The Glimmer Man

The Glimmer Man

The Glimmer Man (1996)

ဟာသဆန်ဆန် တွဲဖက်စုံထောက်ဇာတ်လမ်းကြိုက်တဲ့သူတွေအတွက် ရွေးချယ်စရာ အကောင်းဆုံး ဇာတ်လမ်းတွေထဲက တစ်ခုပဲ ဖြစ်ပါတယ်။ Rush Hour ပုံစံမျိုးဖြစ်ပြီး ဇာတ်လမ်းကြောက တော်တော်လေးကို ဆင်တူပါတယ်။

ပေါ့ပေါ့ပါးပါးနဲ့ ကြည့်လိုကောင်းပြီး ဇာတ်အိမ်ကလည်း သူ့ဟာနဲ့သူ အဆင်ပြေပါတယ်။

မင်းသားကြီး Steven Seagal နဲ့ Keenan တို့ဖြစ်တာကြောင့် သရုပ်ဆောင်ပိုင်းကတော့ ပြောစရာမလိုပါဘူး။

ပေါ့ပေါ့ပါးပါးနဲ့ ရယ်ချင်ဟားချင်တာပဲဖြစ်ဖြစ် စုံထောက်ကားကြည့်ချင်တာပဲဖြစ်ဖြစ်ဆိုရင်တော့ ဒီကားကို ရွေးချယ်လိုက်ပါ။

ဇာတ်လမ်းအကျဉ်း

ကမ့်ဘဲလ်ဟာ အလုပ်ကို ပျော်ပျော်ရွှင်ရွှင်လုပ်တတ်တဲ့ ရဲအရာရှိတစ်ဦးဖြစ်ပြီး လူသတ်မှုတွေ စုံစမ်းတဲ့ဌာနမှာ တာဝန်ယူထားပါတယ်။

တစ်နေ့မှာတော့ ဂျက်ဆိုတဲ့ တွဲဖက်တစ်ယောက် ရောက်လာပြီး သူနဲ့ ပုံစံ ဘယ်နားမှာမှ မတူပါဘူး။ ပုတီးကြီး‌တွေ ဆွဲထားပြီး ဘုန်းတော်ကြီးနဲ့ အတော်လေး တူပါတယ်။

ဒါပေမဲ့ ဂျက်ဟာ အမှုကြီးတွေကိုပဲ ကိုင်တွယ်လာတဲ့ ရဲအရာရှိတစ်ဦးဖြစ်ပြီး သူတို့နှစ်ယောက် ကွင်းဆက်လူသတ်မှုတစ်ခုကို အတူလိုက်ရဖို့ ဖြစ်လာပါတယ်။

ဘာသာရေးဆန်ဆန် ကွင်းဆက်လူသတ်မှုတစ်ခုကိုလိုက်ရင်း အသတ်ခံရသူဟာ ဂျက်ရဲ့ ဇနီးဟောင်းဖြစ်တာကို သိလိုက်ရပါတယ်။

ဒါအပြင် ဂျက်ရဲ့လက်ဗွေကလည်း ရှိနေတာကြောင့် ဂျက်ဟာ သံသယရှိ တရားခံဖြစ်လာပြီး ပြည်ထဲရေးဌာနရဲ့ ပစ်မှတ်ဖြစ်သွားခဲ့ပါတယ်။

ဒါပေမဲ့ ဂျက်မဟုတ်မှန်း သိနေတဲ့ ကမ့်ဘဲလ်ကတော့ ဂျက်ကို ကူညီဖို့ ဆုံးဖြတ်လိုက်ပြီး သူတို့နှစ်ယောက် အမှုကို ဘယ်နည်းဘယ်ပုံ စုံစမ်းကြမလဲဆိုတာကို ဟာသလေးနှောပြီး စိတ်လွတ်လက်လွတ် ကြည့်ရှုနိုင်ပါတယ်။

အချစ်စာပေများဖတ်ရန်

မြန်မာစာတန်းထိုးဇာတ်ကားများကြည့်ရန်


Leave a Reply

Your email address will not be published. Required fields are marked *