Author: Baby Yit Lone

  • Tri PDF အာဇာနည်ကုန်းကို ပျူစောထီးနှင့် စစ်တပ်ထောက်ခံသူများက ဝင်ရောက်ဖျက်ဆီး

    Tri PDF အာဇာနည်ကုန်းကို ပျူစောထီးနှင့် စစ်တပ်ထောက်ခံသူများက ဝင်ရောက်ဖျက်ဆီး

    စဥ့်ကူးမြို့နယ်ရှိ Tri PDF အာဇာနည်ကုန်းကို ပျူစောထီးနှင့် စစ်တပ်ထောက်ခံသူများက ဝင်ရောက်ဖျက်ဆီး မန္တလေးတိုင်း၊ စဥ့်ကူးမြို့နယ်ရှိ Tri PDF အာဇာနည်ကုန်းကို ဇန်နဝါရီ ၃ ရက်နေ့ မနက်ပိုင်းက ပျူစောထီးနှင့် စစ်တပ်ထောက်ခံသူများက ဝင်ရောက်ဖျက်ဆီးခဲ့ကြကြောင်း သိရသည်။ ရုပ်သံ – Wai Moe Kyaw

  • အမေရိကန်ရောက် ဗင်နီဇွဲလားသမ္မတ

    အမေရိကန်ရောက် ဗင်နီဇွဲလားသမ္မတ

    အမေရိကန်နိုင်ငံကနေ ဗင်နီဇွဲလားနိုင်ငံကို လေကြောင်းတိုက်ခိုက်မှုဪတွေပြုလုပ်ပြီး ဗင်နီဇွဲလားသမ္မတနဲ့ ဇနီးကို ဝင်ရောက်ဖမ်းဆီးသွားခဲ့ပြီး အမေရိကန်နိုင်ငံတွင်းကို ခေါ်ဆောင်လာခဲ့ပြီဖြစ်ပါတယ်။ အမေရိကန်ဘက်ကနေ ဗင်နီဇွဲလားနိုင်ငံအတွင်း လေကြောင်းတိုက်ခိုက်မှုတွေ ဦးစွာပြုလုပ်ခဲ့တယ်။ ပြီးတော့ အထူးတပ်ဖွဲ့‌တွေက ရဟတ်ယာဉ်တွေနဲ့ လေကြောင်းချီ heliborne စစ်ဆင်ရေးဖော်ဆောင်ကာ မာဒူရိုကို ဝင်ရောက်ဖမ်းဆီးသွားတာဖြစ်ပါတယ်။ အမေရိကန်ကနေ တိုက်ခိုက်မှု စတင်ကြောင်း သိရပြီး နာရီအနည်းငယ်အတွင်းမှာပဲ ဗင်နီဖွဲလား လေပိုင်နက်ထဲမှာ အမေရိကန်ရဲ့ ရဟတ်ယာဉ်တွေ ဝင်ရောက်ပျံ‌သန်းနေတာကို ဆိုရှယ်မီဒီယာဗီဒီယိုတွေကနေတဆင့် တွေ့ထားခဲ့ရပါတယ်။ ဒီရဟတ်ယာဥ်တွေက အမေရိကန်ရဲ့ နာမည်ကြီး အထူးလေကြောင်းချီတပ်ဖွဲ့ 160th SOAR (Special Operations Aviation Regiment) “Night Stalkers” မှ ဖြစ်ပါတယ်။ အမေရိကန်ရဲ့ လေကြောင်း တိုက်ခိုက်မှုတွေကြောင့် ဗင်နီဇွဲလားစစ်တပ်ရဲ့ Buk-M2E လို လေကြောင်းကာကွယ်ရေးစနစ်တွေကို တိုက်ခိုက်ဖျက်ဆီးခဲ့တာကိုလည်း တွေ့ထားရပါတယ်။…

  • ၂ နာရီခန့်သာကြာမြင့်တဲ့ သမ္မတ မာဒူရို ဖမ်းဆီးမှုစစ်ဆင်ရေး

    ၂ နာရီခန့်သာကြာမြင့်တဲ့ သမ္မတ မာဒူရို ဖမ်းဆီးမှုစစ်ဆင်ရေး

    အမေရိကန်ဟာ ဇန်နဝါရီ ၃ ရက်မှာ ဗင်နီဇွဲလားနိုင်ငံကို လေကြောင်းက ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ဗင်နီဇွဲလားသမ္မတ မာဒူရိုနဲ့ ဇနီးတို့ကို ဖမ်းဆီး‌ ခေါ်ဆောင်သွားခဲ့ပါတယ်။ တရုတ်ကိုယ်စားလှယ်နှင့်တွေ့ပြီးနောက် ဗင်နီဇွဲလားသမ္မတ အဖမ်းခံရ အမေရိကန်က ဖမ်းဆီးခဲ့သည့် ဗင်နီဇွဲလားသမ္မတ နီကိုးလပ်စ် မာဒူရိုသည် အဖမ်းမခံရမီ နာရီပိုင်းအလို၌ တရုတ်အစိုးရ၏ အထူးကိုယ်စားလှယ် Qiu Xiaoqi နှင့် ကာရာကတ်စ်ရှိ သမ္မတနန်းတော်၌ တွေ့ဆုံခဲ့ပြီး နှစ်နိုင်ငံကြားမဟာမိတ်ဆက်ဆံရေး ခိုင်မာအားကောင်းစေရန်နှင့် ရေနံတင်ပို့ရေးဆိုင်ရာကိစ္စများ ဆွေးနွေးခဲ့ကြသည်။ ဗင်နီဇွဲလားသည် ဘရာဇီး၊ ရုရှား၊ အိန္ဒိယ၊ တရုတ်နှင့် တောင်အာဖရိကနိုင်ငံတို့ ဦးစီး၍၂၀၀၆ ခုနှစ်က ဖွဲ့စည်းထားသည့် BRICS ၏ မိတ်ဖက်နိုင်ငံအဆင့်အဖြစ်ရှိနေကာ ရုရှားနှင့်တရုတ်တို့က အဖွဲ့ဝင်နိုင်ငံဖြစ်ရေး အခိုင် အမာ ထောက်ခံံထားသည်။ ဗင်နီဇွဲလားအနေဖြင့် အဖွဲ့ဝင်နိုင်ငံဖြစ်လာပါက အနောက်နိုင်ငံများ၏ စီးပွားရေးပိတ်ဆို့မှုတို့ကို…

  • ဆားလင်းကြီး မတောင်းတတိုက်နယ်ဆေးရုံကို စစ်တပ်ကဗုံးကြဲ၊ ပြည်သူ ၃ ဦး သေဆုံး

    ဆားလင်းကြီး မတောင်းတတိုက်နယ်ဆေးရုံကို စစ်တပ်ကဗုံးကြဲ၊ ပြည်သူ ၃ ဦး သေဆုံး

    စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်အနောက်ခြမ်း မတောင်းတတိုက်နယ်ဆေးရုံပေါ်ကို စစ်ကောင်စီက ဝေဟင်ကနေ ဗုံးကြဲတာကြောင့် ပြည်သူ ၃ ယောက် သေဆုံးခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ မတောင်းတတိုက်နယ်ဆေးရုံကို ဇန်နဝါရီ ၄ ရက် နေ့ နေ့လယ် ၂ နာရီလောက်မှာ နမခ စစ်တပ်အတွင်းကနေ တက်လာတဲ့ ဂျိုင်ရိုကော်ပတာ ၂ စီးနဲ့ လေကြောင်းတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။ ရွာသားတယောက်က “ဗုံးသီးက ၃ လုံးချတာ။‌ ဆေးရုံပေါ်ကို ကျတာ။‌ ဆေးကုသခံယူ‌နေတဲ့ ပြည်သူ‌မြေးအဘိုး ၂ ယောက်၊ ဆရာဝန်တယောက် စုစုပေါင်း ‌‌‌‌‌‌‌၃ ယောက် သေဆုံးတာဗျ။ ထိခိုက်သူ‌တွေလည်း များတယ်။ လုံခြုံ‌ရေးအရ ချက်ချင်း နေရာပြောင်းရွှေ့ရလို့ ဒဏ်ရာရသူဦးရေကိုတော့ အတိအကျမပြောနိုင်ဘူး” လို့ ပြောပါတယ်။ မတောင်းတတိုက်နယ်ဆေးရုံကို စစ်ကောင်စီတပ်က ၂၀၂၅…

  • Kumki 2

    Kumki 2

    Kumki 2 (2025) 2012တုန်းကထွက်ရှိခဲ့တဲ့ Kumki 1က တောင်ပိုင်းအိန္ဒိယ (Tamil) ရုပ်ရှင်လောကရဲ့ နာမည်ကြီး ရိုမန့်တစ်အက်ရှင် ဒရာမာဇာတ်ကားတစ်ကား ဖြစ်ပါတယ်။ ဒီဇာတ်ကားက ပရိသတ်တွေကြားမှာ တော်တော်လေး လူကြိုက်များခဲ့သလို ဝေဖန်ရေးသမားတွေဆီကလည်း ချီးမွမ်းမှုတွေ အများကြီး ရရှိခဲ့ပါတယ်။ အခု2025မှာထွက်ရှိလာတဲ့ Kumki 2 ဇာတ်ကားကတော့ 2012 တုန်းက ဇာတ်လမ်းနဲ့ဆက်စပ်မှုမရှိဘဲ သီးသန့်ထွက်လာတဲ့ကားလေးပါ ။ ဇာတ်လမ်းလေးကတော့ ဘူမိဆိုတဲ့ကောင်လေးတစ်ယောက် ပထွေးအရက်သမားနဲ့ အမေရဲ့ ရန်ပွဲတွေကြားအမြဲတမ်းစိတ်ညစ်နေရပြီး ကျောင်းနေဖက်သူငယ်ချင်းများကလည်းသူ့အမေရဲ့စရိုက်ဆန်မှုတွေကြောင့် သူ့ကိုဝိုင်းပယ်ထားခံရပါတယ်။ သူငယ်ချင်းမရှိတဲ့ဘူမိတစ်ယောက် တောထဲလျှောက်သွားရင်းကနေ ကျင်းထဲကျနေတဲ့ဆင်ပေါက်ကလေးကို ကယ်တင်လိုက်ပါတယ်။ သူက အဲဒီဆင်လေးကို နီလာလို့ အမည်ပေးလိုက်ပြီး သူတို့နှစ်ဦးကြားမှာ လူနဲ့တိရစ္ဆာန်ထက်ပိုတဲ့ သူငယ်ချင်းသံယောဇဉ်တွေ ခိုင်မြဲလာပါတယ်။ ဒါပေမဲ့ ကံကြမ္မာရဲ့ အလှည့်အပြောင်းတစ်ခုကြောင့် သူတို့နှစ်ဦးခွဲခွာခဲ့ရပါတယ်။နှစ်အတော်ကြာပြီးနောက်မှာတော့ ဘူမိဟာ အရွယ်ရောက်လာပြီးသူ့ရဲ့…