Author: Baby Yit Lone
-

Harsh Couture / Perrengue Fashion
Harsh Couture / Perrengue Fashion (2025) သဘာဝတရားဆိုတာ အင်မတန်မှ လှပပါတယ်။ ကျွန်တော်တိုတွေဟာ မသိလိုက်ဘဲ သဘာဝတရားကြီးကို ဖျက်ဆီးနေကြတယ်။ ဒီဇာတ်လမ်းလေးကတော့ သဘာဝတရားကြီးရဲ့ အလှတွေကိုပြရင်း မိဘနဲ့ သားသမီးကြားက ဆက်ဆံရေးကို ရိုက်ပြသွားတာ အင်မတန်လှပပါတယ်။ အမေဇုန်တောကြီးကို နောက်ခံထားရိုက်ထားတာမို ခမ်းနားတဲ့ ဇာတ်လမ်းဆိုတာ ငြင်းလိုမရပါဘူး။ ဇာတ်လမ်းအကျဉ်း လူမှုကွန်ရက်ပေါ်မှာ ဖက်ရှင်လောကရဲ့ နာမည်ကျော်အဖြစ် အောင်မြင်နေတဲ့ ပေါ်လ်လာပရာတာဟာ အမေများနေ့အတွက် သူ့သားနဲ့အတူ လုပ်ရမယ့် ကမ်ပိန်းတစ်ခုမှာ ပါဝင်ဖို ဖိတ်ကြားခံရပါတယ်။ ဒါပေမဲ့ ရုတ်တရက်ဆိုသလို သူ့ရဲ့သားနောက် လိုက်သွားရတယ်။ ဆိုးတာက သူ့ဟာဟာ အမေဇုန်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး လှုပ်ရှားသူ ဖြစ်နေတာပါ။ ဒါကြောင့် ဖက်ရှင်တွေနဲ့ လှလှပပနေရတဲ့ ပရာတာလည်း တောကြီးထဲ မအူမလည်နဲ့ ရောက်သွားပါတယ်။…
-

Sisu
Sisu (2022) ဇာတ်ကားနာမည် Sisu ဆိုတာ ဖင်လန် စကားလုံးပါ။ တိုက်ရိုက်တစ်ခွန်းတည်းဘာသာပြန်လို့မရတဲ့ စာလုံးလည်းဖြစ်ပါတယ်။ အဓိပ္ပါယ်ကတော့ မဆုတ်မနစ်ဇွဲနပဲကြီးကြီး လုံးဝလက်မလျှော့ဘဲ သဲကြီးမဲကြီးလုပ်တတ်တဲ့သူပါတဲ့။ သမိုင်းနောက်ခံကတော့ ဒုတိယကမ္ဘာစစ်ပြီးခါနီးကာလ ဂျာမန်တွေ ဖင်လန်ကနေ ပြန်ဆုတ်နေချိန်ပါ။ မြေလှန်နည်းကိုသုံးပြီး နာဇီတွေဟာ လမ်းတလျှောက် အရာရာတိုင်းကို ဖျက်ဆီးပြီး ဆုတ်ခွာနေပါပြီ။ ဒါပေမဲ့ နာဇီတပ်ခွဲတစ်ခုကတော့ လမ်းမှာ ကံကောင်းပြီး ရွှေတွေအများကြီးသယ်လာတဲ့ ဘိုးတော်တစ်ယောက်နဲ့တွေ့သွားပါတယ်။ သူ့ဆီက ရွှေတွေကို လုယူလာပြီး သူ့ကိုသတ်ဖို့ကြိုးစားခဲ့ပေမဲ့။ သူတို့တွေ့တဲ့ဘိုးတော်က ဂျွန်ဝစ်ရဲ့အဘိုးအဆင့်လောက်ဖြစ်နေတဲ့အခါ တပ်ခွဲတစ်ခွဲလုံးကို လိုက်သတ်တာကြောင့် ခွေးပြေးဝက်ပြေးပြေးရပါတော့တယ်။ ကျန်တာကတော့ အက်ရှင်အကြမ်းသီးသန့်မို့ အများကြီးပြောစရာမရှိပါဘူး ကြည့်လိုက်ပါဦး။
-

စစ်အုပ်စု၏ သတင်းလိမ် ဝါဒဖြန့် အကောင့်များကို Twitch ၊ Facebook ၊ YouTube နှင့် MediaFire တို့က ဖယ်ရှား
အကြမ်းဖက် စစ်အုပ်စုက အသုံးပြုနေသော သတင်းလိမ် ဝါဒဖြန့်အကောင့်များကို Twitch ၊ Facebook ၊ YouTube နှင့် MediaFire တို့က ဖယ်ရှားလိုက်ကြောင်း Justice For Myanmar က ယနေ့ ဒီဇင်ဘာလ ၁၈ ရက်နေ့တွင် ထုတ်ပြန်သည်။ စစ်အုပ်စုပြန်ကြားရေးဝန်ကြီးဌာနနှင့် စစ်တပ်၏ ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေးဌာနတို့က ကြီးကြပ်အသုံးပြုနေသည့် ဝါဒဖြန့်ချီရေးအကောင့်များအား Twitch၊ Facebook၊ YouTube နှင့် MediaFire တို့က ဖြုတ်ချဖယ်ရှားမှုများ လုပ်ဆောင်လိုက်သည့် မကြာသေးမီကအရေးယူဆောင် ရွက် မှုများအပေါ် Justice For Myanmar က ကြိုဆိုပါကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထား သည်။ Justice For Myanmar က နည်းပညာကုမ္ပဏီများထံ စာရေးသားပေးပို့၍ အဆိုပါ…
-

အအေးဘုံရဲ့ အေးဘုံ
“ကိုရင်သာအေး… ဘယ်မှာလဲ… ကျုပ် သေချာ မမြင်ရဘူးတော့်…” “ငါ ဒီမှာပါဟ… အေးဘုံရယ်… နင့်မှာလည်း… လကလည်း သာတယ်… လက်ထဲမှာ ဓါတ်မီး ရှိသားနဲ့ သေချာ ထိုးကြည့်လေဟ…” “အေးပါတော်… လာပါပြီ… တော်က ဘယ်နေရာတွေ ခေါ်မှန်းမှ မသိတာ…” နေ့လည်နေ့ခင်း ပူပြင်းတဲ့ လယ်ကွင်း ဟင်းလင်းပြင်ကြီးက အခုတော့လည်း လသာသာ ညကလေးမှ လေအေးတွေ တိုက်လို့ ချမ်းအေးနေသည်။ ရွာနဲ့ အတန်ငယ်လှမ်းသော ကိုရင်သာအေးတို့ လယ်ကွင်းတွေရှိရာ အေးဘုံမ တစ်ယောက် ရောက်လာခြင်း ဖြစ်သည်။ သမီးရည်းစားတို့ ထုံးစံအတိုင်း ချစ်ရည်လူးဖို့ပေါ့။ ကိုရင်သာအေးက လူပျိုကြီး တစ်ကောင်ကြွက်။ အေးဘုံမက မုဆိုးမ မိခင်အိုကြီးနှင့်အတူ နေသူလေ။ သမီးရည်းစားဖြစ်နေတာ တော်တော်များများ သိကြပေမယ့် ဒီဝါကျွတ်မှ ယူရန်…
-

လက်ပံတန်းတွင် စစ်ကောင်စီတပ်စခန်း တိုက်ခိုက်ခံရပြီး ဒုရဲအုပ်အပါအဝင် ၁၉ ဦး သေဆုံး
ပဲခူးတိုင်း၊ လက်ပံတန်းမြို့နယ်၊ ဆင်တလင်းရွာမှာ အထိုင်ချထားတဲ့ စစ်ကောင်စီတပ်စခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့တဲအတွက် တိုက်ပွဲ ဆက်လက်ဖြစ်ပွားခဲ့ပြီး ဒုရဲအုပ် တယောက်အပါအဝင် စစ်ကောင်စီတပ်သား ၁၉ ယောက် သေဆုံးခဲ့တယ်လို့ သာယာဝတီခရိုင် တပ်ရင်း ၃ ဆီကနေ သိရပါတယ်။ ဒီဇင်ဘာ ၁၆ ရက် မနက်ပိုင်းကစပြီး ဆင်တလင်းရွာက စစ်ကောင်စီတပ်သား အင်အား ၃၀ လောက်ရှိတဲ့ အထိုင်စခန်းကို ကာကွယ်ရေးတပ်ဖွဲ့တွေက ဝင်ရောက်စီးနင်းခဲ့တာဖြစ်ပါတယ်။ စခန်းစီးနင်းပြီးတဲ့နောက် စစ်ကောင်စီတပ်သားအင်အား ၈၀ လောက်က စစ်ကြောင်းထိုးလာလို့ အဲ့ဒီစစ်ကြောင်းနဲ့ တောင်တန်းမြိုင်ရွာမှာ ထပ်မံတိုက်ပွဲဖြစ်ပွားခဲ့တာပါ။ တိုက်ပွဲမှာ ဒုရဲအုပ် ရဲလွင်၊ တပ်ကြပ်ကြီး တယောက်၊ ဒုတပ်ကြပ် ၂ ယောက် အပါအဝင် စစ်ကောင်စီတပ်သား ၁၈ ယောက်သေဆုံးပြီး ၆ ယောက်ဒဏ်ရာရရှိခဲ့တယ်လို့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။…