Author: Baby Yit Lone

  • BGF ခေါင်းဆောင် စောချစ်သူ လူမြင်ကွင်းရှေ့ ပြန်ထွက်လာ

    ကျားဖြန့် လုပ်ငန်းတွေကြောင့် နာမည်ဆိုးထွက်နေတဲ့ ရွှေကုက္ကိုမြို့သစ်ကို ထိန်းချုပ်ထားသူ ကရင့်နယ်ခြားစောင့်တပ် (BGF) ခေါင်းဆောင် ဗိုလ်ချုပ်စောချစ်သူ တစ်ယောက် လူမြင်ကွင်းကနေ တစ်လနီးပါးကြာ ပျောက်ကွယ်နေရာကနေ ဒီဇင်ဘာလ ၃ ရက် မနက်ပိုင်းမှာ ပြန်ထွက်လာပါတယ်။ ရွှေကုက္ကိုလ်မြို့သစ် ရှိ ကျားဖြန့် လုပ်ငန်းတွေကို စစ်ကောင်စီတပ်နဲ့ BGF တို့ ပူးပေါင်းပြီးစီးနင်းမှု တွေမလုပ်ခင် နိုဝင်ဘာလ ၁၃ ရက် က ရွှေကုက္ကိုမြို့ သစ် မှာ ပြုလုပ်ခဲ့တဲ့ သူ့ရဲ့သမီး ဒုံးအဖွဲ့ကို ကြိုဆိုတဲ့အခမ်းအနားအပြီးမှာ လူမြင်ကွင်းက ပျောက်ကွယ်သွားခဲ့တာပါ။ အဲဒီနောက် နိုဝင်ဘာလ ၁၈ ရက်မှာတော့စစ်ကောင်စီတပ်နဲ့ BGF တို့ဟာ ရွှေကုက္ကိုလ် ရှိ ကျားဖြန့်အလုပ်ရုံအချို့ကို ဝင်ရောက်စီးနင်း တာမျိုး လုပ်ဆောင်ပြခဲ့ပါတယ်။ အရှေ့တောင်အာရှမှာရှိတဲ့ ကျားဖြန့်လုပ်ငန်းတွေကို နှိမ်နင်းဖို့…

  • ကမ္ဘာ့ရာသီဥတု ပြောင်းလဲမှုကြောင့် အရှေ့တောင်အာရှဒေသ၌ ရေကြီးမှု ပိုဖြစ်လာနိုင်

    ကမ္ဘာ့ရာသီဥတု ပြောင်းလဲမှုကြောင့် အရှေ့တောင်အာရှဒေသ၌ ရေကြီးမှု ပိုဖြစ်လာနိုင်

    ပြီးခဲ့တဲ့ သီတင်းပတ်က အရှေ့တောင်အာရှနဲ့ တောင်အာရှဒေသတွေကို ဖျက်ဆီးခဲ့တဲ့ ရှားပါးတဲ့ အပူပိုင်းမုန်တိုင်းကြောင့် မိုးသည်းကြီးမည်းကြီး ရွာတာမျိုးတွေဟာ ပူနွေးလာတဲ့ကမ္ဘာမှာ ပိုအဖြစ်များလာမယ်လို့ ကုလသမဂ္ဂ လက်အောက်ခံ ကမ္ဘာ့မိုးလေဝသအဖွဲ့ (WMO) က ဒီဇင်ဘာ ၂ ရက်မှာ ပြောလိုက်ပါတယ်။ အပူချိန် မြင့်တက်လာလို့ ပိုပူတဲ့လေထုက အစိုဓာတ် ပိုထိန်းထားနိုင်တဲ့အတွက် ပိုပြင်းထန်တဲ့ မိုးတွေ ရွာသွန်းမယ့် အလားအလာကို တိုးမြင့်စေတယ်။ ဒါက ရူပဗေဒ နိယာမပါလို့ WMO ပြောရေးဆိုခွင့်ရှိသူ ကလဲယာ နောလိစ်က ဒီဇင်ဘာ ၂ ရက်မှာ ဂျီနီဗာမြို့မှာ သတင်းထောက်တွေကို ပြောခဲ့ပါတယ်။ ပိုပြင်းပြင်းထန်ထန် ရွာချတဲ့မိုးတွေကို တွေ့မြင်နေရပြီး အနာဂတ်မှာလည်း ဆက်ဖြစ်နေဦးမယ်လို့ သူက ဆက်ပြောပါတယ်။ အီကွေတာနဲ့နီးတဲ့ အပူပိုင်း ဆိုင်ကလုန်းတွေဟာ ရှားပါးလို့ အဲဒီဒေသတွေက…

  • လူမှုရေးဖောက်ပြန်သော  စရဖ ဗိုလ်ကြီး ကျော်မျိုးဦးနှင့် ထွေ/အုပ်စာရေးမ ခင်နီလာထွေးကိုတို့ကို  တပ်ကြပ်ကြီး ၁ ဦးက ပစ်သတ်

    လူမှုရေးဖောက်ပြန်သော စရဖ ဗိုလ်ကြီး ကျော်မျိုးဦးနှင့် ထွေ/အုပ်စာရေးမ ခင်နီလာထွေးကိုတို့ကို တပ်ကြပ်ကြီး ၁ ဦးက ပစ်သတ်

    ပွင့်ဖြူမြို့နယ်တွင် လူမှုရေးဖောက်ပြန်သော စရဖ ဗိုလ်ကြီး ကျော်မျိုးဦးနှင့် ထွေ/အုပ်စာရေးမ ခင်နီလာထွေးကိုတို့ကို တပ်ကြပ်ကြီး ၁ ဦးက ပစ်သတ်ပြီး ကိုယ်တိုင်လည်း အဖမ်းခံ မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ်တွင် လူမှုရေးဖောက်ပြန်သော စရဖ ဗိုလ်ကြီး ကျော်မျိုးဦးနှင့် ထွေ/အုပ်စာရေးမ ခင်နီလာထွေးကိုတို့ကို တပ် ကြပ်ကြီး ၁ ဦးက ပစ်သတ်ပြီး ကိုယ်တိုင်လည်း အဖမ်းခံလိုက်ကြောင်း ပွင့်ဖြူမြို့နယ်မှ တပ်သတင်းရင်းမြစ်က ပြောဆိုသည်။ ပွင့်ဖြူမြို့နယ်၊ လယ်ကိုင်းမြို့ တွင် တပ်ကြပ်ကြီး ကိုပုနှင့် စကုမြို့မှ ထွေ/အုပ်ဝန်ထမ်း စာရေးမ ခင်နီလာထွေးတို့မှာ ချစ်သူများ ဖြစ်ခဲ့ကြပြီး အတူနေထိုင်ခဲ့ကြကြောင်း၊ ယင်းနောက် ထွေ/အုပ်ဝန်ထမ်း ခင်နီလာထွေးက ပွင့်ဖြူမြို့နယ်မှ စရဖ ဗိုလ်ကြီးကျော်မျိုးဦးနှင့် ထပ်မံ ချစ်ကြိုက်သွားခဲ့ပြီး အတူနေခဲ့ကြောင်း၊ ယင်းသို့ ၃ ပွင့်ဆိုင်…

  • A Merry Little Ex-Mas

    A Merry Little Ex-Mas

    A Merry Little Ex-Mas (2025) ခွဲနေပြီဖြစ်တဲ့ လင်မယားနှစ်ယောက်က သူတို တရားဝင်မကွာရှင်းခင်မှာ နောက်ဆုံးအကြိမ်အနေနဲ့ သူတိုကလေးတွေနဲ့အတူ Christmas ကို အတူဖြတ်သန်းဖိုစီစဉ်ခဲ့ကြပါတယ်။ ဒါပေမဲ့ ခင်ပွန်းဖြစ်သူ Everette က သူ့ရဲ့ ရည်းစားအသစ်ကိုခေါ်လာချိန်မှာတော့ သူတို ဇနီးမောင်နှံဟောင်းနှစ်ယောက်ကြား ဖရိုဖရဲ ပြဿနာတွေပေါ်လာပြီး Christmas မပျက်ဆီးအောင် ဆက်ဆံရေးကိုဘယ်လိုထိန်းသိမ်းကြမလဲဆိုတာကိုတော့ ဒီမိသားစု ခရစ္စမတ်ဇာတ်လမ်းလေးမှာ ရယ်မောစရာရသမျိုးစုံနဲ့ ကြည့်ရှုနိုင်ပါပြီ။

  • Preparation for the Next Life

    Preparation for the Next Life

    Preparation for the Next Life (2025) ကိုယ်ရေးမှတ်တမ်းဆန်ဆန် စိတ်ကူးယဉ်ဝတ္ထုတစ်ပုဒ်ဖြစ်တဲ့ Preparation for the Next Life ဟာ စာရေးဆရာ Atticus Lishရဲ့ ဆုရပွဲဦးထွက်လက်ရာတစ်ခုဖြစ်ပါတယ်။ ရိုက်ကူးသူဒါရိုက်တာ Bing Liuကလည်း ဆုရမှတ်တမ်းရုပ်ရှင်တွေဖန်တီးထားသူမလို့ စိတ်ကူးယဉ်ဇာတ်လမ်းတစ်ပုဒ်ကို မှတ်တမ်းရုပ်ရှင်တစ်ခုလို ခံစားမိစေမှာပါ။ ဝီဂါလူမျိုးအဖေနဲ့ ဟန်တရုတ်လူမျိုးအမေတို့က မွေးဖွားခဲ့တဲ့ အိုက်ရှာ (Sebiye Behtiyar)ဟာ ငယ်စဉ်မှာ စစ်သားဖြစ်တဲ့အဖေရဲ့ စစ်တပ်ပုံစံလေ့ကျင့်မှုနဲ့ ကြီးပြင်းခဲ့ရသူပါ။ လက်ရှိမှာ အမေရိကန်ကို တရားမဝင်ဝင်ရောက်နေထိုင်နေပြီး နယူးယောက်တရုတ်တန်းက စားသောက်ဆိုင်တွေမှာ အလုပ်လုပ်ကိုင်ရင်း ဘဝတစ်ခုကို တည်ဆောက်ဖို့ကြိုးစားနေသူပေါ့။ အရှေ့အလယ်ပိုင်းမှာ ၃ကြိမ်တိုင်တိုင်တာဝန်ထမ်းဆောင်ရင်း စစ်ပွဲရဲ့စိတ်ဒဏ်ရာတွေနဲ့ အိမ်ပြန်လာတဲ့ စကင်နာ (Fred Hechinger)ကတော့ အိမ်မပြန်ပဲ နယူးယောက်ကိုရောက်လာရင်း ပျော်ရွှင်မှုကို ရှာတွေ့ဖို့မျှော်လင့်နေသူပါ။ မထင်မှတ်ထားတဲ့…