Bump: A Christmas Film (2025)

ခရစ္စမတ်ကာလမှာ အိမ်ထဲမှာ မိသားစုတွေစုပြီး ခရစ္စမတ်ဇာတ်လမ်းတွေကို ကြည့်ရတဲ့ အရသာကို ဘာနဲ့မှ လဲလိုမရပါဘူး။
ငယ်ငယ်လေးကတည်းက Home Alone တိုလို Fun ဖြစ်တဲ့ ဇာတ်လမ်းလေးတွေနဲ့ ကြီးပြင်းခဲ့တဲ့ ကျွန်တော်တိုအဖို ဒီဇာတ်လမ်းလေးက အင်မတန်မှ family vibe အပြည့် ရစေပါတယ်။
ဒီကားလေးက အဓိကပေးတဲ့ Messaage က “တစ်ခါတလေ ဘဝရဲ့ အရေးကြီးဆုံး လက်ဆောင်တွေဆိုတာ အလွယ်တကူ ထုပ်ပိုးထားတာမျိုး မဟုတ်ပါဘူး” တဲ့။
ဇာတ်လမ်းအကျဉ်း
ခရစ္စမတ် ဆောင်းတွင်းကာလတစ်ခုဟာ အိုလီ၊ ဆန်တီနဲ့ မိသားစုအတွက် အိမ်ထြမှာတင် စားကြသောက်ကြရင်း ပြီးသွားတဲ့ ခရစ္စမတ်ပွဲမျိုး မဟုတ်ခဲ့ပါဘူး။
သူတိုအားလုံးဟာ အမေကြီး အန်ဂျီနဲ့အတူ ပျော်စရာအချိန်တွေ အတူတူ ဖြတ်သန်းနိုင်ဖို နောက်ဆုံးအခွင့်အရေး ဖြစ်နေခဲ့ပါတယ်။
ရူးကြောင်ကြောင်နိုင်ပြီး ချစ််ဖိုကောင်းတဲ့ မိသားစုဝင်အားလုံးဟာ ကိုလံဘီယာ ရိုးရာဓလေ့တွေ ပါဝင်ပြီး နွေးထွေးတဲ့ ခရစ္စမတ်ပွဲတော်ကို ကျင်းပဖို တောင်အမေရိကဆီ ရေကြောင်းစွန့်စားခန်းခရီး ထွက်ခွာလာခဲ့ပါတယ်။
အိုလီနဲ့ ဆန်တီတိုဟာ ကလေးတွေနဲ့အတူ ခရီးသွားရတာမို အခက်အခဲတွေကို ရင်ဆိုင်ရပါတော့တယ်။
ခရီးစဉ်တစ်လျှောက်မှာ အစီအစဉ်တကျဖြစ်နေတဲ့ အရာအားလုံးဟာ ပျက်စီးသွားပြီး ရယ်စရာကောင်းတဲ့ တလွဲဆန်မှုတွေ မျှော်လင့်မထားတဲ့ အချစ်ဇာတ်လမ်းတွေနဲ့ ကြီးမားတဲ့ မိသားစုလျှိဝှက်ချက်တွေ ပေါ်ပေါက်လာပါတော့တယ်။
“တကယ့် အံ့ဖွယ်ခရစ္စမတ်ဆိုတာ ပြီးပြည့်စုံတဲ့ ပွဲလမ်းသဘင်မဟုတ်ပါဘူး။ ခက်ခဲတဲ့ အချိန်တွေမှာတောင် အတူတူရှိနေတဲ့ ချစ်ခြင်းမေတ္တာသာ ဖြစ်ပါတယ်” တဲ့။
မျက်ရည်ဝဲစေမယ့် အခိုက်အတန့်၊ ရယ်မောရမယ့် အခန်း၊ မိသားစုဆိုတာ ဘာလဲဆိုတာကို ဖော်ပြတဲ့ ရုပ်ရှင်ကောင်းအဖြစ် ညွှန်းရင်း…


Leave a Reply