ပဲခူးတိုင်း၊ လက်ပံတန်းမြို့နယ်၊ ဆင်တလင်းရွာမှာ အထိုင်ချထားတဲ့ စစ်ကောင်စီတပ်စခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့တဲအတွက် တိုက်ပွဲ ဆက်လက်ဖြစ်ပွားခဲ့ပြီး ဒုရဲအုပ် တယောက်အပါအဝင် စစ်ကောင်စီတပ်သား ၁၉ ယောက် သေဆုံးခဲ့တယ်လို့ သာယာဝတီခရိုင် တပ်ရင်း ၃ ဆီကနေ သိရပါတယ်။

ဒီဇင်ဘာ ၁၆ ရက် မနက်ပိုင်းကစပြီး ဆင်တလင်းရွာက စစ်ကောင်စီတပ်သား အင်အား ၃၀ လောက်ရှိတဲ့ အထိုင်စခန်းကို ကာကွယ်ရေးတပ်ဖွဲ့တွေက ဝင်ရောက်စီးနင်းခဲ့တာဖြစ်ပါတယ်။

စခန်းစီးနင်းပြီးတဲ့နောက် စစ်ကောင်စီတပ်သားအင်အား ၈၀ လောက်က စစ်ကြောင်းထိုးလာလို့ အဲ့ဒီစစ်ကြောင်းနဲ့ တောင်တန်းမြိုင်ရွာမှာ ထပ်မံတိုက်ပွဲဖြစ်ပွားခဲ့တာပါ။

တိုက်ပွဲမှာ ဒုရဲအုပ် ရဲလွင်၊ တပ်ကြပ်ကြီး တယောက်၊ ဒုတပ်ကြပ် ၂ ယောက် အပါအဝင် စစ်ကောင်စီတပ်သား ၁၈ ယောက်သေဆုံးပြီး ၆ ယောက်ဒဏ်ရာရရှိခဲ့တယ်လို့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။

တိုက်ပွဲအတွင်း MA-3 သေနတ် ၆ လက်၊ MA-1 သေနတ် ၄ လက်နဲ့ လက်နက် ခဲယမ်းတွေ သိမ်းဆည်းရမိခဲ့တယ်လို့လည်း သိရပါတယ်။

တိုက်ခိုက်မှုကို သာယာဝတီခရိုင် တပ်ရင်း ၂၊ ၃၊ ရန်ကုန်တိုင်းပကဖ အထူးတိုက်ခိုက်ရေးတပ်၊ ဂဠုန်ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့၊ သာယာဝတီခရိုင် ပကဖ၊ လက်ပန်းတန်းမြို့နယ် အထူးတိုက်ခိုက်ရေးတပ်ဖွဲ့၊ အရှိုချင်းကာကွယ်ရေးတပ် (ACDF) တို့ ပါဝင်ခဲ့တယ်လို့ သိရပါတယ်။

အချစ်စာပေများဖတ်ရန်

မြန်မာစာတန်းထိုးဇာတ်ကားများကြည့်ရန်


Leave a Reply

Your email address will not be published. Required fields are marked *