Love U Muddu

Love U Muddu

Love U Muddu (2025) “ချစ်ရပါသော…”

အဖေဖြစ်သူက သုံးမကုန်အောင်ရှာပေးထားပြီး မိန်းမယူ မြေးလေးတွေ မွေးပေးဖို့ပူဆာနေပေမဲ့ကိုယ့်အောင်မြင်မှုကို ကိုယ်တိုင်ပဲရှာမယ်ဆိုပြီး သတင်းထောက်အလုပ်နဲ့အသက်မွေးဝမ်းကျောင်းပြုနေတဲ့ ကာနာ။

အဖေဖြစ်သူစကားနားထောင်ပြီး အိမ်ထောင်ရေးစကားကြောင်းဖို့ အမျိုးသမီးတွေအိမ်ကို လိုက်တော့လိုက်ပေမဲ့အကြောင်းအမျိုးမျိုးပြပြီး ငြင်းခဲ့တဲ့ ကာနာ။

တစ်နေ့မှာတော့ အမေဖြစ်သူရှိရာ ဇာတိမြို့ကလေးဆီ ခရီးထွက်လာခဲ့ရာက ဆရာမလေးဆူမာကိုမြင်မြင်ချင်းချစ်သွားခဲ့တာပေါ့။

ဒါပေမဲ့ ဆူမာက သူ့ကို တွေ့တွေ့ချင်းပဲ ပါးရိုက်လိုက်မိတဲ့အခါ…။

ဘာလို့ ကာနာတစ်ယောက် ပါးရိုက်ခံရတာလဲ။

ဆူမာ့အပေါ် မြင်မြင်ချင်းအချစ်ကရောပျောက်ကွယ်သွားမှာလားဆိုတာ ခံစားကြည့်ရှုကြပါဦး။


Leave a Reply

Your email address will not be published. Required fields are marked *