Author: Baby Yit Lone

  • Love U Muddu

    Love U Muddu

    Love U Muddu (2025) “ချစ်ရပါသော…” အဖေဖြစ်သူက သုံးမကုန်အောင်ရှာပေးထားပြီး မိန်းမယူ မြေးလေးတွေ မွေးပေးဖို့ပူဆာနေပေမဲ့ကိုယ့်အောင်မြင်မှုကို ကိုယ်တိုင်ပဲရှာမယ်ဆိုပြီး သတင်းထောက်အလုပ်နဲ့အသက်မွေးဝမ်းကျောင်းပြုနေတဲ့ ကာနာ။ အဖေဖြစ်သူစကားနားထောင်ပြီး အိမ်ထောင်ရေးစကားကြောင်းဖို့ အမျိုးသမီးတွေအိမ်ကို လိုက်တော့လိုက်ပေမဲ့အကြောင်းအမျိုးမျိုးပြပြီး ငြင်းခဲ့တဲ့ ကာနာ။ တစ်နေ့မှာတော့ အမေဖြစ်သူရှိရာ ဇာတိမြို့ကလေးဆီ ခရီးထွက်လာခဲ့ရာက ဆရာမလေးဆူမာကိုမြင်မြင်ချင်းချစ်သွားခဲ့တာပေါ့။ ဒါပေမဲ့ ဆူမာက သူ့ကို တွေ့တွေ့ချင်းပဲ ပါးရိုက်လိုက်မိတဲ့အခါ…။ ဘာလို့ ကာနာတစ်ယောက် ပါးရိုက်ခံရတာလဲ။ ဆူမာ့အပေါ် မြင်မြင်ချင်းအချစ်ကရောပျောက်ကွယ်သွားမှာလားဆိုတာ ခံစားကြည့်ရှုကြပါဦး။

  • Lost Horizon

    Lost Horizon

    Lost Horizon (2025) ဒီရုပ်ရှင်ကတော့ ဒါရိုက်တာ Patrick Garcia ရိုက်ကူးထားတဲ့ စစ်ပွဲ၊ အက်ရှင်နဲ့ စွန့်စားခန်း (War, Action, Adventure) အမျိုးအစား ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းချုပ် ဒီဇာတ်လမ်းမှာတော့ စစ်သားဟောင်း တစ်ယောက်အကြောင်းကို အဓိကထား ရိုက်ကူးထားတာပါ သူဟာ တစ်ကိုယ်တော် အငှားလိုက် လုပ်ကိုင်သူ တစ်ယောက် အဖြစ် လုပ်ကိုင်နေတာပါ။ သူ့ရဲ့ တာဝန်ကတော့ စစ်ပွဲတွေကြောင့် စုတ်ပြတ်သတ် နေတဲ့ နယ်မြေတစ်ခုမှာ ပိတ်မိနေတဲ့ အပြစ်မဲ့ပြည်သူတွေကို ကယ်ထုတ်ဖို့ပါ ဒီလို ကယ်တင်ဖို့ ကြိုးစားရင်း ရက်စက်ကြမ်းကြုတ်တဲ့ ရန်သူတွေနဲ့ ရင်ဆိုင်ရသလို မမျှော်လင့်ထားတဲ့ သစ္စာဖောက်မှုတွေကိုလည်း ကြုံတွေ့ရပါတယ်။ နောက်ဆုံးမှာတော့ သူဟာ အသက်ရှင်ရပ်တည်ရေး ၊ တရားမျှတမှု ရရှိရေးနဲ့ သူ့ဘဝရဲ့ အပြစ်…

  • Keys to the Heart

    Keys to the Heart

    Keys to the Heart (2018) လတ်တလော Hit ဖြစ်နေတဲ့ Hwasa ရဲ့ Good Goodbye MV က မင်းသား ဘတ်ဂျောင်မင်းနဲ့အတူ အထူးတလည် ညွှန်းနေစရာမလိုတဲ့ မင်းသားကြီး အီဗြောင်ဟွန်း၊ ဇာတ်လမ်းတွဲပေါင်းများစွာနဲ့ ပရိသတ်အချစ်ကိုရထားတဲ့ မင်းသမီး ဟန်ဂျီမင်းတို့ ပါဝင်သရုပ်ဆောင်ထားတဲ့ မိသားစုဒရာမာ ရုပ်ရှင်ကောင်းလေးကို ဘာသာပြန်ပြီးတင်ဆက်ပေးလိုက်ပါတယ်… အရက်မူးလာတိုင်း ရိုက်နှက်တတ်တဲ့ ဖခင်ဖြစ်သူကြောင့် အမေဖြစ်သူကပါ အိမ်ကထွက်သွားပြီး ငယ်ရွယ်သေးတဲ့ အလယ်တန်းအရွယ်ကတည်းက မိဘမေတ္တာကို မရရှိခဲ့တဲ့ ဂင်ဂျိုဟာ… မိဘမဲ့လို လောကကြီးကိုအရွဲ့တိုက်ရင်း တစ်ယောက်တည်းကြီးပြင်းလာရတဲ့ ဂျိုဟာဟာ လမ်းလွဲမရောက်သွားဘဲ လက်ဝှေ့ချန်ပီယံပါဖြစ်ခဲ့ပေမဲ့ လက်ရှိတော့ လောင်းကြေးအနေနဲ့ လိုက်ထိုးပြီးပဲ ခက်ခဲစွာ စားဝတ်နေရေးကို ဖြေရှင်းနေရပါတယ်… တစ်နေ့တော့ အိမ်ကထွက်သွားတဲ့ အမေဖြစ်သူနဲ့ပြန်တွေ့ပြီး အမေ့ရဲ့ဖိတ်ခေါ်မှုကြောင့် အမေ့အိမ်ပေါ်ကို…

  • Cold Prey III

    Cold Prey III

    Cold Prey III (2010) အရင်တစ်ခါတင်ဆက်ပေးထားတဲ့ နော်ဝေးသာမက ဥရောပရဲ့ခေတ်သစ်ဂန္ဓဝင် Slasher Triology လို့ဆိုကြတဲ့ Cold Prey ရဲ့နောက်ဆုံးကားဖြစ်ပါတယ်။ ဒီဇာတ်ကားကတော့ Prequel ဖြစ်သွားပြီး Mountain man ရဲ့မူလဇစ်မြစ်ဖြစ်တည်ရာကိုတွေ့ကြရမှာပါ။ ၁၉၇၀ ဝန်းကျင် တောင်တန်းတွေပေါ်က Stehøfjell ဆိုတဲ့ ဟိုတယ်ကြီး။ အဲ့ဒီဟိုတယ်ပိုင်ရှင်လင်မယားရဲ့သား၊ ဖခင်ဖြစ်သူရဲ့ရက်ရက်စက်စက်နှိပ်စက်မှုကို ခံနေရတဲ့ ကောင်လေးတစ်ယောက်။ တစ်နေ့မှာတော့ အဲ့ဒီကောင်လေးဟာထူးဆန်းစွာပျောက်ဆုံးသွားခဲ့သလိုသူပျောက်ပြီး နောက်ရက်ပိုင်းအကြာမှာပဲသူ့မိဘတွေပါ ခြေရာလက်ရာမကျန်အောင်ပျောက်သွားတဲ့နောက် အဲ့ဒီဟိုတယ်ဟာ ထိန်းသိမ်းစောင့်ရှောက်မယ့်သူမရှိပဲအစွန့်ပစ်ခံဖြစ်သွားခဲ့ပါတယ်။ နောက်ဆယ်နှစ်အကြာမှာတော့ အဲ့ဒီတောင်ပေါ်က စွန့်ပစ်ဟိုတယ်ကြီးကိုတစ်ဆင့်စကားတစ်ဆင့်နားနဲ့ကြားပြီးလေ့လာဖို့ရောက်လာတဲ့ လူငယ်သူငယ်ချင်းတစ်စုဟာ Mountain man နဲ့ပထမဆုံးတွေ့ဆုံရမယ့် သားကောင်တွေဖြစ်လာတော့မှာပါ။ အရင်ကားတွေရဲ့အရှိန်ကိုလျော့မသွားစေပဲ ဆက်လက်သယ်ဆောင်သွားနိုင်တဲ့ Triology ကိုတစ်ပတ်လည်ပြီးပြည့်စုံသွားစေတဲ့ဇာတ်ကားကောင်းတစ်ကားအဖြစ် အသည်းတယားယားရင်တဖိုဖိုရှုစားရမှာပဲဖြစ်ပါတယ်။

  • Bump: A Christmas Film

    Bump: A Christmas Film

    Bump: A Christmas Film (2025) ခရစ္စမတ်ကာလမှာ အိမ်ထဲမှာ မိသားစုတွေစုပြီး ခရစ္စမတ်ဇာတ်လမ်းတွေကို ကြည့်ရတဲ့ အရသာကို ဘာနဲ့မှ လဲလိုမရပါဘူး။ ငယ်ငယ်လေးကတည်းက Home Alone တိုလို Fun ဖြစ်တဲ့ ဇာတ်လမ်းလေးတွေနဲ့ ကြီးပြင်းခဲ့တဲ့ ကျွန်တော်တိုအဖို ဒီဇာတ်လမ်းလေးက အင်မတန်မှ family vibe အပြည့် ရစေပါတယ်။ ဒီကားလေးက အဓိကပေးတဲ့ Messaage က “တစ်ခါတလေ ဘဝရဲ့ အရေးကြီးဆုံး လက်ဆောင်တွေဆိုတာ အလွယ်တကူ ထုပ်ပိုးထားတာမျိုး မဟုတ်ပါဘူး” တဲ့။ ဇာတ်လမ်းအကျဉ်း ခရစ္စမတ် ဆောင်းတွင်းကာလတစ်ခုဟာ အိုလီ၊ ဆန်တီနဲ့ မိသားစုအတွက် အိမ်ထြမှာတင် စားကြသောက်ကြရင်း ပြီးသွားတဲ့ ခရစ္စမတ်ပွဲမျိုး မဟုတ်ခဲ့ပါဘူး။ သူတိုအားလုံးဟာ အမေကြီး အန်ဂျီနဲ့အတူ ပျော်စရာအချိန်တွေ…