာ ကြီးပြင်းလာတဲ့ ခမာလူမျိုး မိဘမဲ့မိန်းကလးတစ်ဦးဟာ အဖွားဖြစ်သူဆီက ဂါထာပညာရပ်များကိုသင်ယူခဲ့ရပါတယ်။ အဖွားဖြစ်သူက အသက်ကြီးပြီးနေမကောင်းဖြစ်တာကြောင့် မြေးဖြစ်သူ “အောလ်”ဟာ အဖွားဆေးဖိုးအတွက် ဘန်ကောက်မှာအလုပ်လုပ်ဖို့ဆွဲဆောင်ခံခဲ့ရပါတယ်။ ဘားတစ်ခုမှာအလုပ်ရပြီး အလုပ်ခက်ခဲမှု နဲ့ ကျေးလက်ကလာတာကြောင့် နှိမ်ချခံရပြီးအနိုင်ကျင့်တဲ့တချိုလူတွေရှိတာကြောင့် အဖွားသင်ပေးခဲ့တဲ့ဂါထာကိုသုံးပြီး အသက်ရှင်ဖိုကြိုးစားပါတော့တယ်။ သူသတိမရမိတာက ဒီပညာရပ်ကိုအသုံးပြုရင် အ၀တ်လှန်းတဲ့ကြိုးအောက်ဖြတ်မသွားရဘူး ၊ အသားစိမ်းမစားရဘူး ၊ တခြားသူကို ဒီပညာသင်ပေးရင် ဘာမှမတောင်းဆိုရဘူး လို့အဖွားကအမြဲတမ်းပြောခဲ့ပေမဲ့ တနေ့မှာ “အောလ်” ဟာတစ်ခုပြီးတစ်ခု တားဆီးထားတဲ့အချက်၃ချက်ကိုချိုးဖျက်မိတော့…. ဒီပညာဟာတဖြည်းဖြည်းအမှောင်ဖက်ပြောင်းပြီး ဘာဆိုးကျိုးတွေဖြစ်သွားမလဲ… ဒီအမှောင်စွမ်းအားကိုရော ထိန်းချုပ်နိုင်မလား…. အသက်ရှင်ပြီး အဖွားနဲ့ရော ပြန်ဆုံရမလားဆိုတာကို ကြည့်ရှုလိုက်ကြရအောင်………