Author: Baby Yit Lone
-

Karmanye Vadhikaraste
Karmanye Vadhikaraste (2025) “တာဝန်နှင့် ဝတ္တရား” ဒီတစ်ခါမှာ စိတ်ဝင်စားစရာ တေလဂူးမှုခင်းရုပ်ရှင်လေးတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအစမှာတော့ မြို့လေးတစ်မြို့မှာ လူေ-သအလောင်းတွေ ပေါ်လာတာကို သက်ဆိုင်ရာ ရဲတပ်ဖွဲ့က အပြိုင်အဆိုင်စုံစမ်းကြတာကို မြင်ရမှာပါ။ ဒါတွေက ရိုးရိုးတမ်းတမ်း လူသ-တ်မှုမဟုတ်ဘဲ ရှုပ်ထွေးနက်နဲတဲ့ လျှို့ဝှက်ပူးပေါင်းကြံစည်မှုကြီးဖြစ်နေတဲ့အခါမှာတော့ NIA အေးဂျင့်၊ ရဲအုပ်တစ်ဦးနဲ့ ရဲသားလေးတို့က အချိန်မလွန်ခင် ဘယ်လိုကြိုးပမ်းဖော်ထုတ်သွားမှာလဲ ဆိုတာ ။ ။
-

Private
Private (2025) (အိမ်ပြေးလေး) ဒီတစ်ခါမှာတင်ဆက်ပေးမယ့် ဇာတ်ကားလေးကတော့ ကောင်မလေးတစ်ယောက်ရဲ့အကြောင်းပဲဖြစ်ပါတယ်။ အဲဒီကောင်မလေးကတော့ အာရှီတာလိုခေါ်ပါတယ်။ ဇာတ်လမ်းအစမှာ အာရှီတာလေးတစ်ယောက် ဗီဿုကာပညာရှင်တစ်ယောက်ဖြစ်ချင်တဲ့ အိပ်မက်တွေနဲ့ စာအရမ်းကြိုးစားတဲ့ ကောင်မလေးတစ်ယောက်ပဲဖြစ်ပါတယ်။ သူ့ဘဝမှာ သူ့အိပ်မက်နဲ့ စာလုပ်မယ်ဆိုတဲ့ အလုပ်နှစ်ခုပဲခေါင်းထဲမှာ အမြဲရှိနေခဲ့တာပါ။ ပြီးတော့ အဖေဖြစ်သူဆုံးပါးပြီးကတည်းက အမေနဲ့ ဦးလေးအိမ်မှာနေနေရတာပါ။ ဦးလေးဖြစ်သူကပဲ အစဆုံးသူ့ကို လိုလေသေးမရှိထောက်ပံပေးနေခဲ့တာဖြစ်ပြီး တစ်ရက်မှာတော့ သူ့အိပ်မက်တွေအားလုံးကို ရေစုံမြောရမယ့်အဖြစ်ကိုရောက်လာပါတော့တယ်။ အကြောင်းကတော့ အာရှီတာကို သူ့ဦးလေးရဲ့ အကြီးဆုံးသားနဲ့ ပေးစားမယ့်ကိစ္စပါပဲ။ ဒီလိုနဲ့ အာရှီတာလေးမှာ ခြေမကိုင်မီလက်မကိုင်မီတွေဖြစ်ပြီး ခေါင်းမီးတောက်စွာနဲ့ အိမ်ပြေးလေးတစ်ယောက်လုပ်ဖို အကြောင်းဖန်လာပါတော့တယ်။ သူငယ်ချင်းလေး ရူဘီသာရှိရာ နီသရာဟာလီကိုခြေဆန့်ခဲ့ရင်း ဘယ်လိုအခက်ခဲတွေကို ရင်ဆိုင်သွားမလဲဆိုတာ ဆက်လက်ကြည့်ရှုပေးကြပါဦး။
-

The Glimmer Man
The Glimmer Man (1996) ဟာသဆန်ဆန် တွဲဖက်စုံထောက်ဇာတ်လမ်းကြိုက်တဲ့သူတွေအတွက် ရွေးချယ်စရာ အကောင်းဆုံး ဇာတ်လမ်းတွေထဲက တစ်ခုပဲ ဖြစ်ပါတယ်။ Rush Hour ပုံစံမျိုးဖြစ်ပြီး ဇာတ်လမ်းကြောက တော်တော်လေးကို ဆင်တူပါတယ်။ ပေါ့ပေါ့ပါးပါးနဲ့ ကြည့်လိုကောင်းပြီး ဇာတ်အိမ်ကလည်း သူ့ဟာနဲ့သူ အဆင်ပြေပါတယ်။ မင်းသားကြီး Steven Seagal နဲ့ Keenan တို့ဖြစ်တာကြောင့် သရုပ်ဆောင်ပိုင်းကတော့ ပြောစရာမလိုပါဘူး။ ပေါ့ပေါ့ပါးပါးနဲ့ ရယ်ချင်ဟားချင်တာပဲဖြစ်ဖြစ် စုံထောက်ကားကြည့်ချင်တာပဲဖြစ်ဖြစ်ဆိုရင်တော့ ဒီကားကို ရွေးချယ်လိုက်ပါ။ ဇာတ်လမ်းအကျဉ်း ကမ့်ဘဲလ်ဟာ အလုပ်ကို ပျော်ပျော်ရွှင်ရွှင်လုပ်တတ်တဲ့ ရဲအရာရှိတစ်ဦးဖြစ်ပြီး လူသတ်မှုတွေ စုံစမ်းတဲ့ဌာနမှာ တာဝန်ယူထားပါတယ်။ တစ်နေ့မှာတော့ ဂျက်ဆိုတဲ့ တွဲဖက်တစ်ယောက် ရောက်လာပြီး သူနဲ့ ပုံစံ ဘယ်နားမှာမှ မတူပါဘူး။ ပုတီးကြီးတွေ ဆွဲထားပြီး ဘုန်းတော်ကြီးနဲ့ အတော်လေး…
-

Eye in the Sky
Eye in the Sky (2007) ဒီနေ့တော့ ၂၀၀၇ ခုနှစ်ကထွက်ခဲ့တဲ့ ဟောင်ကောင် Action Thriller ကားကောင်းတစ်ကားဖြစ်တဲ့ “Eye in the Sky” အကြောင်း ပြောပြချင်ပါတယ်။ တလောက ထွက်ထားတဲ့ ဂျက်ကီချန်းရဲ့ The Shadow’s Edge မှီငြိမ်းထားတဲ့ Original ဖြစ်တဲ့ ဇာတ်ကားလေးပါပဲ။ ဒီကားက နာမည်ကြီးဒါရိုက်တာ Johnnie To ကိုယ်တိုင် ထုတ်လုပ်သူအဖြစ်ပါဝင်ထားပြီး သူ့တပည့်လက်ရင်း Yau Nai-hoi ရိုက်ကူးထားတာဆိုတော့ ကားကောင်းတစ်ကားဖြစ်မယ်ဆိုတာ အထူးပြောစရာမလိုပါဘူး။ ဇာတ်လမ်းအစမှာ “Piggy” ဆိုတဲ့ နာမည်ပြောင်နဲ့ ရဲမေအသစ်လေးတစ်ယောက် (Kate Tsui) က ဟောင်ကောင်ရဲတပ်ဖွဲ့ရဲ့ အထူးထောက်လှမ်းရေးဌာန (CIB) ကို ရောက်လာပါတယ်။ သူ့ရဲ့တာဝန်က ရာဇဝတ်ကောင်တွေကို…
-

Travel to the East
Travel to the East (2023) နတ်ဆိုးတွေဟာ လူ့လောကကိုအစဥ်အနှောင့်အယှက် အဖျက်ပြုနေခဲ့ပါတယ်။ နတ်ဆိုးအရှင်ဟွမ်ယွမ်ဟာ လွန်ခဲ့တဲ့နှစ်ထောင်ချီများစွာက ရှေးဟောင်းနတ်သီကျွင်းရဲ့ ချိတ်ပိတ်မှုကို ခံခဲ့ရပါတယ်။ ဒါပေမဲ့လဲ အဖျက်အမှောင့်စိတ်ကတော့ အတောမသတ်ခဲ့ပါဘူး။ မိစ္ဆာစိတ်ကိုအသုံးချပြီး ဘယ်လိုသားကောင်တွေကို ပစ်မှတ်ထားဝါးမျိုသွားမလဲ…. တချိန်တည်းမှာပဲ အမတနတ်မင်း ရှစ်ပါးထဲကတစ်ပါးဖြစ်တဲ့ လွီသုန့်ပင်းဟာ နတ်ဆိုးအရှင်ဟွမ်ယွမ်နဲ့တိုက်ပွဲမှာ မှားယွင်းတဲ့ဆုံးဖြတ်ချက်ကြောင့် ဟယ်ရှန်းနတ်မိမယ်ကို နတ်သက်ကြွေစေခဲ့မိပါတယ်။ ဒါပေမဲ့ နတ်မိမယ်ရဲ့နာမ်ဝိညာဉ်အပိုင်းအစဟာ လူ့လောကရဲ့လူသားတစ်ယောက်ခန္ဓာကိုယ်မှာရှိနေတယ်ဆိုတဲ့ ပြောကြားချက်အရ လွီသုန့်ပင်းတစ်ေယာက်လူ့ပြည်ဆင်းပြီး ကပ်ဘေးကျော်ဖြတ်ရင်းဟယ်ရှန်းနတ်သမီးကို လိုက်လံရှာဖွေခဲ့ပါတယ်။ -ထုံးစံအတိုင်း ဘယ်လိုတွေဆက်ဖြစ်မလဲ… -ဇာတ်လမ်းတစ်ပုဒ်မှာ ဘယ်လိုမြှုပ်ကွက်ဇာတ်ကောင်တွေ ရှိနေဦးမလဲ… ဆိုတာ ဆက်လက်ကြည့်ရှုခံစားပါ။